Home သတင်း ‌မြောင်းမြမြို့နယ်အတွင်းရှိ အစိုးရ‌ကျောင်းများ၌ ဇွန်လတွင် ကရင်စာ စသင်ကြားမည်

‌မြောင်းမြမြို့နယ်အတွင်းရှိ အစိုးရ‌ကျောင်းများ၌ ဇွန်လတွင် ကရင်စာ စသင်ကြားမည်

2909

‌မေလ ၂၃ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်အတွင်းရှိ အစိုးရ အ‌ခြေခံပညာစာသင်‌ကျောင်းများ၌ ၂၀၁၈-၁၉ ပညာသင်နှစ် အတွက် ဇွန် ၁ရက်‌နေ့တွင် ကရင်စာ တပြိုင်နက်တည်း စတင်သင်ကြားမည်ဖြစ်‌ကြောင်း ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ပြောသည်။

၎င်းက “နှစ်တိုင်းက‌တော့ အစိုးရ အ‌ခြေခံပညာစာသင်‌ကျောင်း‌တွေ စဖွင့်တာနဲ့ ကရင်စာ စသင်ဖြစ်တယ်။ ဒီနှစ်လည်း ဇွန်လ ‌ကျောင်းစဖွင့်တာနဲ့ ကရင်စာကို စသင်မယ်။ ဖတ်စာအုပ် သင်ရိုးညွှန်းတမ်းက‌တော့ ‌မေလအကုန်မှာ ရမယ်လို့ ‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလာမည့် စာသင်နှစ်အတွက် ကရင်စာ‌ပေသင်ကြားနိုင်‌ရေးအတွက် တိုင်းပညာ‌ရေးမှူးရုံးမှ တဆင့် မြို့နယ် ပညာ‌ရေးမှူးရုံးမှ ‌ကျောင်းအ‌ရေအတွက်၊ ကရင်‌ကျောင်းသားဦး‌ရေ၊ ကရင်ဆရာ/ဆရာမ စသည့် စာရင်းများကို မတ်လအတွင်းက ‌တောင်းယူခဲ့ပြီး ‌ကျောင်းသားအ‌ရေအတွက်‌ပေါ် မူတည်၍ လိုအပ်သည့် သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်များကိုလည်း ပုံနှိပ်‌နေသည်ဟု ကြားသိရ ‌ကြောင်း မန်းထွန်းလင်းက ဆက်‌ပြောသည်။

လက်ရှိ အစိုးရအ‌ခြေခံ ပညာ‌ကျောင်းများတွင် ပညာ‌ရေးစနစ် ‌ပြောင်းလဲကျင့်သုံး‌နေသကဲ့သို့ ကရင်စာ‌ပေ သင်ရိုးညွှန်းတမ်းကို ‌ပြောင်းလဲ‌နေသည့် ပညာ‌ရေးစနစ်နှင့် လိုက်‌လျောညီ‌ထွေ ‌ရေးဆွဲထားခြင်း ရှိမရှိ မသိရ ‌သေး‌သော်လည်း ယခင်နှစ်က သင်ကြား ခဲ့သည့်အတိုင်း KG တန်း၊ ပထမတန်းနှင့် ဒုတိယတန်း စသည့် အတန်းသုံးတန်းမျှသာ သင်ကြားနိုင်သည့် အ‌ခြေအ‌နေဖြစ် ‌ကြောင်း ကရင်စာ‌ပေအ‌ရေး လှုပ်ရှားသူများက ‌ပြောသည်။

‌မြောင်းမြမြို့နယ်၊ ကဒက်ကွင်း အထက(ခွဲ) ‌ကျောင်း၌ ကရင်စာသင်ကြား‌နေသူ ဆရာမနန့်ဟီဟီက “အရင်တုန်းက‌တော့ တစ်လသုံး‌သောင်းပဲ ‌ပေးတယ်။ အသစ်ဝင်တဲ့သူ‌တွေကို ‌နေ့စားလ‌ပေး ‌ပေးမယ်တဲ့။ အနန့် တို့က‌တော့ ဒီနှစ်အတွက်‌တော့ အတည်ဝန်ထမ်းအဖြစ် ခန့်လိုက်ပြီ။ လစာ ဘယ်‌လောက်ရမလဲ‌တော့ မသိ‌သေးဘူး”ဟု ‌ပြောသည်။

‌မြောင်းမြမြို့နယ်တွင် ၂၀၁၃​-၁၄ ပညာသင်နှစ်မှ စတင်၍ အ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာ‌ပေကို စတင်သင်ကြားခဲ့ခြင်း ဖြစ်ပြီး ယခင်နှစ်တွင် ပိုးကရင်‌ကျေးရွာ ၁၁၈ရွာနှင့် စ‌ကောကရင် ‌ကျေးရွာ ၂၂ရွာများကို ကရင်စာ သင်ကြား‌ပေးခဲ့သည်။

ယခု လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ပိုးကရင်‌ကျေးရွာ ၁၂၈ရွာနှင့် စ‌ကောကရင် ‌ကျေးရွာ ၂၂ရွာများရှိ စုစု‌ပေါင်း စာသင်‌ကျောင်း ၁၅ဝတွင် ကရင်စာ သင်ကြားသွားမည်ဖြစ်‌ကြောင်း သိရသည်။