Home သတင်း ‌ကျောက်ထုတ်သည့် လွန်းည‌တောင်‌ခြေတွင် ‌ဒေသခံရွာသားများ အမည်မသိ ‌သေနတ်သမား၏ ပစ်ခတ်ခြိမ်း‌ခြောက်မှုခံရ

‌ကျောက်ထုတ်သည့် လွန်းည‌တောင်‌ခြေတွင် ‌ဒေသခံရွာသားများ အမည်မသိ ‌သေနတ်သမား၏ ပစ်ခတ်ခြိမ်း‌ခြောက်မှုခံရ

2941
လွန်းည‌တောင်‌ခြေတွင် ‌ကျောက်ထုတ်‌နေသည့် ‌နေရာတစ်‌နေရာ ( ပုံ-‌ဒေသခံ)

နိုဝင်ဘာ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ် လွန်းည‌တောင်‌ခြေရှိ ‌ကျောက်မိုင်းထုတ်လုပ်သည့် ‌နေရာကို သွား‌ရောက်ကြည့်ရှုခဲ့သည့် ‌ဒေသခံ‌ကျေးရွာ လူငယ် ‌ခေါင်း‌ဆောင်များကို နိုဝင်ဘာလ ၁၅ ရက်‌နေ့က အမည်မသိ ‌သေနတ်သမားများ၏ ပစ်ခတ်ခြိမ်း‌ခြောက်ခံရမှု ဖြစ်ပွားခဲ့သည်ဟု ခြိမ်း‌ခြောက်ခံရသူများဘက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

လမ်းခင်း‌ကျောက်ထုတ်လုပ်သည့် ‌ကျောက်မိုင်းတွင်းများစွာရှိသည့် လွန်းည‌တောင်‌ခြေတွင် ‌ဒေသခံ‌ကျေးရွာလူငယ်‌ခေါင်း ‌ဆောင်နှင့် ဘုန်းကြီး‌ကျောင်း ဒါယကာအပါအဝင် ၁၃ ဦးက ‌ကျောက်မိုင်းတွင်း အ‌ခြေအ‌နေကို သွား‌ရောက်ကြည့်ရှုခဲ့စဉ် ယခုလို ပစ်ခတ်ခြိမ်း‌ခြောက်ခံရခြင်း ဖြစ်သည်ဟု လွန်းည‌ကျေးရွာ လူငယ်ဥက္ကဌ ‌စောခိုက်ခိုက်က ယခုလို‌ပြောသည်။

“ကျ‌နော်တို့‌တောင်ကို တူးလိုက်တာ ‌တော်‌တော်ကုန်သွားပြီး။ ရွာအုပ်ချုပ်‌ရေးမှူးဆီမှာ ခွင့်‌တောင်းပြီး ကျ‌နော်တို့‌တွေ ‌ကျောက်မိုင်းအ‌ခြေအ‌နေသွားကြည့်တာ ပြန်ခါနီးမှာ ကားအဖြူတစ်စီးက ကြမ်းကြမ်းနဲ့ ကား‌မောင်းလာပြီး ကားထဲမှာဘဲ ကျ‌နော်တို့ကို ‌သေနတ်နဲ့ ဖြတ်ပြီးပစ်တာ ၁ဝ ချက်‌ကျော်တယ်။ ‌နောက်မ သွားရဲ‌အောင် အထက်စီးပြီး ‌ဒေသခံ‌ကြောက် သွား‌အောင် ‌သေနတ်နဲ့ခြိမ်း‌ခြောက်တာ။ လက်နက်ကိုင်‌နောက်ခံနဲ့ ကျ‌နော်တို့ကိုခြိမ်း‌ခြောက်တယ်။ ‌လော‌လောဆယ် ကျ‌နော်တို့ ဘာဆက်လုပ်မလဲ‌တော့ မသိ‌သေးဘူး။”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ ‌တောင်တွင် ‌ကျောက်မိုင်းတွင်း‌ပေါင်း ၂ဝ ‌ကျော်ရှိပြီး ‌ကျောက်မိုင်းထုတ်လုပ်သူများအား ‌ဒေသခံများက ဒီဇင်ဘာလ အထိသာ ထုတ်လုပ်ခွင့် ‌ပေးထား‌တော့သည်ဖြစ်သည့်အတွက် ‌ကျောက်ထုတ်သည့်အ‌ခြေအ‌နေများကို မှတ်တမ်းယူနိုင်ရန် ‌ကျေးရွာလူငယ်များက ကွင်းဆင်း ‌လေ့လာခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

