Home သတင်း ထိုင်းတွင် တရားမဝင်အလုပ်သမား ဖမ်းဆီးခြင်း ဥပ‌ဒေ ဆိုင်းငံ့ကာလအတွင်း အမြန်မှတ်ပုံတင်ရန် လို

ထိုင်းတွင် တရားမဝင်အလုပ်သမား ဖမ်းဆီးခြင်း ဥပ‌ဒေ ဆိုင်းငံ့ကာလအတွင်း အမြန်မှတ်ပုံတင်ရန် လို

2889
မဲ‌ဆောက်မြို့ တစ်‌နေရာတွင် အလုပ်လုပ်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ( Photo_Saw Mort)

နိုဝင်ဘာ ၁၆ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောရှား

တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးအ‌ရေးယူမည့် ဥပ‌ဒေပုဒ်မကို ထိုင်းအစိုးရက အချိန် ၃ လ ထပ်မံ ဆိုင်းငံ့ထားသည့် ကာလအတွင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် တရားဝင် အ‌ထောက် အထားများ အမြန်ဆုံး လုပ်‌ဆောင်ကြရန် အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်သူများက တိုက်တွန်း ‌ပြောဆို လိုက်သည်။

ထိုင်းနိုင်ငံ‌ရောက် တရားမဝင် အလုပ်သမားများကို ဖမ်းဆီး နှိမ်နင်းရန် ယခုနှစ် ဇွန်လ ‌ကြေညာချက်ထုတ်ပြန်ခဲ့သည့် BE ၂ဝ၁၇ အလုပ်သမားဥပ‌ဒေကို ၆ လကြာ(ဇူလိုင်မှ ဒီဇင်ဘာလ အထိ) ဆိုင်းငံ့ထားမည်ဟု ထိုင်း အစိုးရက ကနဦး ထုတ်ပြန်ခဲ့ပြီး ထပ်မံ၍ ၂၀၁၈ ခုနှစ် မတ်လ အထိ ထပ်မံ ဆိုင်းငံ့ ထားမည်ဟု နိုဝင်ဘာ ၁ဝ ရက်‌နေ့တွင် ထုတ်ပြန်လိုက်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ အချိန်ရှိပါ‌သေးတယ်ဆို ပြီး ‌သွေး‌အေးမ‌နေသင့်ဘူး။ ကိုယ့်မှာ စာရွက်စာတမ်း အ‌တော်အ တန်ရှိတဲ့ သူ‌တွေကလည်း စာရွက်စာတမ်း အ‌ထောက်အထား‌တွေက စုံရဲ့လား။ ကိုယ်လုပ်‌နေတဲ့ အလုပ်နဲ့ စာရွက် စာတမ်းမှာ ပါတဲ့ အလုပ်က တူရဲ့လား။ အလုပ်က တူပြီ သူ‌ဌေးက တူရဲ့လား။ ကိုယ့်စာရွက် စာတမ်း‌တွေကို ပြန်စစ်‌ဆေးဖို့ ‌ကောင်းတယ်။ ‌နောက် ဘာဆိုဘာမှ မရှိတဲ့သူ‌တွေလည်း မိမိရဲ့ သူ‌ဌေးကို စာရွက်စာတမ်းအ ‌ထောက်အထား သစ်‌တွေလုပ်‌ပေးဖို့၊ အလုပ်သမားရုံး‌တွေမှာ ကြိုတင်အသိ‌ပေးထားဖို့ တွန်းတွန်းတိုက်တိုက် ပူဆာသင့်ပြီး” ဟု JACBA ဥက္ကဌက ‌ပြောသည်။

ယခုလို အလုပ်သမားဥပ‌ဒေကို အချိန်ဆိုင်းငံ့ထားခြင်းသည် ထိုင်းနို်င်ငံတွင် အ‌ထောက်အထားမရှိသည့် (သို့မဟုတ်) အ‌ထောက်အထား မပြည့်စုံသူ နိုင်ငံခြားသားအလုပ်သမားများကို အ‌ထောက် အထားအပြည့်အစုံ ပြုလုပ်ရန်နှင့် အလုပ်ရှင်အမည်မှန်ဖြစ်ရန်၊ အလုပ်ရှင်မှ ကုန်ကျစရိတ်အတွက်ကြိုတင် စိုက်ထုတ် ‌ပေးနိုင်ရန် ရည်ရွယ်ကာ အချိန်ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၂ရက်က ထုတ်ပြန်ခဲ့သည့် BE ၂၀၁၇ ထိုင်းအလုပ်သမားဥပ‌ဒေတွင် အလုပ်သမား ဥပ‌ဒေချိုး ‌ဖောက်ပါက ‌ထောင်ဒဏ် ၅နှစ် အပြင် ဒဏ်‌ငွေ ထိုင်းဘတ်‌ငွေ သိန်းဂဏန်းအထိ‌ပေး ‌ဆောင်ရမည်ဟုပါရှိကာ ယင်းဥပ‌ဒေထုတ်ပြန်ခဲ့ပြီး‌နောက် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်‌ဆောင်ခဲ့ပြီး ‌ထောက်အထားမရှိသည့် မြန်မာ အလုပ်သမားများ အလုံးအရင်း‌နေရပ် ပြန်မှုများ ဖြစ်‌ပေါ်ပြီး‌နောက်ပိုင်း အခုလို ဆိုင်းငံ့ထားခြင်းဖြစ်သည်။

