Home သတင်း ပြည်နယ်အတွင်းရှိ ‌ကျောင်းများအဆင့်တိုးလိုက်သည့်အတွက် ဆရာ ၁,၀၀ဝ ဦး‌ကျော် လိုအပ်‌နေ

ပြည်နယ်အတွင်းရှိ ‌ကျောင်းများအဆင့်တိုးလိုက်သည့်အတွက် ဆရာ ၁,၀၀ဝ ဦး‌ကျော် လိုအပ်‌နေ

2390

‌မေလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်အတွင်းရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်း‌ပေါင်း ၂၆၁ ‌ကျောင်းကို ပညာ‌ရေးဝန်ကြီးဌာနက ယခု‌မေလ အတွင်း အဆင့်တိုးမြင့်လိုက်သည့်အတွက် ဆရာ၊ ဆရာမ ဦး‌ရေ ၁,၀၀ဝ ဦး‌ကျော် လိုအပ်‌နေသည်ဟု ပြည်နယ်ပညာ‌ရေးမှူး ဦးစိုး မြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်အတွင်းရှိ အထက်တန်း‌ကျောင်း ၉ ‌ကျောင်း၊ အထက်တန်းခွဲ ၁ဝ ‌ကျောင်း၊ အလယ်တန်း‌ကျောင်း ၅၃ ‌ကျောင်း၊ အလယ်တန်းခွဲ ၂၁ ‌ကျောင်း၊ မူလတန်းလွန် ၃၁ ‌ကျောင်း၊ မူလတန်း ၉၉ ‌ကျောင်း၊ မူလတန်းခွဲ ၃၈ ‌ကျောင်းတို့ကို ပညာ‌ရေးဝန်ကြီးဌာနက ယခု‌မေလအတွင်း အဆင့်တိုးမြင့်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်နယ် ပညာ‌ရေးမှူး ဦးစိုးမြင့်က “ ‌ကျောင်း‌တွေကို အဆင့်တိုး‌ပေး‌တော့ က‌လေး‌တွေ ပညာဆက်သင် ယူဖို့ အခွင့်အလမ်း‌ပေးတာပါ။ အလယ်တန်း‌ကျောင်းခွဲ‌ပေးလိုက်‌တော့ အထက်တန်းပညာဆက်သင်ကြားနိုင်မဲ့ အခွင့် အလမ်း ရရှိသွားတာ‌ပေါ့။ ‌ကျောင်း‌တွေ အဆင့်တိုး‌တော့ မူလတန်းပြ ၁,၀၀ဝ နီးပါးနဲ ့ အထက်တန်းပြ ၂၀ဝ ‌လောက်လိုအပ်‌နေပါ တယ်။ သင်ကြား‌ရေး မပျက်‌အောင်စီမံရတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌မေ ၂၅ ရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ ပညာ‌ရေး‌ကောလိပ်နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သိပ္ပံ ‌ကျောင်းတို့မှ နှစ်စဉ် ဆရာ၊ ဆရာမ ၆၀ဝ ဦးခန့်‌မွေးထုတ်‌ပေး‌နေပြီး ပြည်နယ်အတွင်း ဆရာလိုအပ်ချက်အတွက် မလုံ‌လောက်သလို ပညာ‌ရေးတက္ကသိုလ်များမှ အထက်တန်းပြဆရာ၊ ဆရာမ ဦး‌ရေ‌မွေးထုတ်‌ပေးမှုနည်းပါး ‌နေသည့်အတွက် အထက်တန်းပြများ လိုအပ်‌နေဦးမည်ဟု ပြည်နယ်ပညာ‌ရေးအသိုင်းအဝိုင်းက သုံးသပ်‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်၊ အံဖကြီးရွာ အ‌ခြေခံပညာအထက်တန်း‌ကျေင်းခွဲမှ ‌ကျောင်းအုပ်ဆရာ ‌စောဟန်‌ဝေလင်း ‌ကျော်က “ ဒီမှာက အထက်တန်းမပြီးပဲ ‌ကျောင်းထွက်တာများတယ်။ ‌ကျောင်းအဆင့်တိုးမြင့်ခံရ‌တော့ သူတို့ ‌တွေ ပညာ‌ရေးဆုံး ခန်းတိုင်‌အောင် သင်ယူနိုင်မဲ့ အခွင့်အ‌ရေး ရသွားမှာ‌ပေါ့။ မနှစ်ကတည်းက ဝန်ထမ်းလိုအပ်‌နေတာ ‌ပေါ့‌နော်။ ဒီနှစ်လည်း အချိန်မှီဝန်ထမ်းမခန့်ထား‌ပေးနိုင်ရင် ဆရာ‌တွေ ငှားရ‌တော့မယ်”ဟု ‌မေ ၂၆ ရက် ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ပြည်နယ်အတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ဆရာ၊ ဆရာမ ဦး‌ရေ ၁,၂၀ဝ ဦးခန် ့လိုအပ်‌နေသည့် အ‌ပေါ် အ‌ခြေခံပညာ ဦးစီးဌာနသို ့ ပြည်နယ်ပညာ‌ရေးဌာနက တင်ပြထားသည်ဟု ပြည်နယ် ပညာ‌ရေးဌာန တာဝန် ရှိသူများထံမှ သိရသည်။ ကရင်ပြည်နယ်အတွင်း အ‌ခြေခံပညာ‌ကျောင်း စုစု‌ပေါင်း ၁,၇၇ဝ ‌ကျောင်းရှိပြီး နှစ်စဉ်ဆရာ၊ ဆရာမလိုအပ်‌နေ ပြီး အချို့ ‌ကျောင်းများတွင် ရွာဆွဲခန့် ဆရာများ အသုံးပြု‌နေရ‌သေးသည်ဟု ‌ဒေသခံများက ‌ပြောသည်။