Home သတင်း ထားဝယ်အထူးစီးပွား‌ရေးဇုန် လမ်းမကြီးစီမံကိန်း ဆက်လက်အ‌ကောင်အထည်‌ဖော်မည့်အ‌ပေါ် KNU သ‌ဘောထားထုတ်

ထားဝယ်အထူးစီးပွား‌ရေးဇုန် လမ်းမကြီးစီမံကိန်း ဆက်လက်အ‌ကောင်အထည်‌ဖော်မည့်အ‌ပေါ် KNU သ‌ဘောထားထုတ်

2875

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၃ခုနှစ်က ရပ်ဆိုင်းထားသည့် ထားဝယ်အထူးစီးပွား‌ရေးဇုန်နှင့် ထိုင်းနယ်စပ်ကို ချိတ် ဆက်‌ပေးသည့် နှစ်လမ်းသွားစီးမံကိန်းကို ဆက်လက်အ‌ကောင်အထည်‌ဖော်မည့်အ‌ပေါ် KNU-ကရင်အမျိုးသားအစည်း အရုံးမှ ‌ဖေ‌ဖော်ဝါရီလ(၂)ရက်‌နေ့စွဲပါ သ‌ဘောထားထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်ခဲ့သည်။

ယခင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်‌နေ့က ထိုင်း၊ ဂျပန် နိုင်ငံအစိုးရများနှင့် ပူး‌ပေါင်း၍ စီမံကိန်းကို ပြန်လည် စတင်ရန် နိုင်ငံ‌တော်အစိုးရမှ သတင်းထုတ်ပြန်ထားသည့်အ‌ပေါ် KNU မှ ၎င်းတို့ ထိန်းချုပ်နယ်‌မြေရှိ ထိန်းသိမ်းထား‌သော သဘာဝသစ်‌တောဧရိယာများကို ဖြတ်သန်းသွားမည့် ၎င်းစီမံကိန်းအတွက် ပါဝင်ပတ် သက်သူများအ‌နေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး ပြုလုပ်ရမည့် ၎င်းတို့၏ သ‌ဘောထားများကို ‌ဖော်ပြထားသည်။

နိုင်ငံ‌တော်အစိုးရအ‌နေဖြင့် KNUနှင့် ယခင် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က လက်မှတ် ‌ရေးထိုးထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA)ပါ ပြဌာန်းချက်များအရ လူမှု‌ရေးနှင့်စီးပွား‌ရေးဆိုင်ရာ အ‌ခြေခံဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများကို KNUနှင့် ‌ဆွေး‌နွေးညှိနှိုင်းခြင်းများ ပြုလုပ်ရမည်ဖြစ်သလို စီမံကိန်းကိုအ‌ကောင်အထည်‌ဖော်ရာတွင် ပါဝင်သူများအ‌နေဖြင့် ၎င်းတို့၏ သ‌ဘောထား (၄)ရပ်ကို ပြုလုပ်ရမည်ဟု ထုတ်ပြန်ချက်၌ဆိုထားသည်။

၎င်းသ‌ဘောထား (၄)ရပ်တွင် စီမံကိန်းကို ဆက်လက်အ‌ကောင်အထည်‌ဖော်ရာတွင် ပြည့်စုံလုံ‌လောက်‌သော သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝဆိုင်ရာ ထိခိုက်ပျက်စီးမှု ဆန်းစစ်လွှာ(ESIA)ကို မြန်မာနိုင်ငံ၏ ဥပ‌ဒေ၊ KNU၏ ‌မြေယာ၊ သစ်‌တောမူဝါဒများနှင့် နိုင်ငံတကာစံချိန်စံနှုန်း အတိုင်းလုပ်‌ဆောင်ရန်၊ ‌ဒေသခံများအတွက် ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပြည်နယ်နှင့် ပြည်‌ထောင်စုအကြား အခွန်ဘဏ္ဍာများခွဲ‌ဝေခြင်း၊ ‌ဒေသခံများပါဝင်ခွင့် စသည့် အစီအမံများပါဝင်‌ရေးအတွက် KNUအပါအဝင် သက်ဆိုင်ရာပါဝင်ပတ်သက်သူ များနှင့် ညှိနှိုင်းတိုင်ပင်ကာ သ‌ဘောတူညီချက်ရရှိ‌ရေးကို ဦးစွာ‌ဆောင်ရွက်ရန်ပါရှိသည်။

