Home သတင်း ၂၀၁၈ တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်း‌ရော်‌ဒေသ ‌အောင်မြင်မှု အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင်

၂၀၁၈ တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်း‌ရော်‌ဒေသ ‌အောင်မြင်မှု အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင်

2945

ဇွန်လ ၂ ရက်။ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ပညာ‌ရေးဝန်ကြီးဌာနက ယ‌နေ့ (ဇွန် ၂ ရက်)တွင် ထုတ်ပြန်သည့် ၂၀၁၈ တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌အောင်စာရင်းတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသတွင် ‌အောင်မြင်မှု အများဆုံးနှစ်အဖြစ် မှတ်တမ်း ဝင်သွားသည်ဟု ဝင်း‌ရော်‌ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် တံခွန်တိုင် အထက်တန်း‌ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဝင်း‌ရော်‌ဒေသတစ်ခုလုံး ၂၆၆ ‌ယောက်အထိ ‌အောင်မြင်လာတယ်။ တံခွန်တိုင်‌ကျောင်းအ‌နေနဲ့ မနှစ်က ၅၉ ‌ယောက်က‌နေပြီး‌တော့ ဒီနှစ် ၇၁ ‌ယောက်‌အောင်တယ်။ ‌ကျောင်းသမိုင်းတစ်‌လျှောက်မှာ ‌အောင်မြင်သူဦး‌ရေ အများဆုံး နှစ်ဖြစ်တဲ့အပြင် ထူးထူးခြားခြား မြန်မာစာဂုဏ်ထူး ၂ ‌ယောက်ထွက်တယ်” ဟု ဇွန် ၂ ရက်‌နေ့တွင် ‌ကေအိုုင်စီသို့ ‌ပြောသည်။

ဝင်း‌ရော်‌ဒေသတွင် ခလယ်၊ တံခွန်တိုင်၊ ဖားပြ၊ ကျုံခဝန်၊ အနန်းကွင်း၊ ထီမံထို၊ ‌တောင်ဒီး‌ကျောင်းများတွင် စုစု‌ပေါင်း တက္ကသိုလ်ဝင်တန်း‌ဖြေဆိုသူ ၅၆၄ ဦးအနက် ၂၂၆ ဦး‌အောင်မြင်ပြီး ဂုဏ်ထူးဖြင့်‌အောင်မြင်သူ ၆၄ ဦး ရှိ‌ကြောင်း သိရသည်။

တံခွန်တိုင်အထက်တန်း‌ကျောင်းမှ ဝိဇ္ဇာဘာသာတွဲ၊ မြန်မာစာဂုဏ်ထူးဖြင့် ‌အောင်မြင်သူ နန်းအိန်မု‌ဖောင်က “ ဆရာမ‌တွေ သင်ပြမှုအားလုံး ‌သေချာ‌လေ့လာမှတ်သားတယ်‌ပေါ့‌နော်။ မြန်မာစာဂုဏ်ထူးရ‌အောင် အများကြီး ကြိုးစားထားခဲ့တာ‌ပေါ့။ သမီး စစ်ကိုင်းဖွံ့ဖြိုး‌ရေး‌ကျောင်းတက်ချင်တယ်။ သမီးတို့ ‌ဒေသက က‌လေး‌တွေကို ပညာရည်မြင့်မား‌အောင် စာပြန်သင်‌ပေး‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲကို ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၄၂ ခုမှ တက္ကသိုလ်ဝင်တန်း‌ဖြေဆိုသူ ၁၇,၅၉၃ ဦးအနက် ၅,၁၈၂ ဦး ‌အောင်မြင်သလို ကြာအင်းဆိပ်ကြီးမြို့နယ်တွင်မူ တက္ကသိုလ်ဝင်တန်း‌ဖြေဆိုသူ ၁,၆၇၈ ဦးမှာ ‌အောင်မြင်သူ ၆၇၁ ဦးရှိသည်ဟု မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။