ဇူလိုင် ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း ကျေးရွာအုပ်စု (၇)အုပ်စုတွင် ရွှေခရု (Golden Apple Snail)များ ဝင်ရောက်ဖျက်ဆီးသည့် စပါးစိုက်ပျိုးသော လယ်ယာများမှာ ယခုနှစ်တွင် အဆိုးရွားဆုံး အခြေအနေဖြစ်နေကြောင်း ကကတိုက် ကျေးရွာအုပ်ချုပ်ရေးမှူး မန်းမြဝင်းက ပြောသည်။
၂၀၁၅ခုနှစ်မှ စတင်၍ အဆိုပါ ရွှေခရုများသည် လေးအိမ်တန်းကျေးရွာမှ စပြီး စပါးပင်များကို ဝင်ရောက်စား သောက်ကိုက်ဖြတ်ရာမှ ယခုနှစ်တွင် ရွှေလောင်း၊ မရမ်းချောင်၊ ကကတိုက်၊ ပေါက်တိန်း၊ ကျုံကပျင်၊ ကျုံပတီ-ကျုံပတော တိုက်ကလားစသည့် ကျေးရွာအုပ်စု (၇)အုပ်စုများ၏ လယ်ယာများတွင် ပျံ့နှံ့ရောက်ရှိလာခြင်းဖြစ်သည်။
“ခရုဖျက်တာကတော့ ပြောမနေနဲ့။ အရင်နှစ်ကတော့ ရေနက်ကွင်းမှာပဲ ပိုဖြစ်တာ။ ခုတော့ရွာနားက လယ်တွေပါ အကုန်ပဲ။ တစ်ခြားအုပ်စုတော့ ဧကဘယ်လောက်မှန်း မသိဘူး။ ကျုပ်တို့ ကကတိုက်အုပ်စုက ကျေးရွာ(၄) ရွာထဲ တောင် လယ်ဧက ၂,၀၀၀ကျော်ရှိတယ်။ အဲ့မှာ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ခုဆိုရင် ခရုစားတာကုန်ပြီ ။ ဘာမှလုပ် လို့လည်း မရတော့ဘူး”ဟု အုပ်ချုပ်ရေးမှူး မန်းမြဝင်းက ပြောသည်။
အဆိုပါ ကိစ္စကို မြို့နယ်အဆင့် တိုင်းအဆင့် စာတင်ခဲ့ရာ တိုင်းစိုက်ပျိုးရေး၊ မြေစာရင်းနှင့် ဌာနဆိုင်ရာ အဖွဲ့အ စည်းများမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရုစားသော ငါးများကို လာရောက်လွတ်ပေးခြင်းများ ရှိသော်လည်း ယနေ့ထိ ထူးခြားမှု မရှိဘဲ တစ်နှစ်ထက်တစ်နှစ် အခြေအနေမှာ ဆိုးရွားသထက် ဆိုးရွားလာခြင်းဖြစ်သည်ဟု မန်းမြ ဝင်းက ဆက်ပြောသည်။
၎င်းရွှေခရုများကို စပါးမစိုက်ပျိုးမီ အချိန်တွင် တောင်သူလယ်သမားများမှ နှစ်စဉ်နှစ်တိုင်းစုပေါင်းပြီး ကောက်ယူမှုများရှိ သလို စိုက်ပျိုးရေးဌာနမှ ရွှေခရုဆက်လက် မပျံ့ပွားလာစေရန် နည်းပညာများ ဖြန့်ဝေပေးခြင်းအပြင် ငါးဦးစီးဌာနနှင့် ချိတ်ဆက်ကာ ခရုဥ ခရုသားပေါက်များကို ငါးစာအဖြစ် စားသောက်စေရန် ငါးအကောင်ရေ တစ်သိန်းကျော်ကို တစ် နှစ်တစ်ကြိမ် သွားရောက်လွတ်ပေးခြင်းများ ပြုလုပ်သော်လည်း ခရုဖျက်ဆီးမှုမှာ ဆိုးရွားနေဆဲပင်ဖြစ်သည်။
အဆိုပါ ခရုကို မျိုးတုံးပျောက်ကွယ်စေရန် လုပ်ဆောင်နိုင်သည့် အချက်များနှင့်ပတ်သက်ပြီး ဝါးခယ်မမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှူး ဦးချစ်ကိုနိုင်က “ ဘဲလွတ်ပေးမယ်။ ကိုယ့်လယ်ကဇင်းကို ဇကာပိုက်နဲ့ကာမယ်။ ရေအဝင်အထွက်အ ပေါက်တွေကို ယင်းနဲ့ကာပြီးတော့ ဖမ်းပြီးဖျက်ဆီးပစ်မယ်။ ဆေးဖြန်းသင့်တဲ့နေရာ ဆေးဖြန်းမယ်။ လူထုအင်အားနဲ့ စု ပေါင်းပြီးကောက်မယ် ။ စတာတွေလုပ်မယ်ဆိုရင် နည်းနည်းလေး ပိုပြီးလျော့နည်းနိုင်တယ် ” ဟု အကြံပြု ပြောကြား သည်။
၂၀၁၆ ခုနှစ် စာရင်းကောက်ယူမှုအရ ကကတိုက်ကျေးရွာအုပ်စု (၄)ရွာမှ လယ်ဧက ၈၆ဝ ဝင်ရောက် ဖျက်ဆီးခံရပြီး ယခုနှစ်တွင် ကကတိုက်ကျေးရွာအုပ်စုရှိ လယ်ဧက ၂,၀၀ဝ ကျော်မှာ ဆိုးဆိုးရွားရွား ဖျက်ဆီးခံရမှုများဖြစ်ပေါ်နေ သည့်အတွက် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးစရိတ်ဆုံးရှုံး မှုများအပြင် လာမည့်နှစ်စား ဝတ်နေရေးအ တွက် ထိခိုက်လာမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေသည်ဟုလည်း သိရသည်။
ယခု ရွှေခရုကျရောက်သည့် ကျေးရွာ ၁ဝ ရွာကျော်ရှိ တောင်သူ လယ်သမားများမှာ ဆန်စပါးကိုသာ အဓိကအား ထားကာ စိုက်ပျိုးနေသည့် ဒေသတစ်ခုဖြစ်ပြီး စပါးအပြင်အခြားအသီးအနှံများကိုပါ စိုက်ပျိုးနိုင်သည့် နှစ်သီးစား လယ် မြေများလည်းဖြစ်သည်။