Home သတင်း စီမံကိန်းနှစ်မပြည့်ခင် ‌ကျောက်အကျင်းပြည့်သွားပါက ထွက်‌ပေးရန် ချစ်လင်းမြိုင်ကုမ္ပဏီအား ‌ဒေသခံများ ‌တောင်းဆို

စီမံကိန်းနှစ်မပြည့်ခင် ‌ကျောက်အကျင်းပြည့်သွားပါက ထွက်‌ပေးရန် ချစ်လင်းမြိုင်ကုမ္ပဏီအား ‌ဒေသခံများ ‌တောင်းဆို

2113

‌မေလ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လွန်းည‌တောင်တွင် လုပ်‌ဆောင်‌နေ‌သော ‌ကျောက်ထုတ်လုပ်‌ရေးစီမံကိန်းကို သတ်မှတ်ထားသည့် သက်တမ်းနှစ် မကုန်‌သော်လည်း ‌ကျောက်ထုတ်လုပ်သည့် ‌ကျောက်ကျင်းအ‌ရေအတွက် ပြည့်ပါက စီမံကိန်းရုပ်သိမ်း‌ပေးရန် ချစ်လင်းမြိုင်ကုမ္ပဏီအား လွန်းည‌ဒေသခံရွာသားများက ‌တောင်းဆိုလိုက် သည်။

‌မေလ ၁ ရက်‌နေ့က လွန်းည‌ကျေးရွာ ဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်သည့် ကုမ္ပဏီတာဝန်ရှိသူနှင့် ‌ဒေသခံရွာ သားတို့အကြား ပထမဦးဆုံးအကြိမ်‌တွေ့ဆုံမှုတွင် ချစ်လင်းမြိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကရင် ပြည်နယ်၊ နယ်ခြား‌စောင့်တပ် အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူထံ ‌ဒေသခံများဘက်က ယခုလို
‌တောင်းဆို လိုက်ခြင်းလည်း ဖြစ်သည်။

လွန်းည‌ဒေသခံ‌စောငြိမ်းဖြူက“ကျ‌နော်တို့ ‌ဒေသခံ‌တွေကို‌ပေးမယ့်ရံပုံ‌ငွေ လုံးဝမယူဘူး။ ဒါ‌ပေမယ့် စီမံကိန်းပြည့် ရင်ထွက်‌ပေးပါ။ ‌နောက်တစ်ခုက သူတို့ အဲဒီမှာ ထားပြီးလည်ပတ်ထားတဲ့ အနံ့ဆိုးတဲ့ ကတ္တရာ‌ဖျော်စက် ကို လည်း ရုပ်သိမ်း‌ပေးပါ၊ ပြီးရင်သူတို့စီမံကိန်း‌ကြောင့် ထိခိုက်‌နေတဲ့ ‌ဒေသခံ‌တွေကို ပြန်ကူညီ‌ပေးပါ။ အဲဒါကို ကျ‌နော်တို့ အဓိက ‌တောင်းဆိုတာဖြစ်တယ်”ဟု ‌ပြောသည်။

အဆိုပါ ‌ကျောက်ထုတ်လုပ်သည့် စီမံကိန်း‌ကြောင့် လက်ရှိအချိန်တွင် ‌ဒေသခံများ၏ ကျန်းမာ‌ရေး၊ စားဝတ် ‌နေ‌ရေး၊ ‌နေထိုင်‌ရေးတို့တွင် ခြိမ်း‌ခြောက်မှုများရှိလာမည်ကို စိုးရိမ်သည့်အတွက် ကုမ္ပဏီဘက်မှ ‌ထောက်ပံ့မည့် ရံပုံ‌ငွေကို မယူ‌တော့ဘဲ ‌ကျောက်ထုတ်လုပ်သည့် စီမံကိန်းဖျက်သိမ်း‌ပေးရန် ‌တောင်းဆိုခြင်းဖြစ်သည်ဟုလည်း ‌ဒေသခံများက ‌ပြောဆိုသည်။

