Home သတင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်များအတွက် အိမ်အမိုးအကာ ‌ထောက်ပံ့‌ပေးမှုများ လိုအပ်လျက်ရှိ

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်များအတွက် အိမ်အမိုးအကာ ‌ထောက်ပံ့‌ပေးမှုများ လိုအပ်လျက်ရှိ

2538

‌မေလ ၄ ရက်၊ ၂၀၁၈ ခုနှစ် ။ နန့်ဘွားခလိန်

လူဦး‌ရေ ၅ ‌ထောင်‌ကျော် ခိုလှုံ‌နေရဆဲဖြစ်သည့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အတွင်းရှိ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စ ခန်းတွင် မိုးဦးကျကာလအတွင်း စစ်‌ဘေး‌ရှောင်များအတွက် အိမ်အမိုးအကာများ လုံ‌လောက်မှုမရှိ‌သော‌ကြောင့် ကူညီ‌ထောက်ပံ့‌ပေးမှုများ လိုအပ်လျက်ရှိ‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

စစ်‌ဘေး‌ရှောင်များအတွက် မိုးဦးကျကာလ ‌နေအိမ်များကြိုတင်ပြင်ဆင်နိုင်ရန် မြိုင်ကြီးငူ ဆရာ‌တော်ဘုရားမှ အင်ဖက်များ လှူဒါန်း‌ပေးမှု ရှိ‌နေ‌သော်လည်း အချို့အိမ်များအတွက် ရသည့် အင်ဖက်များနှင့် လုံ‌လောက်မှု မရှိသည့်အတွက် အခက်အခဲများ ဖြစ်‌နေ‌ကြောင်း ‌အေးလင်းမြရှင် စစ်‌ရှောင်စခန်းတာဝန်ရှိသူ ‌နော်တင်လှက ‌ပြောသည်။

“ ဆရာ‌တော်က‌တော့ စခန်း ၂ ခုလုံးမှာ လှူဒါန်းမှု‌တွေရှိ‌ပေမယ့် သူတို့‌တွေအတွက် လုံ‌လောက်မှု‌တွေ မရှိ‌သေးဘူး၊ နည်းနည်းတတ်နိုင်တဲ့ သူ‌တွေက‌တော့ ထပ်ဝယ်ထည့်တယ်။ ကျန်တဲ့ မတတ်နိုင်တဲ့အိမ်‌တွေက‌တော့ ဖယိုဖရဲ‌တွေ ဖြစ်‌နေတုန်းဘဲ ” ဟု ‌နော်တင်လှက ‌ပြောသည်။

မြိုင်ကြီးငူဆရာ‌တော်မှ စစ်‌ဘေး‌ရှောင်စခန်းရှိ လင်‌ယောက်ျား အိမ်‌ထောင်ဦးစီး မရှိသည့်အိမ်‌ထောင်စုများအတွက် အိမ်‌ထောင်တစ်စုလျှင် အင်ဖက် ၂၀ဝ စီနှင့် ကျန်ရှိသည့်အိမ်များကို ၁၀ဝ စီ၊ အသီးသီးလှူဒါန်း‌ပေး မှုများရှိ‌သော်လည်း ‌နေအိမ်အတွက် လိုအပ်သည့် အခြားသစ်ဝါးများကို စစ်‌ဘေး‌ရှောင်များကိုယ်တိုင် ရှာ‌ဖွေပြင်ဆင်မှုပြုလုပ်‌နေရ‌ကြောင်း သိရသည်။

စစ်‌ဘေး‌ရှောင်စခန်း ၂ ခုအတွက် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက လှိုင်းဘွဲမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးမှ သုံးလတာ ကာလရိက္ခာပြဿနာ‌ဖြေရှင်းရန် ဆန်အိတ် ၁,၇၆ဝ အိတ်‌ထောက်ပံ့မှုများအပြင် အခြား အလှူရှင်များ၏ လှူဒါန်းမှုများ ‌ကြောင့် ယခုလက်ရှိစား နပ်ရိက္ခာပြဿနာ‌ပြေလည်မှုရှိ‌နေ‌သော်လည်း ဆန်ချက်ရန်အတွက် ထင်းမလုံ‌လောက်သည့် အခက်အခဲများ ရှိ‌နေ‌ကြောင်း စခန်းတာဝန်ရှိ သူများက ‌ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလတွင် အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ် (BGF)ပူး‌ပေါင်းတပ်နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA-ခွဲထွက်အဖွဲ့)တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် မဲ့သ‌ဝေါ‌ဒေသမှ ‌ထောင်နှင့်ချီ‌သော ရွာသားများက မြိုင်ကြီးငူစစ်‌ရှောင်စခန်းသို့ သွား‌ရောက်ခိုလှုံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်‌ဘေး ‌ရှောင်စခန်း နှစ်ခုတွင် အိမ်‌ထောင်စု‌ပေါင်း ၉၃၂ စုနှင့် လူဦး‌ရေ ၅,၄၈ဝ ဦး ခိုလှုံ‌နေရဆဲဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများ ၏ ‌ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

ထို့အတူ ယခုနှစ် မတ်လ ၄ ရက်မှစ၍ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်၊ လယ်မူပ‌လော ‌ဒေသတွင် ‌ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့နှင့် အစိုးရတပ်မ‌တော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း‌ကြောင့် ‌ဒေသခံရွာသား ၂,၃ဝဝ ‌ကျော်မှာ အသက်‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရာမှာ ယခုအချိန်ထိဖြစ်ပြီး လက်ရှိတွင် ‌နေရာထိုင်ခင်း၊ အမိုးအကာ၊ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ‌ကြောင်း ၎င်းတို့အား အကူအညီ‌ပေး‌နေသည့် ကယ်ဆယ်‌ရေးအဖွဲ့များက ‌ပြော သည်။