Home သတင်း လယ်ယာပြဿနာများကို‌ဖြေရှင်းရာတွင် ကြန့်ကြာ‌နေခြင်း‌ကြောင့် ဖားအံတွင် ဆန္ဒ‌ဖော်ထုတ်

လယ်ယာပြဿနာများကို‌ဖြေရှင်းရာတွင် ကြန့်ကြာ‌နေခြင်း‌ကြောင့် ဖားအံတွင် ဆန္ဒ‌ဖော်ထုတ်

2170

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ပြည်နယ်အစိုးရတာဝန်ရှိသူများမှ ကရင်‌တောင်သူလယ်သမားများ၏ လယ်ယာပြဿနာများကို‌ဖြေရှင်းရာတွင် ကြန့်ကြာခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်းများရှိ‌နေခြင်း‌ကြောင့် ၈၈-ကရင်မျိုးဆက်‌ကျောင်းသားများ၏ လူမှုဖွံ့ဖြိုး ‌ရေးအသင်းမှ ဦး‌ဆောင်၍ ဆန္ဒထုတ်‌ဖော်ပွဲတစ်ရပ်ကို ဖားအံမြို့၊ ဗိုလ်ချုပ်‌ကျောက်တိုင်ဝင်းအ‌ရှေ့၌ ဇန်နဝါရီ ၃ဝ ရက်တွင် ပြုလုပ်ခဲ့သည်။

ဦး‌ဆောင်သူ ၈၈-ကရင်မျိုးဆက် ဥက္ကဌ ‌စော‌မောင်ကြီးက ̏လယ်ယာ‌မြေကိစ္စနဲ့ပတ်သက်ပြီး‌တော့ ‌ဒေသခံ လယ် သမား‌တွေရဲ့ အသံကို ခရိုင်အုပ်ချုပ်‌ရေးမှူး‌တွေအ‌နေနဲ့ အ‌ရေးတယူ‌ဆောင်ရွက်‌ပေးခြင်း မရှိတာရယ်၊ နားမ ‌ထောင်ချင်တဲ့ဆန္ဒ ရှိ‌နေတာရယ်‌ကြောင့် ကျ‌နော်တို့က မ‌ကျေနပ်တဲ့အတွက် ဆန္ဒ‌ဖော်ထုတ်ရခြင်း ဖြစ်ပါ တယ်↔ဟု ဆန္ဒပြပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်ပွဲတွင် ဖားအံမြို့‌ပေါ်ရပ်ကွက်များ၊ လှာက‌ဒေါင်၊ ‌ဈေးမသွယ်၊ ‌ကော့ထမလိန်း၊ လှာကမြင်၊ ‌ကော့‌ထော် စသည့်ရွာများအပြင် မွန်ပြည်နယ်ရှိ ကျိုက်မ‌ရောမြို့နယ်နှင့် သထုံမြို့နယ်ရွာများမှ လူဦး‌ရေ ၃ဝ ‌ကျော်မှ ဆန္ဒထုတ်‌ဖော်သည်ကို အစိုးရ၊ ရဲဌာနက အင်အားသုံး တားမြစ်ခဲ့‌ကြောင်းလည်း ‌စော‌မောင်ကြီးမှ ဆက်‌ပြောသည်။

ယင်းဆန္ဒထုတ်‌ဖော်မှုကို အစိုးရ၊ ရဲဌာနက အင်အားသုံး တားမြစ်မှုများလည်းဖြစ်‌ပေါ်ခဲ့ပြီး ယမန်‌နေ့က ဆန္ဒပြပွဲဦး‌ဆောင်သူ‌စော‌မောင်ကြီးကို ၂၀၁၆ ခုနှစ်၊ ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပ‌ဒေ အခန်း ၃ ပုဒ်မ ၄ ပုဒ်မခွဲ(စ)ပါ ‌ဒေသဆိုင်ရာလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထား‌သော စည်းကမ်း အား သ‌ဘောတူလိုက်နာခြင်း မရှိ‌သော‌ကြောင့် ဥပ‌ဒေအရ အ‌ရေးယူ‌ပေးပါရန် ဖားအံမြို့မ ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်သန်းက တိုင်တန်းထား‌ကြောင်းလည်းသိရသည်။

