ဩဂုတ် ၃ဝ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ရက် ၁,၀၀ဝ အောက် ( ၃ နှစ် အောက်) ကလေးငယ်များကို လာမည့် အောက်တိုဘာလမှ စတင်၍ ထောက်ပံ့ငွေများပေးသွားမည်ဖြစ် ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။
အဆိုပါ ထောက်ပံ့ကြေးငွေများကို နိုင်ငံတော်၏ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ရက်(၁,ဝဝဝ) အောက် ကလေးငယ်များအား အာဟာရ ပြည့်ဝစေရန် ရည်ရွယ်ပြီး တစ်လလျှင် ၁၅,၀၀ဝ ကျပ် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက “အရွယ်မတိုင်ခင်မှာ သူတို့ရောက်ရှိရမယ့် အလေးချိန်၊ အရပ်ပြီးရင် သူတို့ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု ဒါတွေ ရှိရမယ့်အချိန်မှာ မရှိတဲ့အတွက်ကြောင့် မလို့ ကျနော်တို့က ကလေးတွေကို ပေးတာပေါ့နော်။ ကလေးတွေက ပုံမှန်ကြီးထွားမှု မရှိဘူး ပုညက်ခြင်း ခံစား နေရတဲ့ ကလေးတွေ မရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နိုင်ငံတော်က Social Production မ ဟာဗျူဟာ အရ ဒီစီမံကိန်းကို စတင်အကောင်အထည်ဖော်တာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြော သည်။
ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား ထောက်ပံ့ပေးမည့် အစီအစဉ်များကို ဇွန်၊ ဇူလိုင်လ က တည်းက ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြှုပ်မှုများနှင့် ကြုံတွေ့ ခံ စားရသည့်အတွက် အောက်တိုဘာလမှသာ စတင်ထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး အသေးစိတ် စီမံချက်များ ကို အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီးမှသာ သိရှိရမည်ဖြစ်သည်ဟု ဦးဇော်မင်းက ဆက် ပြောသည်။
၂၀၁၇ ခုနှစ်မှ စတင်၍ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ရခိုင်ပြည်နယ်များတွင် အဆိုပါ ထောက်ပံ့ပေးမှုများ ရှိနေပြီး ယခု ကရင်ပြည်နယ်အပြင် ကယားပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးများ တွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။