Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရပ်တန့်‌နေခြင်းကို မလိုလားဟု KNU/KNLA(PC) ‌ပြော

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရပ်တန့်‌နေခြင်းကို မလိုလားဟု KNU/KNLA(PC) ‌ပြော

2759

‌မေ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရပ်တန့်‌နေခြင်းကို မလိုလားဘဲ ငြိမ်းချမ်း‌ရေးရရှိရန်အတွက် ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည်ဟု ကရင်ငြိမ်း ချမ်း‌ရေး‌ကောင်စီ(KNU/ KNLA-PC) က ‌ပြောဆိုလိုက်သည်။

‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး၌ ‌မေ ၁၈ ရက်တွင် ပြုလုပ်သည့် KNU/KNLA(PC)၏ စည်းကမ်းထိန်းသိမ်း‌ရေး‌ကော်မတီနှင့် တပ်ဗိုလ်တပ်မှူးများ အစည်းအ‌ဝေးတွင် တက်‌ရောက်လာ‌သော တပ်ဗိုလ် တပ်မှူးများက ထိုသို့ ထုတ်‌ဖော်‌ပြောကြားလိုက်ခြင်းဖြစ် ‌ကြောင်း တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စော‌ကျော်ညွန့်က ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ငြိမ်းချမ်း‌ရေးညီလာခံလည်း မကျင်းပနိုင်တာ ခုဆို တစ်နှစ်ရှိ‌နေပြီ။ ‌ခေါင်း‌ဆောင်‌တွေ အားလုံးက‌တော့ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ရပ် တန့်‌နေတာမျိုး မဖြစ်‌စေချင်ဘူး‌ပေါ့‌နော်။ တစိုက်မတ်မတ်‌ရှေ့ဆက်သွားတာကိုပဲ လိုချင်ကြပါတယ်”ဟု ၎င်းက ‌ပြောသည်။

ယမန်‌နေ့အစည်းအ‌ဝေးတွင် KNU/KNLA(PC) တပ်ဖွဲ့ဝင်များအ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်(NCA) တွင် ပါဝင်သည့် တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များအ‌ပေါ်တွင် လမ်းညွှန်ထိန်းသိမ်းရမည့် ကိစ္စ ရပ်များကို အဓိကထား ‌ဆွေး‌နွေးသွားခဲ့ကြသည်ဟု KNU/KNLA(PC) တာဝန်ရှိသူများက ‌ပြောသည်။

ထို့အပြင် အစိုးရတပ်မ‌တော်က ဖာပွန်‌ဒေသတွင် လမ်း‌ဖောက်လုပ်ရာမှ ထိ‌တွေ့မှုဖြစ်ပွားသည့် ဖြစ်ရပ်မျိုးကဲ့သို့‌သောကိစ္စများမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအ‌ပေါ်တွင်လည်း ရိုက်ခတ်မှုများရှိပြီး NCA စာချုပ်တွင် ပါရှိ‌သော အချက်အလက်များအ ‌ပေါ်တွင်သာ ‌ရှေ့ဆက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ဗိုလ်မှူးကြီး‌စော‌ကျော်ညွန့်က ‌ပြောဆိုသည်။

ယမန်‌နေ့က ၃လတစ်ကြိမ် ပြုလုပ်‌သော အဆိုပါ ၅ကြိမ်‌မြောက်အစည်းအ‌ဝေးတွင် KNU/KNLA(PC) မှ သက်ဆိုင်ရာ ‌ဒေသအ သီးသီးရှိ စည်းကမ်းထိန်းသိမ်း‌ရေး‌ကော်မတီဝင်များ၊ တပ်မှူးကြီးများ၊ တပ်မှူးတပ်ဗိုလ်များ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

KNU/KNLA(PC)ကို ဗိုလ်မှူးချုပ်‌စောထိန်‌မောင် ဦး‌ဆောင်၍ ပြီးခဲ့သည့်၂၀၀၇ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်ကာ နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့်ဖွံ့ဖြိုး‌ရေး‌ကောင်စီ(န.အ.ဖ) စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်း‌ရေးရယူခဲ့ပြီး လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) ကို လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်း သားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း ၁ဝဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည်။