Home သတင်း ‌လေပြင်းတိုက်ခတ်မှု‌ကြောင့် ကရင်ပြည်နယ်တွင် ပျက်စီးမှု အ‌မြောက်အများရှိ‌နေ

‌လေပြင်းတိုက်ခတ်မှု‌ကြောင့် ကရင်ပြည်နယ်တွင် ပျက်စီးမှု အ‌မြောက်အများရှိ‌နေ

3451

‌မေ ၃ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်ရှိ ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များတွင် ‌မေ ၂၉ ရက်(ယမန်‌နေ့) မွန်းလွဲပိုင်းအချိန်က ‌လေပြင်း တိုက်ခတ်မှု‌ကြောင့် ထိခိုက်ပျက်စီးမှု အများအပြားရှိ‌နေသည်ဟု ကရင်ပြည်နယ်၊ ‌ဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေး ဦးစီးဌာနမှ သိရသည်။

‌လေပြင်း‌ကြောင့် အဆိုပါ ၂ မြို့နယ်တွင် လူ‌နေအိမ်များ၊ ဓာတ်တိုင်များ၊ ပညာ‌ရေးဝန်ထမ်း‌နေအိမ်၊ စာသင် ‌ကျောင်းဆိုင်းဘုတ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၅ဝ ‌ကျော် ရှိ‌ကြောင်း ပြည်နယ် ‌ဘေးအန္တရာယ် စီမံခန့်ခွဲ‌ရေး ဦးစီးဌာန၏ ‌မေ ၃၀(ယ‌နေ့) စာရင်းအရ သိရသည်။

ပြည်နယ်‌ဘေးအန္တရာယ် စီမံခန့်ခွဲ‌ရေး ဦးစီးဌာန ဦးစီးမှူး ‌ဒေါ်နီနီ‌အောင်က “‌လေပြင်းတိုက်လို့ လမ်း‌ပေါ်မှာ သစ် ပင်လှဲ‌နေတာ‌တွေအိမ်‌ခေါင်မိုး‌ပေါ် ကျိုးကျတာ‌တွေရှိတယ်။ တစ်အိမ်လုံး ပြိုကျပျက်စီးသွားတာ‌တော့မရှိပါဘူး။ ပြန်‌နေလို့ရတယ်‌လေ။ အများစုအမိုးလှန်တာ‌လောက်ပဲဆို‌တော့ ကယ်ဆယ်‌ရေးစခန်းဖွင့်တာမျိုးမရှိပါဘူး။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံနှင့် လှိုင်းဘွဲမြို့နယ်တွင် ပျက်စီးသွား‌သော အိမ်များအတွက် ‌ဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေး ဦးစီးဌာနမှ အိမ်‌ဆောက်ပစ္စည်းနှင့် ၁၁ မျိုးပါ ဆက်စပ်ပစ္စည်းများကို တန်ဖိုးအတိုင်း ‌ငွေ‌ကြေးနှင့် အိမ်‌ဆောက်ပစ္စည်းများ ‌ပေးအပ်ကူညီ‌ပေးသည်ဟုလည်း ‌ဒေါ်နီနီ‌အောင်က ဆက်‌ပြောသည်။

၎င်းမြို့နယ် ၂ မြို့နယ်မှ ‌လေပြင်းတိုက်ခတ်မှုတွင် လူနှင့်တိရိစ္တာန်များ ထိခိုက်‌သေဆုံးမှု မရှိ‌ကြောင်းနှင့် အခြား‌သော မြို့နယ်များမှ ထိခိုက်ပျက်စီးမှုရှိ‌သော်လည်း ပျက်စီးမှုစာရင်း မ‌ရောက်ရှိ‌သေး‌ကြောင်း ‌ဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေး ဦးစီးဌာန တာဝန်ရှိသူများက ‌ပြောသည်။

‌လေပြင်း‌ကြောင့် ‌နေအိမ်ပျက်စီးသွားသည့် ‌ကော့ကရိတ်မြို့နယ်၊ သမိန်ဒွတ်(သမိန့်ဒို)ရွာမှ မန်းမြင့်‌အောင်က “ အိမ်‌ရှေ့တခြမ်းပျက်စီးပြီး ပြန်ပြင်ရင် ရွာအ‌ခြေ‌နေနဲ့ဆို ၂ သိန်း‌ကျော်ကုန်မယ်။ ရွာမှာ‌တော့ ဥယျာဉ်ခြံ‌တွေ ပျက်စီးတာပိုများတယ်။ အစိုးရလာကြည့်တာ‌တော့ မ‌တွေ့ရဘူး။ အစိုးရကို အကူအညီ‌တောင်းခံ တင်ပြ တာလည်း မရှိပါဘူး။” ဟု‌ပြောသည်။

ကရင်ပြည်နယ်တွင် ဧပြီ နှင့်‌မေလအတွင်း ‌လေပြင်းတိုက်ခတ်မှု‌ကြောင့် လူ‌နေအိမ်ပျက်စီးမှုဖြစ်စဉ်များ ၄ ကြိမ်ထက်မနည်းရှိခဲ့‌ကြောင်းလည်း ပြည်နယ်‌ဘေးအန္တရာယ် စီမံခန့်ခွဲ‌ရေး ဦးစီးဌာနတာဝန်ရှိသူများက ‌ပြောသည်။