Home သတင်း ၈ ကြိမ်‌မြောက် ကရင်အ‌ခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်းဆင်းပွဲ ကျင်းပ

၈ ကြိမ်‌မြောက် ကရင်အ‌ခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်းဆင်းပွဲ ကျင်းပ

2268

‌မေ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်-သမိုက်‌ဒေသ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ စု‌ပေါင်းဖွင့်လှစ်သည့် ၈ ကြိမ်‌မြောက် ကရင်အ‌ခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်းဆင်းပွဲကို ဝင်း‌ရော်‌ဒေသ၊ ထွိ‌မောင်ထိုရွာ၌ ‌မေ ၂၃ ရက်(ယ‌နေ့) တွင် ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းကို ‌မေ ၁၅ မှ ၂၃ ရက်‌နေ့အထိ ၉ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် အစိုးရ အ‌ခြေခံပညာ ‌ကျောင်းများ၌ ကရင်စာ အလယ်တန်းအဆင့် သင်ကြားသည့် အချိန်တွင် ဖတ်စာအုပ်နှင့် သင်ကြားမည့် ဆရာများ အဆင်သင့်ဖြစ်‌နေ‌စေ‌ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်‌ကြောင်း သင်တန်းတာဝန်ခံများက ‌ပြော သည်။

သင်တန်းနှင့်ပတ်သက်၍ လက်‌ထောက်သင်တန်းမှူး နန်းဆူ‌ဖော့‌ဖောင်က “ ၈ နှစ်တာ ကာလမှာ စာ‌ပေကို အဓိကထား သင်ကြား‌ပေးတဲ့အတွက် စာ‌ပေမှာ တိုးတက်မှု‌တွေရှိ‌နေပါတယ်။ ဖားအံမြို့မှာလည်း ဒီလို အလယ်တန်းဖတ်စာ သင်တန်းမျိုး ဆင့်ပွားအ‌နေနဲ့ ၂ ကြိမ် ဖွင့်လှစ်ခဲ့ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပြည်နယ်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းမှ ဦး‌ဆောင်ကျင်းပခဲ့သည့် ယခုနှစ် ၄၈ ကြိမ်‌မြောက် စာ/ယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲတွင်လည်း အလယ်တန်းအဆင့် ၅ တန်းဖတ်စာကိုပါ ထည့် သွင်း‌ဖြေဆိုခွင့်‌ပေးခဲ့‌သော‌ကြောင့် ‌အောင်မြင်မှုရှိ‌ကြောင်းလည်း နန်းဆူ‌ဖော့‌ဖောင်က ဆက်‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲသို့ သင်တန်းဦး‌ဆောင် ဆရာ‌တော်များ၊ ‌ဒေသတွင်းတာဝန်ရှိသူများ၊ စာ‌ပေယဉ်‌ကျေးမှု ‌ကော်မတီဝင်များအပါအဝင် စုစု‌ပေါင်း ၃၀ဝ ဦးခန့်တက်‌ရောက်ခဲ့ပြီး ထူးချွန်သင်တန်းသား၊ သင်တန်းသူများကို စာ‌ပေနှင့်ယဉ်‌ကျေးမှု ဆုတံဆိပ်များ ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

ယခုနှစ် ၇၊ ၈ တန်း ပထမဆု ရရှိ်သွားသူ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တမို‌ဝေါင်းရွာမှ နန်းအိန်မု‌ဖေါင်က “ စာသင် ချိန်နည်း‌ပေမယ့်လည်း သူများနားတဲ့အချိန်မှာ စာ‌လေ့လာခဲ့လို့ ဆုရတယ်လို့ ထင်ပါတယ်။ ကိုယ့် စာ‌ပေက ထင် သ‌လောက်မတိုးတက်‌သေးလို့လည်း တိုးတက်‌အောင် တတ်နိုင်တဲ့ဖက်က ကြိုးစားသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါသင်တန်းတွင် ၅၊ ၆ တန်းခွဲနှင့် ၇၊ ၈ တန်းခွဲနှစ်ခုဖွင့်လှစ်ခဲ့ပြီး ယဉ်‌ကျေးမှု ဒုံးအကများ၊ ကရင့်‌ရေးရာနှင့် ဗဟုသုတများကိုလည်း သက်ဆိုင်ရာ ပညာရှင်များက သင်ကြား‌ဟော‌ပြော‌ပေးခဲ့သည်။

သင်တန်းသို့ ကရင်ပြည်နယ်ရှိ ဖားအံ၊ ကြာအင်းဆိပ်ကြီး ၊ လှိုင်းဘွဲ၊ ‌ကော့ကရိတ်မြို့နယ်များ၊ မွန်ပြည်နယ် ကျိုက်မ‌ရော၊ သံဖြူဇရပ်၊ တနသင်္ာရီတိုင်း‌ဒေသကြီးရှိ ပု‌လောမြို့နယ်များမှ သင်တန်းသူ/သား ၁၉၉ ဦးနှင့် သင်တန်းဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင် ဆရာ/ မများ စုစု‌ပေါင်း ၆၄ ဦးခန့်က သင်ကြား‌ပေးခဲ့သည်။

၂၀၁၁ ခုနှစ်မှ စတင်၍ ဝင်း‌ရော်‌ဒေသတွင် နှစ်စဉ်ဖွင့်လှစ်သင်ကြားခဲ့‌သော ကရင်အ‌ခြေခံပညာအလယ်တန်း ဖတ်စာ မိတ်ဆက်သင်တန်းကို ၁ ကြိမ်နှင့် ၂ ကြိမ်‌မြောက်အား ဒိုင်လွတ်-တမို‌ဝေါင်းရွာ၊ ၃ ကြိမ်‌မြောက်အား တွန့်တီး(‌တောင်ဒီး)ရွာ၊ ၄ ကြိမ်မှစ၍ ယခု ၈ ကြိမ်‌မြောက်အထိ ထွိ‌မောင်ထိုရွာ၌ ၅ နှစ် ဆက်တိုက် ဖွင့်လှစ်ခဲ့ သည်။