Home သတင်း ကန်ကြီး‌ဒေါင့်တွင် ကုမုဒြာအ‌ခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပမည်

ကန်ကြီး‌ဒေါင့်တွင် ကုမုဒြာအ‌ခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပမည်

2315

‌မေလ ၃ဝ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ဒေါင့် မြို့နယ် မလဲကူးအ‌နောက်စု‌ကျေးရွာတွင် မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီက ဦး‌ဆောင်ဖွင့်လှစ်သည့် ကုမုဒြာအ‌ခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ် (၂)ကို ဇွန်လ ၂ ရက်၊ နံနက် ၉နာရီတွင် သင်တန်းဆင်းပွဲပြုလုပ်မည်ဖြစ်‌ကြောင်း သိရသည်။

‌ကျေးလက် ‌ဒေသများတွင်ရှိ‌သော ကရင်လူငယ်များ IT‌ခေတ်နှင့်အညီ ကွန်ပျူတာပညာကို အလွယ်တကူသင်ကြား နိုင်ရန် ရည်ရွယ်၍ ကန်ကြီး‌ဒေါင့်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ပြီး ဆရာ‌တော်ဥူးကုမုဒနှင့် ချိတ်ဆက်ကာ ပူး‌ပေါင်း ဖွင့်လှစ်သည့် ၎င်းအ‌ခြေခံကွန်ပျူတာသင်တန်းကို ‌မေလ ၁ ရက်မှ ၃၁ရက်‌နေ့ထိ တစ်လတာ ဖွင့်လှစ်သင်ကြားပို့ချ‌ပေးခြင်းဖြစ်သည်ဟု မြို့နယ်ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းစန်းဝင်းက ‌ပြောသည်။

၎င်းက “ IT‌ခေတ် ဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း အဆင်‌ပြေ‌အောင် အခု‌ခေတ်က ဘာဘဲလုပ်လုပ် ကွန်ပျူတာ တတ်မှဖြစ်‌တော့မယ့် အ‌ခြေအ‌နေဖြစ်တယ်။ ‌တောရွာ‌ဒေသ ‌ခေါင်တဲ့‌ဒေသမှာ‌နေတဲ့ က‌လေး‌တွေက မြို့‌ပေါ် တက်ပြီး‌တော့ ဒီပညာ‌တွေကို သင်ကြားဖို့ ‌ငွေ‌ကြေးအခက်အခဲ‌ကြောင့် သွား‌ရေး၊ လာ‌ရေး အခက်အခဲ‌ကြောင့် စတဲ့ အခက်အခဲအမျိုးမျိုး‌ကြောင့် သင်ဖို့မလွယ်ဘူး‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌ခေတ်သည် IT‌ခေတ် ဖြစ်‌နေသည့်အတွက် မြန်မာနိုင်ငံ အတွင်းရှိ ‌ဒေသအသီးသီးမှ လက်လှမ်းမမှီ နိင်‌သော ကရင်လူငယ်များ နိုင်ငံတကာနှင့် ရင်‌ဘောင်တန်းနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ လွယ်ကူ‌စေရန်အတွက် အ‌ခြေခံကွန်ပျူတာပညာကို သင်ယူတတ်‌မြောက်နိုင်‌စေရန်အတွက် အဖွဲ့အစည်းများမှ ကွန်ပျူတာသင်တန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်‌ပေးရန် ‌မျှော်လင့်‌ကြောင်းလည်း မန်းစန်းဝင်းက ဖြည့်စွက်‌ပြောသည်။

အဆိုပါ သင်တန်းကို ကန်ကြီး‌ဒေါင့်မြို့နယ်အတွင်းရှိ ‌ကျေးရွာ အသီးသီးမှ ကရင်လူငယ် ၃၆ ဦး တက်‌ရောက်ခဲ့ပြီး ကွန် ပျူတာ အ‌ရေအတွက် ၁၉ လုံးဖြင့် တစ်ပတ်လျှင် ၅ရက်၊ တစ်ရက်လျှင် အတန်းချိန် ၂ ချိန်ယူ၍ Microsoft Office Word၊ Excel နှင့် Power Point အသုံးပြုနည်းများကို စာ‌တွေ့၊ လက်‌တွေ့ သင်ကြား‌ပေးပို့ချ‌ပေးခဲ့သည်ဟု သင်တန်းနည်းပြတစ်ဦးဖြစ်သူ ကို‌ဝေယံထွန်းက ‌ပြောသည်။

၎င်းကုမုဒြာအ‌ခြေခံ ကွန်ပျူတာ သင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်း ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဂါ့မိုးမြတ် မြတ်သူ၊ တိုင်းရင်းသား‌ရေးရာဌာနမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဌာန၊ တိုင်းရင်းသား‌ရေးရာ အခွင့်အ‌ရေး ကာကွယ် ‌စောင့်‌ရှောက်‌ရေးဌာန၊ တိုင်းကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ ၊ မြို့နယ် ပညာ‌ရေးမှူး၊ မြို့နယ် အသီးသီးမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများကို ဖိတ်ကြားထားသည်ဟု သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကန်ကြီး‌ဒေါင့်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၏ ကုမုဒြာအ‌ခြေခံကွန်ပျူတာ သင်တန်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ‌မေလကလည်း ပထမအကြိမ် (သင်တန်း အမှတ်စဉ် -၁) ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၄၈ ဦး တက်‌ရောက်ခဲ့သည်။