လွန်းည‌တောင် အ‌နောက်ဘက်ခြမ်းတွင် ‌ဒေသခံရွာသားများ လုပ်ကိုင်‌နေသည့် ‌ကျောက်မိုင်းတွင်း ၁၁ တွင်း၊ အ‌ရှေ့ဘက်ခြမ်းတွင် အပြင်လူမှ လာ‌ရောက်လုပ်သည့် ‌ကျောက်မိုင်းတွင်း ၁၂ တွင်း ရှိကာ အချို့‌ကျောက်မိုင်းတွင်းများမှာ လုပ်ငန်းရပ်လိုက်ပြီးဖြစ်‌သော်လည်း အချို့မှာ ဆက်လက်‌နေဆဲရှိသည်ဟုလည်း လူငယ်‌ခေါင်း‌ဆောင် ‌စောခိုက်ခိုက်က ဖြည့်စွက်‌ပြောသည်။

ထို့အပြင် လတ်တ‌လောတွင် ၎င်း‌တောင်‌ခြေရှိ ‌ကျောက်မိုင်းထုတ်လုပ်ရာ‌နေရာတွင် လက်နက်ကိုင်အဖွဲ့များက ဝင်ထွက်မှုရှိ လာပြီး အခြား‌ဒေသရှိ ‌ကျောက်ထုတ်လုပ်သည့် အလုပ်သမားများစွာရှိသည့်အပြင် မြန်မာစကား မ‌ပြောတတ်သည့် တရုတ် လူမျိုးများလည်း ဝင်ထွက်လျက်ရှိလာသည့်အ‌ပေါ် ‌ဒေသခံအတွက် ခြိမ်း‌ခြောက်မှုများရှိလာနိုင်သည်ဟု လွန်းည ‌ဒေသခံများက ‌ပြောသည်။

လွန်းည‌တောင်‌ခြေတွင် ‌ကျောက်ထုတ်‌နေသည့် ‌နေရာတစ်‌နေရာ ( ပုံ-‌ဒေသခံ)

လွန်းည‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောဖိုးတူးတူး(‌စော‌အောင်ဝင်း‌ရွှေ)က “လူငယ်အဖွဲ့ ‌တွေက ‌တောင်‌ခြေ သွားမယ်လို့ အဲလို ဘဲကျ‌နော့် ကိုလာ‌ပြောတယ်။ သူတို့ကို သူများပစ်တဲ့‌နေရာကလည်း ကျ‌နော်တို့ ရွာဘက် မဟုတ်ဘူး။ လွန်းည‌တောင်‌ခြေ ‌တော့ဟုတ်တယ်။ ‌ကျောက်လုပ်သူနဲ့ လက်နက်ကိုင်နဲ့ ဘယ်လို ပတ်သက်ပြီး သူတို့ကို ပစ်တာ‌တော့မသိဘူး။ အရင် ‌ကျောက်တွင်း‌တွေက ပိတ်‌တော့မှာ အသစ်က အခုမှ ကရင်လက်နက် ကိုင် ၄ ဖွဲ့ ‌ပေါင်းပြီး အာရှလမ်းမအတွက် ‌ကျောက် လာထုတ်မှာ လက်နက်ကိုင်ဆို‌တော့ ကျ‌နော်တို့ တားလို့ အဆင်မ‌ပြေဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လွန်းည‌တောင်‌ခြေတွင် ယခင်နှင့်လက်ရှိ ‌ကျောက်ထုတ်လုပ်သည့်‌ကျောက်မိုင်းတွင်းများသည် ‌ကျောက်တွင်း ၁ တွင်းကို တစ်နှစ်လျှင် ကျပ် ၁ သိန်းမှ ကျပ် ၂ သိန်းအထိ ‌ကျေးရွာဖွံ့ဖြိုး‌ရေးအတွက် ‌ထောက်ပံ့‌ပေးသည်ဟု အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

အဆိုပါ ‌တောင်ကို အိန္ဒု-‌ကော့ကရိတ် နိုင်ငံတကာဆက်သွယ်‌ရေး လမ်းမကြီးတိုးချဲ့‌ဖောက်လုပ်ရာတွင် အသုံး ပြုရန် ပြည် နယ်အစိုုးရခွင့်ပြုချက်ဖြင့် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ လီမိတက် မှ ၃ နှစ်စီမံကိန်း ‌ကျောက် ထုတ် လုပ်ရန် အိန္ဒု တိုက်နယ် သံဃာ့နာယက အဖွဲ့ဝင်ဆရာ‌တော်များအပါအဝင် လွန်းည‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးတို့မှ စက်တင်ဘာလ ၂၁ရက်‌နေ့တွင် သ‌ဘောတူလက်မှတ်ထိုးလိုက်ပြီးဟုလည်း ‌ဒေသခံများက ‌ပြောသည်။