Home သတင်း ဝင်း‌ရေးမြို့နယ် အတွင်းရှိ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများကို ဥပ‌ဒေ စွမ်းရည်မြှင့် သင်တန်း‌ပေး

ဝင်း‌ရေးမြို့နယ် အတွင်းရှိ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများကို ဥပ‌ဒေ စွမ်းရည်မြှင့် သင်တန်း‌ပေး

2373

‌မေလ ၁၃ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့ နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) အတွင်းရှိ ‌ကျေးရွာအုပ် ချုပ်‌ရေးမှူးများကို ‌ကော်သူး‌လေ တရားမမှုနှင့် ရာဇဝတ်မှုဥပ‌ဒေ လုပ်ထုံးလုပ်နည်းများ ပိုမိုနားလည်ရန် ဥပ‌ဒေ‌ရေးရာ စွမ်းရည်မြှင့်(Legal Capacity Building Training For Community Leaders) သင်တန်းကို ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် ရုံး၌ သုံးရက်ကြာ ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကရင်ဥပ‌ဒေအ‌ထောက်အကူပြုအဖွဲ့မှ အကြံ‌ပေး‌ရှေ့‌နေ ‌နော်လွှဲထူး‌စေးက “ ‌ကျေးရွာလူကြီး‌တွေ ကိုင်တွယ်‌ဖြေရှင်းနိုင်တဲ့ ‌ကော်သူး‌လေ တရားမမှုနဲ့ ရာဇဝတ်မှု ဥပ‌ဒေလုပ်ထုံးလုပ်နည်း‌တွေကို ‌ဆောင်ရွက်တဲ့ ‌နေရာမှာ လမ်းညွှန်ချက်‌တွေသိရှိ‌စေဖို့ ရည်ရွယ်ပြုလုပ်တာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မေ ၈ ရက်မှ ၁ဝ ရက်‌နေ့ထိ သုံးရာကြာ ဖွင့်လှစ်ခဲ့သည့် သင်တန်းသို ့ ဝင်း‌ရေးမြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၅ဝ ‌ကျော်မှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ‌ဒေသခံများအပါအဝင် စုစု‌ပေါင်း ၂ဝဝ ဦးခန့် သင်တန်းတက်‌ရောက် ခဲ့သည်။

အဆိုပါ ဥပ‌ဒေ စွမ်းရည်မြှင့်သင်တန်းတွင် လူထုအတွင်း အငြင်းပွားမှုပြဿနာ‌ဖြေရှင်းနည်း၊ ‌ကော်သူး‌လေ ဥပ‌ဒေ၊ တရားမမှုနှင့် ရာဇဝတ်မှုဥပ‌ဒေ၊ ‌ကျေးရွာလူကြီးများ ကိုင်တွယ်‌ဖြေရှင်းနိုင်သည့် ဥပ‌ဒေလုပ်ထုံး လုပ်နည်းများနှင့် တရားစီရင်‌ရေးမှန်ကန်စွာစီရင်ဆုံးဖြတ်နိုင်ရန် လမ်းညွှန်ချက်များကို သင်ကြားပို့ချခဲ့‌ကြောင်း သင်တန်း တာဝန်ခံများက‌ပြောသည်။

သင်တန်းတက်‌ရောက်လာသူ ခလယ်‌ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူး မန်းဆန်းညွန့်‌မောင်က “ အမှုတစ်ခု ဖြစ်လာ ပြီးဆို ‌အောက်‌ခြေအဆင့်မှာ ဘယ်လိုကိုင်တွယ်‌ဖြေရှင်းရမလဲ၊ တရားရုံး‌ရောက်တဲ့အထိ လမ်းညွှန်မှု‌တွေ ဘယ် လို ‌ဆောင်ရွက်ရတယ်ဆိုတာ ရှင်းပြ‌ပေးတယ်။ ဒီမှာက ‌ရော‌နှောအုပ်ချုပ်တဲ့‌ဒေသဆို‌ပေမဲ့ အမှုကိုင်တွယ်တဲ့ ‌နေရာမှာ ဖိအား‌ပေးတာမရှိပါဘူး။ အမှုအ‌ကြောင်းအရာ‌ပေါ်မူတည်ပြီး အစိုးရ‌ရော၊KNU ဘက်မှာ‌ရော သင့်‌တော် တဲ့ဘက်ကို ‌ပေးတယ်” ဟု ‌မေ ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ဥပ‌ဒေ အ‌ထောက်အကူပြုအဖွဲ့ အ‌နေဖြင့် ၂ဝ၁၇ ခုနှစ်တွင် KNU ထိန်းချုပ်နယ်‌မြေ ခရိုင် ၇ ခု တွင် ခရိုင် အဆင့် ဥပ‌ဒေစွမ်းရည်မြှင့် သင်တန်း‌ပေးခဲ့ပြီး KNU ဒူးပလာယာခရိုင်အတွင်း ကျုံဒိုးမြို့နယ်နှင့် ဝင်း‌ရေးမြို့ နယ်တွင် သင်တန်းဖွင့်လှစ်ခဲ့ပြီး ဖြစ်‌ကြောင်း သိရသည်။