လွန်းည‌တောင်‌ကျောက်ထုတ်လုပ်‌ရေးစီမံကိန်းအတွက် ယင်းကုမ္ပဏီအ‌နေဖြင့် အစိုးရထံမှ ၃ နှစ်စီမံကိန်း ခွင့်ပြုချက်ရရှိထားပြီး ‌ကျောက်အကျင်း‌ပေါင်း ၁၃၀,၀၀၀(တစ်သိန်းသုံး‌သောင်း)ကျင်း ထုတ်လုပ်မည်ဖြစ်ကာ ‌ကျောက်ကျင်းတစ်ကျင်းလျှင် ‌ဒေသခံ ရံပုံ‌ငွေအဖြစ် ၂,၀၀ဝ ကျပ်‌ပေးမည်ဖြစ်‌ကြောင်း ကုမ္ပဏီဘက်မှ ထိုသို့‌ပြောဆိုထားမှုများရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ စီမံကိန်းကို ချစ်လင်းမြိုင် တိုယိုတာ ကုမ္ပဏီအ‌နေဖြင့် အစိုးရထံမှ ခွင့်ပြုချက်ရရှိထားသည့်အတွက် လတ်တ‌လောဖြစ်‌ပေါ်‌နေသည့် ကိစ္စများအ‌ပေါ် ကုမ္ပဏီတာဝန်ရှိသူ ဗိုလ်မှူးကြီး‌စောချစ်သူက ယခုလိုတုံ့ပြန် ‌ပြောဆိုသည်။

“‌ဒေသခံမိဘပြည်သူ အကျိုးရှိဖို့ ကျ‌နော်တို့ ချစ်လင်းမြိုင်ကုမ္ပဏီက အစိုးရဆီမှာ ခွင့်ပြုချက်တင်ထားတာ၊ မိဘပြည်သူအတွက် ဆိုးကျိုး ထိခိုက်နစ်နာမှုများစွာရှိလာတဲ့အတွက် သိရ‌တော့ ဒီလိုအခက်အခဲ‌တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျ‌နော်တို့ ချစ်လင်းမြိုင်ကုမ္ပဏီအ‌နေနဲ့ မိဘပြည်သူ သ‌ဘောအတိုင်း မူတည်ပြီး သွားချင်တာ ။ ဒါ‌ပေမယ့် လုပ်‌နေတဲ့အစိုးရစီမံချက်ကို အစိုးရကလုပ်သွားမယ်လို့ ‌ပြောချင်ပါတယ် ” ဟု ‌တွေ့ဆုံပွဲမှာ ‌ဒေသခံလူထုများကို ‌ပြောသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခြင်းမရှိသည့်အ‌ပေါ် လက်မခံနိုင်‌ကြောင်း ‌ဒေသခံများက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်‌နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ထံ ကန့်ကွက်စာ ‌ပေးပို့ထားသည့်ဖြစ်စဉ်များဖြစ်‌ပေါ်ခဲ့‌သေးသည်။

အာရှာဖွံ့ဖြိုး‌ရေးဘဏ်-ADB ၏ ရံပုံ‌ငွေဖြင့် ‌ဖောက်လုပ်သည့် ‌ကော့ကရိတ်-အိန္ဒုအထိ အာရှလမ်း ‌ဖောက်လုပ်ရာ တွင် လိုအပ်သည့် လမ်းခင်း‌ကျောက်ထုတ်လုပ်ခွင့်ကို လွန်းည‌တောင်တွင် ‌ကျောက်ထုတ်ယူရန် အစိုးရမှ ချစ် လင်းမြိုင်တိုယိုတာကုမ္ပဏီထံ ခွင့်ပြုချက် ‌ပေးထား‌သော်လည်း နည်းပညာပိုင်းအရ CRBC (China Road and Bridge Corporation) တရုတ်ကုမ္ပဏီက ထုတ်ယူလုပ်‌ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။