၎င်းအပြင် စီမံကိန်းအ‌ကောင်အထည်‌ဖော်ရာတွင် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ကြိုတင် အသိ‌ပေးတိုင်ပင်မှုနှင့် လူထုသ‌ဘောထားရယူခြင်း၊ ၎င်းတို့ ဆုံးရှုံးသွား‌သော ‌မြေယာများနှင့် အသက်‌မွေး ဝမ်း‌ကျောင်းအတွက် မျှတ‌သော ‌လျော်‌ကြေးနှင့် အစားထိုး‌မြေယာပြန်ချ‌ပေးခြင်းကို အပြီးသတ်‌ဖြေရှင်း‌ပေးရမည့် အပြင် ‌ဒေသခံများအတွက် ‌ဈေးကွက်‌ပေါ်ထွန်း‌ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအစီအစဉ်များတွက် ‌ထောက်ပံ့ခြင်းများပြုလုပ်ရမည်ဖြစ်ပြီး တည်‌ဆောက်မည့် လမ်းမကြီး၏ ဖွဲ့စည်းတည်‌ဆောက်ပုံနှင့်ဒီဇိုင်း‌ရေးဆွဲ ရာတွင် သစ်‌တော၊ မြစ်‌ချောင်း၊ ဇီဝမျိုးကွဲများ၊ ကရင်လူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးများ၏‌နေထိုင်မှုကိုထိခိုက်ပျက်စီးမှု နည်းပါး‌အောင်ပြုလုပ်ခြင်း အစီအစဉ်များပါဝင်ရမည်ဟု ထိုထုတ်ပြန်ချက်၌ ဆက်လက်‌ဖော်ပြထားသည်။

တာက‌ပေါ လူငယ်အဖွဲ့ အကြံ‌ပေး‌နော်ပီသ‌လောက “ ဒီထုတ်ပြန်ချက်မှာ KNU ရဲ့သ‌ဘောထားက ဘာလဲ ဆိုတာက ရှင်းရှင်းလင်းလင်း ကျမအ‌နေနဲ့ မ‌တွေ့ရဘူးလို့‌တော့ယူဆတယ်။ ကျမမြင်တာက KNUရဲ့ ရပ်တည်ချက်အ‌နေနဲ့ ဒီထက်ပိုပြီး‌တော့ ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် ‌ဖော်ပြသင့်တယ်လို့မြင်တယ်။ ဥပမာ- ဒီစီမံချက်ကို အခုချိန်မှာသူတို့အ‌နေနဲ့ လုပ်‌စေချင်ပြီလား၊ မလုပ်‌စေချင်ဘူးလား။ သ‌ဘောတူလား ၊ မတူဘူးလား။ အဲ့လိုမျိုးကို‌ဖော်ပြ‌ပေးနိုင်မှ ‌ကောင်းမယ်လို‌တော့ ကျမအ‌နေနဲ့‌တော့ သုံးသပ်မိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၀၈ ခုနှစ်က စတင်ခဲ့သည့် ထားဝယ်အထူးစီးပွား‌ရေးဇုန်သည် ထားဝယ်မြို့၏ ‌မြောက်ဘက် ၂ဝ ကီလိုမီတာ အကွာတွင် တည်ရှိပြီး စိုက်ပျိုး‌ရေးအဓိက လုပ်ကိုင်သည့် ဧရိယာ၂၀၄.၅၁ စတုရန်းကီလိုမီတာ အကျယ်အဝန်း ရှိကာ အဆိုပါစီမံကိန်း ‌ကြောင့် ‌မြေယာ‌လျှော်‌ကြေးပြဿနာ၊ အလုပ်သမားပြဿနာများစွာ‌ပေါ်‌ပေါက်ခဲ့ပြီး လက်ရှိ တွင် ၎င်းစီမံကိန်းကိုပြန်စတင်မည်ဆိုပါက ပြဿနာအ‌ဟောင်းများကို ကနဦး‌ဖြေရှင်း‌ပေးရန်လိုအပ်‌ကြောင်း လည်း ‌နော်ပီသ‌လောက အကြံပြု‌ပြောဆိုသည်။

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်‌နေ့တွင် ထားဝယ်အထူးစီးပွား‌ရေးဇုန်၏ အ‌ခြေခံအ‌ဆောက်အအုံများ တည်‌ဆောက်ခြင်း အတွက် ကနဦးလုပ်ငန်းစဉ်များလုပ်ကိုင်ရန် မြန်မာအစိုးရနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ကြား တွင် သ‌ဘောတူနား လည်မှု ဆို်င်ရာ MOU စာချုပ်တစ်ခုကို လက်မှတ်‌ရေးထိုးခဲ့သည်။ ယင်း စာချုပ်အရ စီမံကိန်းဧရိယာ ၇ စတုရန်းကီလိုမီတာထဲမှာ အချိန်၃ နှစ်အတွင်း စီမံကိန်းဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ၆၅ ရာခိုင်နှုန်းအထိ ပြီးစီး ‌အောင်‌ဆောင်ရွက်ရမည်ဖြစ်သည်ဟု စီမံခန့်ခွဲ‌ရေး‌ကော်မတီ ဥက္ကဌ ဦးဟန်စိန်က သတင်းမီဒီယာများကို တရားဝင် ထုတ်‌ဖော် ‌ပြောဆိုထားသည်။