Home သတင်း နယ်စပ်ဒုက္ခသည်များ၏ အ‌ခြေအ‌နေကို အလှူရှင်သုံးနိုင်ငံ သံရုံးတာဝန်ရှိသူများ လာ‌ရောက်‌လေ့လာ

နယ်စပ်ဒုက္ခသည်များ၏ အ‌ခြေအ‌နေကို အလှူရှင်သုံးနိုင်ငံ သံရုံးတာဝန်ရှိသူများ လာ‌ရောက်‌လေ့လာ

2487
သံရုံး တာဝန်ရှိသူများ မယ်လဒုက္ခသည်စခန်းတွင် ‌ရောက်ရှိခဲ့စဉ် ( Photo_ ကရင်အမျိုးသား မီဒီယာ Facebook)

နိုဝင်ဘာ ၁၅ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် နယ်စပ်ရှိ ပြည်တွင်းစစ်‌ရှောင် IDPs များ၏ အ‌ခြေအ‌နေများကို ဩစ‌တြေးလျ၊ အဂင်္လန်၊ က‌နေဒါ သံရုံးတာဝန်ရှိသူများနှင့် ဒုက္ခသည်များကို အကူအညီ‌ပေး‌နေသည့် အလှူရှင်အ ဖွဲ့အစည်းများက ယခုရက်ပိုင်းအတွင်း လာ‌ရောက်‌လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု စခန်း တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ‌လေ့လာ‌ရေး ခရီးစဉ်တွင် နိုဝင်ဘာလ ၁၃ ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ်ရှိ လူဦး‌ရေ ၃‌သောင်း ၉ ‌ထောင်‌ကျော် ခိုလှုံ‌နေသည့် မယ်လဒုက္ခသည်စခန်းကို သွား‌ရောက်‌လေ့လာခဲ့သလို နိုဝင်ဘာ ၁၄ ရက်‌နေ့နံနက်တွင် မဲ‌ဆောက်မြို့ ၊ Centara Mae Sot Hill Resort ၌ ဒုက္ခသည်အ‌ရေးကူညီ ‌ဆောင်ရွက်သူများနှင့် လူမှုအဖွဲ့အစည်းများကို ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများလည်း ပြုလုပ်ခဲ့သည်။

ထိုသို့ ‌တွေ့ဆုံရာတွင် KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ – KNPP တို့မှ လက်ရှိ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ‌နောက်ဆုံးအ‌ခြေအ‌နေများကို လာ‌ရောက်ချပြခဲ့ပြီး နယ်လှည့်‌ကျော ပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ မှ ‌ရေ‌ပေး‌ဝေ‌ရေးနှင့် စားနပ်ရိက္ခာ‌ထောက်ပံ့မှု ၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုအဖွဲ့(KESAN)မှ ‌မြေယာနှင့် လူ‌နေမှုဘဝ၊ ကရင်အမျိုး သမီးအစည်းအရုံး KWO မှ ပြည်တွင်း စစ်‌ရှောင် IDPsများ၏ အ‌ခြေအ‌နေများကို ချပြ‌ဆွေး‌နွေးခဲ့သည်ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးသို့တက်‌ရောက်ခဲ့သူ KWO အတွင်း‌ရေးမှူး (၂) ‌နော်တာမလာ‌စောက “ ကျမက အီတူးထာ့ (IDPs) ရဲ့ ‌နောက်ဆုံးအ‌ခြေအ‌နေကို သွားချပြတယ်။ ကျမတို့ ကရင်အဖွဲ့အစည်း‌တွေက‌တော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ‌ခေါင်းစဉ်အ‌ကြောင်းအရာ‌တွေကို လာ‌ရောက်ချပြတာပဲဖြစ်ပါတယ်။ ‌မေးမြန်းတာ‌တွေ‌တော့ ရှိ‌ပေမယ့် အပြန်အလှန်‌ဆွေး‌နွေးမှု‌တော့မရှိဘူး‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ဒုက္ခသည်များအတွက် ‌ထောက်ပံ့မှု အကူအညီများမှာ နိုင်ငံတကာ သတ်မှတ်စံနှုန်း‌အောက်အထိ ‌လျော့ကျသွားသည့်အ‌ပေါ် ဒုက္ခသည်စခန်းများအတွင်း ကြုံ‌တွေ့‌နေရသည့် အခက်အခဲနှင့် စိန်‌ခေါ်မှုများကို ဒုက္ခသည်အ‌ရေး လုပ်‌ဆောင်‌နေသူ အဖွဲ့အစည်းများက ချပြ‌ဆွေးခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် မယ်လ ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ် ( ၂) ဒုက္ခသည်စခန်းများအပါအဝင် စုစု‌ပေါင်း ဒုက္ခသည်စခန်း ၆ခုတွင် လူဦး‌ရေ (၁ဝဝ,ဝဝဝ)ခန့် ရှိပြီး ၎င်းတို့အား နိုင်ငံတကာ အလှူရှင်များ၏ အလှူ‌ငွေများဖြင့် TBC မှ ကြည့်ရှု ‌စောင့်‌ရှောက်ထားခြင်းဖြစ်သည်။

လက်ရှိ ‌ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ၎င်းသိန်းနှင့်ချီ‌သော ဒုက္ခသည်များအတွက် အကူအညီ‌ပေး‌နေသည့် နိုင်ငံတကာအကူအညီများလည်း ‌လျော့နည်းသထက် ‌လျော့နည်းလာသည့်အ‌ပေါ် ဒုက္ခသည်များ ဆက်လက် ရပ်တည်‌နေထိုင်နိုင်‌ရေးအတွက် အခက်အခဲရှိလာသလုို စခန်းအတွင်း စီမံခန့်ခွဲမှုအပိုင်းတွင်လည်း စိန်‌ခေါ်မှုမျိုးစုံကြုံ‌တွေ့‌နေရသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။