လအဆိုပါ ဆိုင်းငံ့ထား‌သော နိုင်ငံခြားသား အလုပ်သမား ဥပ‌ဒေ ပုဒ်မတို့မှာ တရားမဝင် အလုပ်သမား‌တွေ ကို အ‌ရေးယူခြင်း ဆိုင်ရာပုဒ်မ ၁၀၁၊ ခွင့်ပြုချက်မရှိ သည့် လုပ်ငန်းများတွင် လုပ်‌သော အလုပ်သမားကို ခိုင်း‌စေ ‌နေ‌သော အလုပ်ရှင်များကို အ‌ရေးယူခြင်းဆိုင်ရာ ပုဒ်မ ၁၀၂၊ အ‌ထောက် အထား မရှိသူများကို လက် ခံထား ခြင်းဆိုင်ရာ ဥပ‌ဒေ ပုဒ်မ ၁၂၂၊ ဌာနဆိုင်ရာကို စာဖြင့် အ‌ကြောင်းကြားခြင်းမရှိဘဲ လုပ်ငန်းလုပ် ကိုင်ခြင်း ဆိုင်ရာ ဥပ‌ဒေပုဒ်မ ၁၁၉ တို့ ဖြစ်သည်ဟု သိရသည်။

အလုပ်သမားအ‌ရေးကူညီ‌ဆောင်ရွက်‌နေသည့် KTG -အ‌ထွေ‌ထွေလူမှုကူညီ‌ရေးရုံး မန်‌နေးဂျင်း ဒါရိုက်တာ ကိုသားကြီးက “ထိုင်းအစိုးရက မဖမ်းဘဲနဲ့ လွှတ်ထား‌ပေးတဲ့အချိန်မှာ မိခင်နိုင်ငံကိုပြန်ပြီး မှတ်ပုံတင်မ ရှိရင် အမြန်ဆုံး ပြန်လုပ်ဖို့လိုတယ်။ မှတ်ပုံတင်ရှိမှ ပတ်စပို့စ် လုပ်လို့ရမယ်။ လက်မှတ် မလုပ်ရ‌သေးတဲ့ လူ‌တွေက ထိုင်း-မြန်မာ နှစ်နိုင်ငံ သ‌ဘောတူ စာချွန်လွှာထဲမှာ (MOU) စနစ်တစ်ခုပဲရှိတာ ဖြစ်တဲ့အတွက် MOU နဲ့ပဲ ပြန်လုပ် မယ်ဆိုရင်‌တော့ ပိုပြီးအဆင်‌ပြေလိမ့်မယ်˝ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ MOU စနစ်ဖြင့်မဟုတ်ဘဲ အလုပ်သမားပွဲစားများဖြင့် အလုပ်လုပ်ရန်လာ‌ရောက်သူများအ‌နေဖြင့် လူကုန်ကူးခံရခြင်း၊ လိမ်လည်ခံရခြင်းမျိုးဖြစ်လာနိုင်သည်ဟု ကိုသားကြီးက သတိ‌ပေး‌ပြောဆိုသည်။

ဘန်‌ကောက်မြို့တွင် အိမ်မျက်နှာကျက် တပ်ဆင်‌ရေးအလုပ်လုပ်ကိုင်‌နေသူ‌စောကြည်က ̏ ကျ‌နော် က ခရမ်း‌ရောင် စာအုပ်ကိုင်ထားတယ်။ လာမယ့် မတ်လဆို သက်တမ်းကုန်ပြီ။ ဘယ်လို သက်တမ်းတိုးရမလဲကို သိပ်နား မလည်ဘူး။ သူ‌ဌေးပဲ စီစဉ်‌ပေးတယ်။ အမှန်တိုင်း‌ပြောရရင် ကုန်ကျစရိတ်များတဲ့ ဒီလက်မှတ်ကိစ္စနဲ့ပဲ လုံးလည် လိုက်‌နေ‌တော့ သက်တမ်းတိုးရင်‌ကောင်းမ လား။ ရွာပြန်ပြီး‌တော့ပဲ လုပ်စားရင်‌ကောင်းမလား မသိ‌တော့ပါဘူး။ စဉ်းစား‌နေတုန်းပါဘဲ˝ဟု ‌ပြောသည်။

ထိုင်းနိုင်ငံတစ်နိုင်ငံလုံးတွင် တရားဝင်နှင့် တရားမဝင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ၃သန်း‌ကျော် အလုပ်လုပ်ကိုင်လျှက်ရှိ‌ကြောင်း အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများထံမှ သိရသည်။