Home သတင်း ကရင့်‌တော်လှန်‌ရေး‌အောင်ပွဲခံ‌ရေးအတွက် လက်တွဲလုပ်‌ဆောင်သွားမည်ဟု နိုင်ငံတကာကရင်အဖွဲ့‌ပြော

ကရင့်‌တော်လှန်‌ရေး‌အောင်ပွဲခံ‌ရေးအတွက် လက်တွဲလုပ်‌ဆောင်သွားမည်ဟု နိုင်ငံတကာကရင်အဖွဲ့‌ပြော

2219

ဇန်နဝါရီ ၃၁ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင့်‌တော်လှန်‌ရေး ‌အောင်ပွဲခံ‌ရေးအတွက် ‌ဆောင်ရွက်ရာတွင် ရပ်တည်မှု ခိုင်မာသည့် ကရင့်‌တော်လှန်‌ရေး သမားများနှင့်အတူ ဟန်ချက်ညီညီ လက်တွဲ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ယ‌နေ့ (ဇန်နဝါရီ ၃၁ ရက်တွင် ) ကျ‌ရောက်သည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသား ‌တော်လှန်‌ရေး‌နေ့အတွက် ထုတ်ပြန်သည့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO၏ သ‌ဘောထားထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

IKO အဖွဲ့ ‌ပြောခွင့်ရသူ မန်း‌အော်လန်းဒိုက “ရပ်တည်မှုမှန်တဲ့၊ ‌တော်လှန်‌ရေးရဲ့ လမ်း‌ကြောင်းမှန်‌ပေါ်မှာ ရပ်တည်တဲ့ ကရင့်‌တော်လှန်‌ရေး ‌ခေါင်း‌ဆောင်များနဲ့ ကျ‌နော်တို့ ရပ်တည်မယ်။ ပြည်သူ‌တွေနဲ့ နိုင်ငံတကာရှိ အယူအဆတူသူ‌တွေနဲ့ လက်တွဲပြီး‌တော့ ‌တော်လှန်‌ရေးလမ်း‌ကြောင်းမှန်ထဲကို ပြန်‌ရောက်ပြီး‌တော့ ‌ကေအဲန် ယူနဲ့ ကရင့်‌တော်လှန်‌ရေးဟာ ‌အောင်ပွဲခံတဲ့အထိ‌ပေါ့‌လေ ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုတာ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ သွား‌နေသည့် အပစ်ရပ်စာချုပ် -NCA လမ်း‌ကြောင်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် တပ်မ‌တော် ကာကွယ် ‌ရေး ဦးစီးချုပ်၏ မူ ၆ ချက်အရ သွားသည့်လမ်းစဉ်သာဖြစ်၍ စစ်မှန်‌သော ငြိမ်းချမ်း‌ရေးရရှိမည်မဟုတ်သည့် အတွက် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များအ‌နေဖြင့် NCA စာချုပ်ကို ပြန်လည်သုံးသပ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အ‌ခြေခံ‌သော မူလ ကရင်အမျိုးသားများ၏ ‌တောင်းဆိုချက်ကို ရရှိရန် စစ်မှန်သည့် ‌တော်လှန်‌ရေး လမ်း‌ကြောင်း‌ပေါ် ပြန်လည်‌လျှောက်လှမ်းသင့်‌ကြောင်းလည်း မန်း‌အော်လန်းဒိုက ဆက်‌ပြောသည်။

IKO အဖွဲ့၏ ထုတ်ပြန်ချက်အရ ကရင့်‌တော်လှန်‌ရေး အစပိုင်းတွင် ကရင်တို့၏ မျိုးချစ်စိတ်နှင့် စည်းလုံးညီ ညွတ်မှုတို့‌ကြောင့် ‌အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ‌တော်လှန်‌ရေး အ‌ခြေခံနယ်‌မြေများလည်းများစွာရှိခဲ့ ‌သော် လည်း ၆၉ နှစ်အကြာတွင် ‌ခေါင်း‌ဆောင်မှုအတွင်း ကိုယ်ကျိုးရှာ အ‌ချောင်သမားဝါဒနှင့် ဂိုဏ်းဂဏဝါဒတို့ အား‌ကောင်းလာခြင်း‌ကြောင့် ကရင့်‌တော်လှန်‌ရေးအား‌ကောင်းလာရမည့်အစား အားနည်းသွားသည်ကို ‌တွေ့မြင်ရကာ ယင်းအားနည်းချက်များကို ရှာ‌ဖွေပြုပြင်ပြီး ၁၉၄၉ (‌တော်လှန်‌ရေး စတင်သည့်နှစ်)ခုနှစ် စိတ်ဓါတ်ကို ပြန်လည်အားသစ်‌လောင်းရန် တိုက်တွန်း‌ကြောင်း ‌ဖော်ပြထားသည်။

၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့အတွက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ မိန့်ခွန်းတွင် “ဤကဲ့သို့ ငြိမ်းချမ်း‌ရေးကို ကြိုးစားတည်‌ဆောက်‌နေကြ‌သော အခါသမယတွင် မယုံသကင်္ာမှုများနှင့် သံသယစိတ်များကို ‌ဖြေ‌လျှော့နိုင်ရန် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု အ ပြင် လူပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား စိုးရိမ်‌ကြောင့်ကြမှုနှင့် အ‌ကြောက်တရားများ ဖြစ်‌ပေါ်လာ‌စေမည့် အ ‌ပြောအဆိုနှင့် လုပ်‌ဆောင်မှုမျိုးကို ‌ရှောင်ရှားကြမည်ဖြစ်သည်။ အ‌ကြောက်တရားများနှင့် စိုးရိမ်‌ကြောင့် ကြမှု များကို ‌တွေ့ဆုံညှိနှိုင်းပြီး အ‌ဖြေရှာရန် လိုအပ်ပါသည်။ အပြန်အလှန် ယုံကြည်မှုများကို တည်‌ဆောက် နိုင်ရန် ရင်းနှီးမှုများကို တည်‌ဆောက်ကြပြီး အပြန်အလှန် နားလည်မှုဖြင့် ပူး‌ပေါင်းလုပ်‌ဆောင်မှုများကို လုပ် ‌ဆောင်တတ်ကြရန် လိုအပ်ပါသည်။”ဟု ‌ပြောဆိုသည်။

ထို့အပြင် မိမိတို့နိုင်ငံ၏ အ‌ခြေအ‌နေနှင့် အုပ်ချုပ်‌ရေး စနစ်များကို ပြုပြင် ‌ပြောင်းလဲ‌စေရန် ‌တွေ့ဆုံ‌ဆွေး‌နွေး ‌ရေးနှင့် ငြိမ်းချမ်း‌သော နည်းလမ်းများဖြင့် ကြိုးပမ်းအားထုတ်‌နေကြ‌သော အခါသမယတွင် မိမိတို့၏ အတ္တ မာန်များနှင့် စိုးရိမ်‌ကြောင့်ကြမှုများကို ‌ဖြေ‌လျှော့ကြရန် လိုအပ်‌ကြောင်းလည်း ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုထားသည်။

IKO အဖွဲ့သည် ကရင်အမျိုးသားတို့၏ တန်ဖိုးကို မြှင့်တင်ရန်၊ ကရင်ဘာသာစကား၊ စာ‌ပေနှင့် ရိုးရာ ယဉ်‌ကျေးမှုတို့ကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန်အပြင် လက်ရှိ ‌ကေအဲန်ယူ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန် ရည်ရွယ်ကာ Asia Pacific Region, European Region နှင့် US/ Canada Region များရှိ နိုင်ငံ‌ပေါင်း ၃၀‌ကျော်မှ ကရင်အဖွဲ့အစည်းများဖြင့် ၂၀၁၃ ခုနှစ်၊ ‌အောက်တိုဘာ လတွင် ဖွဲ့စည်းခဲ့သည်။ ‌ကေအဲန်ယူ၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ‌ထောက်ပြ ‌ဝေဖန်‌သော သ‌ဘောထားထုတ်ပြန်ချက်များ မကြာခဏ လုပ်‌ဆောင်လျက်ရှိသည့်အဖွဲ့ဖြစ်သည်။

ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့-KNDO ကို တရားမဝင် အသင်းအဖြစ် ‌ကြေညာခဲ့ပြီး‌နောက် အစိုးရတပ်နှင့် KNDO တို့အကြား တိုက်ပွဲများ စတင်ဖြစ်‌ပေါ်ပြီး တစ်ပြည်လုံးရှိ ကရင်များက ခုခံ‌တော်လှန်သည့်‌နေ့ကို အစွဲပြု၍ ကရင့်‌တော်လှန်‌ရေး‌နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ ကျ‌ရောက်သည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ ဂုဏ်ပြုအခမ်းအနားကို သက်ဆိုင်ရာ ‌ကေအဲန်ယူ၏ ခရိုင်၊ တပ်မဟာ အသီးသီးနှင့် ပြည်ပ‌ရောက် ကရင်အမျိုးသားအချို့လည်း ဂုဏ်ပြုကျင်းပခဲ့ကြသည်ဟု သိရသည်။

၆၉ နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့အတွက် ‌ကေအဲန်ယူ၏ မဟာမိတ်လည်းဖြစ် NCA ထိုးထားသည့် ရခိုင်ပြည် လွတ်‌မြောက်‌ရေး ပါတီ (ALP)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အပါအဝင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အင်အားစုများလည်း သ ဝဏ်လွှာများ ‌ပေးပို့ခဲ့ကြသည်။