ဆန္ဒထုတ်‌ဖော်မှုပြသသည့်အထဲတွင် ပါဝင်‌သော ‌ဒေသခံများကလည်း မိမိတို့လူအင်အား ၃ဝ ‌ကျော်သာ ရှိ ‌သော်လည်းရဲမှာ ၉ဝ ‌ကျော်ခန့်ရှိ‌သော‌ကြောင့် ဆန္ဒပြသူထက် ၃ ဆအထိဖြစ်‌နေ‌သော နိုင်ထက်စီးနင်းပုံစံမျိုးမှာ မဖြစ်သင့်‌ကြောင်းနှင့် အမှန်တရားအတွက် ဆန္ဒပြရခြင်းဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မြေယာသိမ်းခံထားရသူဖြစ်သည့် ကျိုက်မ‌ရောမြို့နယ်၊ ကျုံကွယ်ရွာမှ နန်းပြည်‌တော်သိန်းက ̏ကျမက ပိုက်ဆံ မရှိတဲ့အတွက်‌ကြောင့် သူတပါးအနိုင်ကျင့်ခံ‌နေရတာကို အ‌ပေါ်ကလူတစ်‌ယောက်မှမသိဘူး။ ဒါ‌ကြောင့် အမှန် တရားအတွက်၊ ကျမတို့ ပိုင်ဆိုင်တဲ့‌မြေ‌တွေပြန်ရဖို့အတွက် ‌မျှော်လင့်ပြီး ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ↔ဟု ‌ပြောသည်။

‌မြေယာပြဿနာဟုဆိုရာတွင် ကရင်ပြည်နယ်အတွင်းရှိပြည်သူများ၏ ဘိုးဘွားပိုင်‌မြေယာများကို တပ်မ‌တော်၊ ဘာသာ‌ရေးအသင်းအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သိမ်းဆည်းခြင်း၊ အချို့‌သော ပြည်သူများ၊ ကုမ္ပ ဏီများမှ အစိုးရ (ရပ်/‌ကျေး)နှင့်ပူး‌ပေါင်းကာ မတရား သိမ်းဆည်းခြင်း စသည့် အငြင်းပွားဖွယ်ရာများ ရှိ‌နေဆဲဖြစ်‌ကြောင်းလည်း ‌စော‌မောင်ကြီးက‌ပြောသည်။

ပြည်နယ်အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်၊ ဇွန် ၁၇ ရက်‌နေ့တွင် ကရင်ပြည်နယ် အစိုးရ၊ လယ်ယာစီမံခန့်ခွဲ မှု‌ကော်မတီက ပြည်နယ်အတွင်း တပ်မ‌တော်၊ အမှတ်(၃၃၈)နှင့် (၃၃၉) ‌ခြေမြန်တပ်ရင်း၊ ပြည်နယ် အကျဉ်း ဦးစီးဌာနနှင့် ယခင် အမှတ်-၂ စက်မှု ဝန်ကြီးဌာနတို့ သိမ်းယူထားသည့် ‌မြေများမှ ‌မြေ ၂၃၂ ဒသမ ၄ ဧကကို လယ်သမားများထံ ယာယီ လုပ်ပိုင်ခွင့် ပြန်‌ပေးခဲ့ဖူး‌သော်လည်း အချို့လယ်‌မြေများမှာ တစ်နှစ်‌ကျော်ကြာထိ လုပ်ပိုင်ခွင့်မရရှိမှုများ ကြုံ‌တွေ့‌နေရဆဲဖြစ်သည်ဟု လယ်သမားများက ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းထား‌သော ၈၈-ကရင်မျိုးဆက်‌ကျောင်းသားများ၏ လူမှုဖွံ့ဖြိုး‌ရေး အသင်းသည် ကရင်နှင့်မွန်ပြည်နယ်ရှိ ကရင်ပြည်သူများ၏ လူမှုဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ကူညီလုပ်‌ဆောင်‌နေပြီး ၂၀၁၇ ခုနှစ် တွင် တရားဝင်အသင်းအဖွဲ့အဖြစ် ရပ်တည်‌နေသည်။