Home သတင်း ၇၁ ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ကျင်းပခဲ့

၇၁ ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ကျင်းပခဲ့

2332

‌ဖော်‌ဖော်ဝါရီ ၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇၁ ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ ဘုရားငါးဆူ‌ကျေးရွာ၌ ကျင်းပပြီးစီးသွားပြီးဖြစ်သည်။

အဆိုပါ မွန်အမျိုးသား‌နေ့ကို မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု၊ အမျိုးသား‌ရေးလက္ခဏာများ မ‌ပျောက်ရ‌အောင် ရည်ရွယ် ကျင်းပရခြင်းဖြစ်သည်ဟု ဝင်း‌ရော်‌ဒေသ တိုက်နယ်(၄) မွန်အမျိုးသားတရားစီရင်‌ရေး (အရပ်ဖက်) ဥက္ကဌ နိုင်ထွန်းလင်းက ယခုလို‌ပြောသည်။

၎င်းက “မွန်အမျိုးသား‌တွေ မ‌ပျောက်ကွယ်ရ‌အောင်ရယ်၊ စာ‌ပေ၊ ယဉ်‌ကျေးမှု‌တွေ လူငယ်‌တွေပိုပြီးသိရှိ‌အောင် ကျင်းပတာပါ။ ‌ဒေသအတွင်း တိုင်းရင်သားအချင်းချင်း ပဋိပက္ခဖြစ်တာ မလိုချင်ဘူး။ ငြိမ်းချမ်း‌ရေးပဲ လိုချင်တယ်” ဟု ‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အခမ်းအနားတွင် မွန်အမျိုးသား‌နေ့ ဗဟို၏ ‌ကြေငြာချက်စာတမ်းဖတ်ခြင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ‌ပေးပို့‌သော သဝဏ်လွှာဖတ်ကြားခြင်းနှင့် မွန်ယဉ်‌ကျေးမှုအကများ ‌ဖျော်‌ဖြေတင်ဆက်ပြီး ‌ကျေးရွာအသီးသီးမှ မွန်တိုင်းရင်း သား ၂ဝဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ ‌မော်လမြိုင်မြို့မှ မိစန္ဓာမိုးက “ ကျမက မွန်လူမျိုးဖြစ်‌ပေမဲ့ မွန်စကား၊ စာ‌ပေ ‌ရေလည်‌အောင်
မ‌ပြောတတ်ဘူး‌ပေါ့‌နော်။ ကိုယ့်စာ‌ပေ၊ ယဉ်‌ကျေးမှု အမျိုးဘာသာ မ‌ပျောက်ပျက်‌အောင် လာတက်ဖြစ်တာပါ။ ကိုယ့်လိုဖြစ်မှာစိုးလို့ က‌လေး‌တွေ ဒီလိုပွဲကျင်းပ‌ပေးတာ အရမ်းဝမ်းသာတယ်” ‌ကေအိုင်စီ သို့‌ပြောသည်။

ထို့အပြင် မွန်အမျိုးသား‌နေ့ အခမ်းအနားတက်‌ရောက်လာသူ ကရင်တိုင်းရင်းသား ‌စောမြဝင်းက တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးအ‌ပေါ် အခြခံကာ အခမ်းအနားအား‌ပေးတက်‌ရောက်ခဲ့ခြင်းဖြစ်သည်ဟု ‌ကေအိုင်စီသို့‌ပြော သည်။

မွန်အမျိုးသား‌နေ့ကို မွန်ဘုရင်သမလနှင့် ဝိမလ ညီ‌နောင် နှစ်ပါးက ဟံသာဝတီမြို့ပြနိုင်ငံ‌တော်ကို စတင် တည်‌ထောင် အုပ်ချုပ်ခဲ့သည့် သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ် တပို့တွဲလဆုတ် (၁) ရက်‌နေ့ကို အစွဲပြုပြီး မွန်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်သည်ဟု သိရသည်။

မွန်အမျိုးသား‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ် ‌နောင်း‌ဒေ့၊ ‌တောင်‌ပေါက်၊ ဘုရားငါးဆူ၊ ဘုရားသုံးဆူးမြို့တွင် အသီးသီးကျင်းပခဲ့ပြီး ဗဟိုအခမ်းအနားကို ကရင်ပြည်နယ် ဇာသပြင်တွင် ကျင်းပသွား‌ကြောင်းသိရသည်။