Home သတင်း ကရင်လက်နက်ကိုင်အဖွဲ့ပါဝင်သည့် ကျန်းမာ‌ရေးလုပ်သား‌ဆေးမှူး ၃၉ ဦး KDHWမှ ထပ်မံ‌မွေးထုတ်

ကရင်လက်နက်ကိုင်အဖွဲ့ပါဝင်သည့် ကျန်းမာ‌ရေးလုပ်သား‌ဆေးမှူး ၃၉ ဦး KDHWမှ ထပ်မံ‌မွေးထုတ်

2427
Photo_KIC

ဇွန်လ ၁ဝ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHWမှ ဦး‌ဆောင်ဖွင့်လှစ်ပြီး ‌ကေအဲန်ယူ ခရိုင် (၇)ခုအပြင် ကရင်လက်နက်ကိုင်အဖွဲ့ဝင်များအပါအဝင် ကျန်းမာ‌ရေးလုပ်သား‌ဆေးမှူး (၃၉)ဦး တက် ‌ရောက်သည့် (၆) ကြိမ်‌မြောက် ‌ဆေးမှူးသင်တန်း(Medic Training ) ဆင်းပွဲကို ဇွန်လ ၉ ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကျန်းမာ‌ရေးလုပ်သား ‌ဆေးမှူးသင်တန်းကို ကရင်ပြည်နယ်အတွင်း ကျန်းမာ‌ရေးဝန်‌ဆောင်မှု အလှမ်း‌ဝေးသည့် ‌ဒေသသများရှိ ပြည်သူများအား ကျန်းမာ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းများ‌ပေးနိုင်ရန် ရည်ရွယ်ကာ ဗြိတိန်နိုင်ငံသားများဖြင့် ဖွဲ့စည်းထား‌သော Hope 4(for) the World အဖွဲ့၏ ကူညီ‌ထောက်ပံ့မှုဖြင့် တစ်နှစ်နီးပါးကြာ သင်ကြားပို့ချ‌ပေးပြီး‌နောက် ယခုလို သင်တင်းဆင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

KDHW ၏ Medic Training Manager ‌စောဒိုးဒိုက “ကျ‌နော်တို့ ကျန်းမာ‌ရေးအဖွဲ့က ကျန်းမာ‌ရေးလုပ်ငန်းနဲ့ လူနာ‌တွေကို ‌စောင့်‌ရှောက်မှုလုပ်ငန်း‌တွေကို ဆက်လက်လုပ်‌ဆောင်‌နေပါတယ်။ သူတို့ (Hope 4(for) the World ) ဆက်လက်ကူညီတဲ့ အတွက် ဒီလုပ်ငန်းက ဆက်ရှိအုံးမှာ ဖြစ်ပါတယ်။ အရင်က DKBA၊ BGF‌တွေက သူတို့လူ‌တွေကို လွှတ်တာမရှိဘူး။ အခု ကျ‌တော့ ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်မှု‌တွေက များလာတာနဲ့အမျှ ကျ‌နော်တို့ ကိုယ်တိုင် ရပ်တည်နိုင်တယ်။ မြှင့်တင်နိုင် တယ်ဆိုတာ မြင်လာတဲ့အတွက် အခု ကျ‌နော်တို့နဲ့ လာ‌ရောက်ပူး‌ပေါင်း လုပ်‌ဆောင်ကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်းသို ့‌ကေအဲန်ယူ တပ်မဟာ/ခရိုင် (၇)ခုအပြင် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA) နှင့် နယ်ခြား ‌စောင့်တပ်(BGF ) စသည့် ကရင်လက်နက်ကိုင်အဖွဲ့အပါအဝင် နယ်စပ်အ‌ခြေစိုက် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေး လုပ်သားအဖွဲ့-BPHWTနှင့် မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း-BMAတို့မှ သင်တန်းသူ/သား (၃၉)ဦးအား Anatomy (ခန္ဓာ‌ဗေဒ)၊ Physiology(ဇီဝကမ္မ‌ဗေဒ)၊ Disease(အနာ‌ရောဂါဆိုင်ရာ) စသည့်တို့ကို အဆင့် ၃ ခုခွဲပြီး သင်တန်းကာလ ၂၆ ပတ်နှင့် လက်‌တွေ့ကာလ ၁ဝ ပတ် စုစု‌ပေါင်း ၃၆ ပတ်ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။

