Home သတင်း ကျန်းမာ‌ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်‌ရေး ငြိမ်းချမ်း‌ရေးရ‌အောင်လုပ်ရန် BMAတိုက်တွန်း

ကျန်းမာ‌ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်‌ရေး ငြိမ်းချမ်း‌ရေးရ‌အောင်လုပ်ရန် BMAတိုက်တွန်း

2314

‌မေလ ၂၈ ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ကျန်းမာ‌ရေး လိုအပ်ချက်များကို ထိ‌ရောက်‌အောင်မြင်စွာ ဖြည့်ဆည်း‌ဆောင်ရွက်နိုင်‌ရေးအတွက် မြန်မာနိုင်ငံအတွင်း ‌ရေ ရှည်တည်တံ့သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိ‌အောင် ကြိုးပမ်းလုပ်‌ဆောင်‌ပေးရန် မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း-BMAက မြန်မာ့နိုင်ငံ‌ရေးတွင် အဓိက ပါဝင်ကြသည့် အဖွဲ့အစည်းများအား တိုက်တွန်း‌ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ‌မေလ ၂၆ ရက်‌နေ့က ပြုလုပ်ခဲ့သည့် BMA ၏ နဝမ အကြိမ်‌မြောက် ညီလာခံအပြီး ‌ကြေညာချက် ထုတ်ကာ ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ တိုက်တွန်းချက်နှင့်ပတ်သက်၍ BMA ဒု-ဥက္ကဌ ဖြစ်သူ ‌ဒေါက်တာမြင့်ချိုက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ BMAရဲ့ ‌မျှော်မှန်းချက်က ကျန်းမာ‌ရေးကို လူ့အခွင့်အ‌ရေးတစ်ခုအဖြစ်နဲ့ ကျန်းမာတဲ့ လူမှုပတ်ဝန်း ကျင် တစ်ရပ်‌ပေါ်ထွန်း‌ရေးဆိုပြီး ချထားတာကိုး။ လူ့အခွင့်အ‌ရေးကိုလည်း အပြည့်အဝ ရရမယ်။ ကျန်းမာတဲ့ လူ့အသိုင်းအဝိုင်း လည်း ဖြစ်ရမယ်ဆို‌တော့ ဒီနှစ်ခုကို အ‌ကောင်အထည်‌ဖော်တဲ့အခါမှာ ဒါကိုအ‌ထောက်အပံ့ဖြစ်မဲ့ ကျ‌နော်တို့ ချမှတ်ထားတဲ့ ကျန်းမာ‌ရေးလုပ်ငန်းစဉ်‌တွေ ‌အောင်မြင်ဖို့က ဒါကို လက်ရှိအ‌နေအထားတိုင်းလုပ်‌နေ‌ပေမဲ့ ငြိမ်းချမ်း‌ရေး မရတဲ့ အခါကျ‌တော့ လုပ်ငန်း‌တွေကို တိုးချဲ့လို့မရဘူး။ ဖြစ်‌နေတဲ့‌ဒေသ‌တွေမှာ တိုက်ပွဲ‌တွေ ဖြစ်‌နေတဲ့အ‌ပေါ် ‌အောင်မြင်‌အောင်လုပ် လို့မရဘူး”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေး ရရှိရန်အတွက် တပ်မ‌တော်အ‌နေဖြင့် တိုက်ပွဲများကိုရပ်ပြီး လက်ရှိ အစိုးရ၊ တိုင်းရင်းသား ‌ခေါင်း‌ဆောင်များအကြား လိုတိုးပို‌လျှော့ညှိနှိုင်း‌ဆွေး‌နွေးမှုအပြင် ပြည်တွင်းရှိ နိုင်ငံ‌ရေး အင်အားစု၊ ပါတီ၊ လူထု၊ လူတန်း စားအားလုံးအ‌နေဖြင့်လည်း အပစ်ခတ်ရပ်စဲမှုနှင့် ငြိမ်းချမ်း‌ရေး ‌ပေါ်‌ပေါက်လာ‌အောင် အကြံ‌ပေး တိုက်တွန်းမှု၊ ‌တောင်းဆိုမှု များလုပ်‌ဆောင်သင့်‌ကြောင်းနှင့် ပါဝင်ပတ်သက်သူများအ‌နေဖြင့်လည်း မိမိကိုယ်ကျိုးစီးပွားထက် ပြည်သူလူထုအတွက် ငြိမ်းချမ်း‌ရေးဖြစ်ရန်လိုအပ်ပြီး ပြည်သူလူထုငြိမ်းချမ်း‌ရေးရရှိရန် ညှိနှိုင်း‌ဆွေး‌နွေးအ‌ဖြေရှာသင့်သည်ဟုလည်း ‌ဒေါက်တာ မြင့်ချိုက ဆက်‌ပြောသည်။

