Home သတင်း ‌တောင်းဆိုချက် ၃ချက်ဖြင့် အ‌မေရိကန်‌ရောက် ကရင်တိုင်းရင်းသား တစ်‌သောင်းခန့် လွှတ်‌တော်အ‌ဆောက်အဦး‌ရှေ့ ဆန္ဒထုတ်‌ဖော်ခဲ့

‌တောင်းဆိုချက် ၃ချက်ဖြင့် အ‌မေရိကန်‌ရောက် ကရင်တိုင်းရင်းသား တစ်‌သောင်းခန့် လွှတ်‌တော်အ‌ဆောက်အဦး‌ရှေ့ ဆန္ဒထုတ်‌ဖော်ခဲ့

2397

နိုဝင်ဘာ ၇ရက်၊ ၂၀၁၇ခုနှစ်။ ‌စောသိန်းမြင့်

တိုင်းရင်းသားလူမျိုးများအ‌ပေါ် မြန်မာ့တပ်မ‌တော်က လူမျိုးတုံးသတ်ဖြတ်မှုများကို အ‌မေရိကန် အစိုးရအ‌နေဖြင့် ကာကွယ်‌ပေး ရန် စသည့် ‌တောင်းဆိုချက် ပါဝင်‌သော ဆန္ဒထုတ်‌ဖော်မှု အစီအစဉ်တစ်ခုကို အ‌မေရိကန်နိုင်ငံ‌ရောက် ကရင်တိုင်းရင်းသားလူမျိုး တစ်‌သောင်းခန့် အ‌မေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ အ‌မေရိကန်ကွန်ဂရက် ‌အောက်လွှတ်‌တော် အ‌ဆောက်အဦး‌ရှေ့တွင် နိုဝင်ဘာ လ ၆ရက်(ယမန်‌နေ့)က ပြုလုပ်ခဲ့ကြသည်။

အ‌မေရိကန်ကရင်အဖွဲ့အစည်း-Karen Organization of the United States of America (KOUSA)က ဦး‌ဆောင်ကာ အ‌မေရိ ကန်နိုင်ငံ၊ ပြည်နယ် ၃ဝ‌ကျော်မှ ကရင်တိုင်းရင်းသားများ၊ က‌နေဒါနိုင်ငံရှိ ကရင်တိုင်းရင်းသားများ အပါအဝင် အခြားမြန်မာနိုင်ငံ ဖွား တိုင်းရင်းသားလူမျိုးစုများက စု‌ပေါင်းကာ ထို‌နေ့နံနက် ၁ဝနာရီမှ မွန်းလွဲပိုင်းအထိ ‌အေးချမ်းစွာ ဆန္ဒထုတ်‌ဖော်ကာ ‌တောင်း ဆိုခဲ့ကြခြင်းဖြစ်သည်ဟု ဦး‌ဆောင်ပါဝင်သူများက ‌ပြောသည်။

မြန်မာ့တပ်မ‌တော်သည် တိုင်းရင်းသားလူမျိုးစုများအား လူမျိုးတုံး သတ်ဖြတ်မှု လုပ်‌ဆောင်‌နေခြင်းအား ရပ်တန့်‌ပေးရန်၊ စစ်မှန် သည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) ဖြစ်လာ‌စေ‌ရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စု ဖြစ်‌ပေါ်လာ‌ရေးအတွက် စီးပွား‌ရေးဒဏ်ခတ် အ‌ရေးယူမှုကို ပြန်လည်လုပ်‌ဆောင်ရန်နှင့် တပ်မ‌တော်အား လက်နက်နှင့် စစ်ပစ္စည်းအသုံးအ‌ဆောင်များ ‌ရောင်းချ‌ပေး‌နေခြင်းအား ရပ်တန့်‌ပေးရန် စသည့်‌တောင်းဆိုချက် သုံးချက်ကို အ‌ခြေခံ၍ ပိုစတာများကိုင်‌ဆောင်ကာ အ‌မေရိကန် အစိုးရကို ‌တောင်းဆိုသွားခဲ့သည်ဟု သိရသည်။

ထိုဆန္ဒထုတ်‌ဖော်မှုအတွင်း ‌ဟော‌ပြောပွဲအစီအစဉ်နှင့် ကရင်ရိုးရာဒုံးအကအစီအစဉ်များ ပြုလုပ်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ၎င်းအစီ အစဉ်ကို ဦး‌ဆောင်သူအချို့က အ‌မေရိကန်အစိုးရ တာဝန်ရှိသူများနှင့် ကွန်ဂရက်လွှတ်‌တော်ရုံးတွင် သွား‌ရောက်‌တွေ့ဆုံခဲ့ပြီး ‌တောင်းဆိုအချက်များကို ထိထိ‌ရောက်‌ရောက် ချပြ‌ဆွေး‌နွေးနိုင်ခဲ့သည်ဟု ၎င်းဆန္ဒထုတ်‌ဖော်ပွဲကို ဦး‌ဆောင်သူများအနက်တစ်ဦး ဖြစ်သူ Mr. Kevin LaChapelle က သူ၏ ‌ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