ယမန်‌နေ့က ပြုလုပ်သည့် သင်တန်းဆင်းပွဲသို့ KDHW ဌာန တာဝန်ခံ ပဒို‌စောအယ်ကလူ‌ရွှေဦး၊ နိုင်ငံခြား သင်တန်းဆရာဝန်များနှင့် နယ်စပ် ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေးသည့် လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်အချို့၊ ဖိတ်ကြားထား‌သော ဧည့်သည်များနှင့် သင်တန်းသူ သင်တန်းသားများ အပါအဝင် စုစု‌ပေါင်း ၁၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ပြီး ပထမအကြိမ် သင်တန်းတွင် တက်‌ရောက်‌အောင်မြင်ပြီး ၎င်းတို့‌ဒေသအတွင်းမှာ ယခုချိန်ထိ အနစ်နာခံကာ ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေး‌နေသည့် ၅ နှစ်အထက် ကျန်းမာ‌ရေးလုပ်သား‌ဆေးမှူးများအား ဂုဏ်ပြုလက်မှတ်များ ‌ပေးအပ်ခဲ့သည်။

ယခု သင်တန်းပြီးဆုံးသွားသည့် ကျန်းမာ‌ရေးလုပ်သား ‌ဆေးမှူးများအ‌နေဖြင့် ၎င်းတို့‌ဒေသအတွင်း ကျန်းမာ‌ရေးလုပ်ငန်း များပြန်လည်လုပ်‌ဆောင်သည့်အခါ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံ‌တွေ့လာနိုင်‌သော်လည်း ၎င်းအခက်အခဲများကို ‌ကျော် ဖြတ်နိုင်ပြီး လူမှုအသိုက်အဝန်းအတွက် မရှိမဖြစ်လိုအပ်‌သော ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းကို ဆက်လက် လုပ် ‌ဆောင်‌စေလို‌ကြောင်း KDHW၏ Medic Training Manager ‌စောဒိုးဒိုက တိုက်တွန်း‌ပြောဆိုသည်။

DKBA ‌ဆေးမှူး ‌စောဆန်းလင်း‌အောင်က “ကျ‌နော် မသိတဲ့ အ‌ကြောင်းအရာ‌တွေကို လာပြီးသင်ယူတာဖြစ်ပါတယ်။ ဒါပြီးရင် ကျ‌နော့်ရဲ့ လူနာ‌တွေကို ပြန်လည်‌စောင့်‌ရှောက်သွားမယ်။ အထူးသဖြင့် အစိုးရ လက်လှမ်းမမှီတဲ့ ‌တော‌တောင်‌ဒေသမှာ ‌နေထိုင်ကြတဲ့ လူနာ‌တွေဟာ ကျန်းမာ‌ရေးလုပ်သား အရမ်းကို လိုအပ်‌နေပါတယ်။ အဲဒါ‌ကြောင့် အဲဒီလူနာ‌တွေကို ကျ‌နော်ပြန်ပြီး အကျိုးပြုသွားမယ်။ ”ဟု ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ လက်‌အောက်ခံဌာနတစ်ခုဖြစ်သည့် (KDHW) ကို ကျန်းမာ‌ရေးပြုစု‌စောင့် ‌ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်ရှိ ‌ကျေးလက်‌ဒေသခံ ပြည်သူလူထုနှင့် ပြည်တွင်း ပုန်း‌ရှောင်စစ်‌ဘေးဒုက္ခသည် များ(IDPs)ကို ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်ရန်အတွက် ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ KDHWက ဦး‌ဆောင်၍ ကျန်းမာ‌ရေးလုပ်သားများအတွက် ‌ဆေးမှူးသင်တန်းများကို ၂၀၁ဝ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ပထမအကြိမ်မှ ယခု (၆)ကြိမ်‌မြောက်အထိ ‌ဆေးမှူး (၁၇၀) ဦးကို ‌မွေးထုတ်‌ပေးနိုင်ခဲ့ပြီးဟု သိရသည်။