မြန်မာနိုင်ငံတွင် လူထု‌ရွေးချယ်တင်‌မြောက်သည့် အရပ်သားအစိုးရတစ်ရပ်‌ပေါ်‌ပေါက်လာ‌သော်လည်း ပြည်တွင်းငြိမ်းချမ်း ‌ရေး မရရှိ‌သေးသည့်အတွက် BMA အပါအဝင် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် အခြားကျန်းမာ‌ရေး အဖွဲ့အစည်းများအ‌နေဖြင့် လူမျိုးစု တိုင်းရင်းသား‌ဒေသများရှိ ပြည်သူလူထုများ၏ ကျန်းမာ‌ရေး လိုအပ်ချက်များကို ဖြည့်ဆည်းကြိုးပမ်း‌ဆောင်ရွက်ရာတွင် အခက်အခဲမျိုးစုံကြုံ‌တွေ့ရပြီး တိုင်းရင်းသား ပြည်သူလူထု၏ ကျန်းမာ‌ရေးအဆင့်အတန်းလည်း နိမ့်ကျ‌နေဆဲဖြစ်သည်ဟု BMAက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ‌မြောက်ပိုင်း‌ဒေသ ကချင်၊ သျှမ်း(ရှမ်း)ပြည်နယ်အပါအဝင် အပစ်ရပ် လက်မှတ်‌ရေး ထိုးထားဆဲ ကရင်ပြည်နယ်‌ဒေသတို့တွင် တ‌ကျော့ပြန် စစ်‌ရေးတင်းမာမှုနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိ‌နေပြီး ၎င်းပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် ပြည်သူလူထု တစ်‌သောင်း‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း ရန်ကုန်အ‌ခြေစိုက် ဥ‌ရောပသမဂ္ဂသံရုံးက ပြီးခဲ့သည့်အပတ်က သတင်းထုတ်ပြန်ထားသည်။

‌မေလ ၂၅ ရက်မှ ၂၆ရက်‌နေ့အထိ နှစ်ရက်တာပြုလုပ်ခဲ့သည့် BMA၏ ညီလာခံသို့ BMA အဖွဲ့ဝင်များအပြင် ဖိတ် ကြားထား သူများနှင့်‌လေ့လာသူများ စုစု‌ပေါင်း ကိုယ်စားလှယ် (၈၆)ဦးပါဝင်တက်‌ရောက်ခဲ့ပြီး ၎င်းတို့လုပ်‌ဆောင်ခဲ့‌သော လုပ်ငန်းနှင့် ဘဏ္ဍာ‌ရေးအစီရင်ခံများကို ပြန်လည်း‌ဆွေး‌နွေးအတည်ပြုခဲ့သည်။ ထို့‌နောက် လာမည့် ၄ နှစ် (၂၀၁၈-၂၀၂၂) ကာလအ တွင်း ဦးစား‌ပေးအ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်သွားမည့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးအတည်ပြုခဲ့ပြီး ဥက္ကဌ ‌ဒေါက် တာစင်သီယာ‌မောင် ဦး‌ဆောင်‌သော (၁၁)ဦးပါဝင်သည့် အလုပ်အမှု‌ဆောင် ‌ကော်မတီသစ်ကို ညီလာခံမှပြန်လည်‌ရွေး ‌ကောက်တင်‌မြောက်ခဲ့သည်ဟု BMAက ‌ပြောသည်။

နယ်စပ်‌ဒေသရှိ ဒုက္ခသည်များ၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် ပြည်တွင်းဒုက္ခသည်များအကြား ကျန်းမာ‌ရေး ပြုစု‌စောင့် ‌ရှောက်မှုစနစ် တိုးတက်‌ကောင်းမွန်လာ‌စေရန် ရည်ရွယ်၍ မြန်မာ့‌ဆေးပညာရှင်များ ပူး‌ပေါင်းကာ မြန်မာနိုင်ငံ ‌ဆေးပညာရှင် များအသင်း(Burma Medical Association-BMA)ကို ၁၉၉၁ ခုနှစ်တွင် ကရင်ပြည်နယ်အတွင်း တစ်‌နေရာတွင် ဖွဲ့စည်းခဲ့သည်။