၎င်းက “ကရင်လူမျိုး‌တွေ ဒါကို ‌ကောင်း‌ကောင်းလုပ်နိုင်ခဲ့ပါတယ်။ အစည်းအ‌ဝေးမှာ ထိထိ‌ရောက်‌ရောက် ‌ဆွေး‌နွေးနိုင်ခဲ့လို့ အစိုး ရက ကျ‌နော်တို့နဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ သ‌ဘောတူညီမှု ရရှိခဲ့တယ်။ မြန်မာပြည်အ‌ပေါ် ပြင်းထန်တဲ့ စီးပွား‌ရေးပိတ်ဆို့မှုကို ပြန် လည် လုပ်‌ဆောင်နိုင်ဖို့အတွက် ဒီတင်ပြချက်‌တွေဟာ ကွန်ဂရက်ကို ယူ‌ဆောင်သွားပြီး‌တော့ ‌ဆွေး‌နွေးသွားဖို့ရှိတယ်။ ကျ‌နော့်အ ‌နေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ကရင်မျိုးဆက်သစ်လူငယ်‌တွေ အကုန်လုံး လာ‌ရောက်စုုရုံး‌တော့ မယုံကြည်နိုင်စရာ အခိုက်အ တန့်‌လေးတစ်ခုပါ။”ဟု သူ၏ ‌ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာတွင် ‌ပြောဆိုထားသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုမှုတွင် အမှားအယွင်း၊ အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ ‌အောင်မြင်စွာ ပြီးစီးသွားသည့်အတွက် ကရင်လူမျိုးများ၏ ပြုမူ‌ဆောင်ရွက်ချက်များမှာ အံ့ဩစရာ‌ကောင်းလွန်းသည်ဟု Mr. Kevin LaChapelle က ထပ်မံ မှတ်ချက်ပြု ‌ပြောဆိုသည်။

အ‌မေရိကန်နိုင်ငံ၊ ဘတ်ဖလိုးမြို့ရှိ ကရင်အမျိုးသား ‌စော‌လောအယ်စိုးက “ကျ‌နော်တို့ ကရင်တိုင်းရင်းသား‌တွေအ‌နေနဲ့ မြန်မာ ပြည်ထဲက လတ်တ‌လော အ‌ခြေအ‌နေ‌တွေအ‌ပေါ် ဒီတိုင်း ‌နေသွားတာထက် အခုလို လုပ်‌ဆောင်လိုက်ခြင်းက လုပ်သင့်လုပ် ထိုက်တဲ့ ‌ဆောင်ရွက်ချက်တစ်ခုလို့‌တော့ မြင်ပါတယ်”ဟု ၎င်း၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဆန္ဒထုတ်‌ဖော်မှု အစီအစဉ်နှင့် တဆက်တည်းတွင် အ‌မေရိကန်နိုင်ငံအလယ်ပိုင်းရှိ (Nebreska)ပြည်နယ်တွင်လည်း ကရင် တိုင်းရင်းသား စုစု‌ပေါင်း ၄ဝဝ‌ကျော် စု‌ပေါင်း ဆန္ဒထုတ်‌ဖော်မှုများ ပြုလုပ်ခဲ့သလို နယ်စပ်‌ဒေသရှိ ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက် အကူပြုကွန်ရက်(KPSN)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် အီတူးထာ့ IDPs ပံ့ပိုး‌ရေး‌ကော်မတီ (ETT Supporting Committee)တို့ကလည်း အ‌မေရိကန်‌ရောက် ကရင်တိုင်းရင်းသားများ၏ ဆန္ဒထုတ်‌ဖော်ပွဲအား ‌ထောက်ခံကြိုဆို‌ကြောင်း နိုဝင် ဘာလ ၆ရက် ‌နေ့စွဲဖြင့်ပင် ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယမန်နှစ် ၂၀၁၆၊ နိုဝင်ဘာလ ၁၁ရက်‌နေ့ကလည်း အ‌မေရိကန်‌ရောက် ကရင်လူမျိုး ၇ဝဝ‌ကျော်က အလားတူ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်‌ဖော်ပွဲကို ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူ‌တော်၌ ပထမကြိမ် ပြုလုပ်ခဲ့ပြီး ယခုဆန္ဒထုတ်‌ဖော်မှုမှာ အ‌မေရိကန်‌ရောက် ကရင်တိုင်း ရင်းသားများအ‌နေဖြင့် လူအင်အားအများဆုံး စုရုံးနိုင်ခြင်းဖြစ်သလို အ‌မေရိကန်အစိုးရ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခွင့် ရရှိခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။