Home သတင်း ကရင်စီးပွား‌ရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းမည်

ကရင်စီးပွား‌ရေး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းမည်

2227
Photo_KIC

ဇွန် ၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ကရင်လူငယ် စီးပွား‌ရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ရည်ရွယ်ကာ ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အသင်းကို ဇူလိုင်လအတွင်း ဖွဲ့စည်းသွားမည်ဟု အသင်းဖွဲ့စည်းနိုင်‌ရေးအတွက် ဦး‌ဆောင်လုပ်ကိုင်‌နေသူ ရန်ကုန်တိုင်း‌ဒေသကြီး ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး-၁ ‌စောဘိုဘို‌ဝေ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင်စီးပွား‌ရေးလုပ်ငန်းရှင်များ အသင်းကို တစ်နိုင်ငံလုံးရှိ ကရင် စီးပွား‌ရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ပြီး ကနဦး ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ‌အောင်မြင်‌နေသည့် ကရင်စီးပွား‌ရေး လုပ်ငန်းရှင်များ၊ အ‌သေးစားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ(SME) လုပ်ကိုင်‌နေသည့် ကရင်လူငယ်စီးပွား‌ရေး လုပ်ငန်းရှင် များစု‌ပေါင်းကာ ရန်ကုန်တိုင်း‌ဒေသကြီးတွင် ပထမဦးဆုံး စဖွဲ့သွားမည်ဟု ‌စောဘိုဘို‌ဝေ‌မောင်က ယခုလို‌ပြောသည်။

“ဒီအဖွဲ့ ကြီးထဲမှာ လုပ်ငန်းရှင်ကြီး‌တွေပါမယ်။ လူငယ်လုပ်ငန်းရှင်‌တွေပါမယ်။ ဒီလုပ်ငန်းရှင် နှစ်မျိုးနှစ်စား‌ပေါင်းပြီး‌တော့ ကရင်လူငယ်လုပ်ငန်းရှင်‌တွေ ဖွံ့ဖြိုးတိုးတက်‌အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ ့ ကရင်စီးပွား‌ရေး လုပ်ငန်းရှင် အသင်းဆိုပြီး‌တော့ တစ်နိုင်ငံလုံးဖွဲ့ဖို ့အစီအစဉ်ရှိတယ်။ ပထမဦးဆုံးက‌တော့ ရန်ကုန်မှာရှိတဲ့ ကရင်လုပ်ငန်းရှင်‌တွေကို စုစည်းပြီး‌တော့ ဖွဲ့ဖို့ အစီ အစဉ် ရှိပါတယ်” ဟု ‌ကေအိုင်စီသို့ ဇွန် ၈ ရက်‌နေ့တွင် ‌ပြောသည်။

ကရင်စီးပွား‌ရေးလုပ်ငန်းရှင်အသင်း ဖွဲ့စည်းရာတွင် ဦး‌ဆောင်ပါဝင်နိုင်‌ရေးအတွက် ‌ရေလုပ်ငန်း၊ စိုက်ပျိုး‌ရေး လုပ်ငန်းနှင့် အခြားစီးပွား‌ရေးလုပ်ငန်းများတွင် ‌အောင်မြင်‌နေသည့် ကရင်လုပ်ငန်းရှင်ကြီးများကို လိုက်လံစုစည်း‌နေပြီးဖြစ်ကာ ဇူလိုင်လကုန်ပိုင်းတွင် ဖွဲ့စည်းရန် ရည်ရွယ်ထားသည်ဟု စီစဉ်‌နေသူများက ‌ပြောသည်။

ယခုလို ကရင်စီးပွား‌ရေးလုပ်ငန်းရှင်များအသင်းဖွဲ့စည်းရန် စီစဉ်‌နေမှုအ‌ပေါ် ကရင် အီကို ကုမ္ပဏီ ဒါရိုက်တာ ‌စောဟိုး‌ရှေးက “ ကျ‌နော်တို့ ကုမ္ပဏီကို လာချိတ်ဆက်တာ‌တော့ မရှိ‌သေးဘူး။ ကရင်လုပ်ငန်းရှင် အသင်းဖွဲ့စည်းမှာကို‌တော့ ကျ‌နော် ‌ထောက်ခံတယ်။ လိုလည်း လိုတယ်။ ဥပမာ- ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာနဲ့ ပဲဖြစ်ဖြစ် ကုန်စည်အ‌ရောင်းအဝယ် လုပ်တဲ့ ‌နေရာမှာ အသင်းအဖွဲ့နဲ့ တစ်ဆင့် လုပ်ကိုင်ရင်ပိုအဆင်‌ပြေတယ်”ဟု ဇွန် ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အသင်းဖွဲ့စည်းရန် မြို့နယ်အသီးသီးရှိ ကရင်လုပ်ငန်းရှင်များကို ဆိုင်ရာ ကရင်စာ ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များက ချိတ်ဆက်‌ပေးရန် ဇွန် ၈ ရက်‌နေ့ ည‌နေပိုင်းတွင် အလုံမြို့နယ်၊ ‌အောက် ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄၊ ၉ လွှာ၌ ပြုလုပ်သည့် တိုင်းစာယဉ်အစည်းအ‌ဝေးတွင် ရန်ကုန်တိုင်း ‌ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုး‌ရေရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက တိုက်တွန်း‌ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းရှိ မြိ်ု့နယ်အလိုက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများတွင် စီးပွား‌ရေး ဆပ်‌ကော်မတီများ ဖွဲ့စည်းထားပြီး ကရင်လူငယ်လုပ်ငန်းရှင် အဖွဲ့နှင့် ကရင်စီးပွား‌ရေးလုပ်ငန်းရှင် အသင်းတို့ ‌နောက်ပိုင်းတွင် ချိတ်ဆက်လုပ်ကိုင်သွားရန် ရည်ရွယ်ထားသည်ဟု တိုင်းစာယဉ်တာဝန် ရှိသူများက ‌ပြောသည်။