Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

3677

နန်း‌ဖော့ဝီ.

‌အေးမြတဲ့အပြုံးနဲ့ နက်‌မှောင်ရှည်လျားတဲ့ ဆံနွယ်အလှပိုင်ရှင် ကရင်မိန်းခ‌လေးငယ်တစ်‌ယောက်ကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ မှာ ၂၀၁၇၊ ဇူလိုင်လ ၁၆ရက်‌နေ့က ဆုံဆည်းခဲ့မိပါတယ်။ ပြည်ပ‌ရောက်ကရင်ဒုက္ခသည်များလူမှု‌ရေးအဖွဲ့ (OKRSO) ရဲ့ ‌ငွေရတု သဘင် ‌မွေး‌နေ့အခမ်းအနားမှာ တက်ကြွစွာ လာ‌ရောက်ဆင်နွဲတဲ့အထဲ သူမလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

အသက်၂၅နှစ်အရွယ်သာရှိ‌သေးပြီး လူငယ်ပီပီ တက်ကြွရွှင်လန်းတဲ့ ဟန်ပန်‌လေးအပြည့်နဲ့ နန်း‌ဖော့ဝီ (ခ) နန်းစန္ဒာသင်းဆိုတဲ့ သူမဟာ ဘန်‌ကောက်မြို့မှာ အလုပ်လုပ်‌နေတာ ၈နှစ်ကြာပါပြီ။ အခုဆိုရင် ‌ကော်ဖီ‌ဖျော်နည်း အတတ်ပညာကို လက်‌တွေ့ကျကျ သင်ကြားတတ်‌မြောက်ထားပြီး ဒီတတ်ကျွမ်းမှုနဲ့ ကရင်ပြည်နယ်ထဲမှာ မကြာခင် ပြန်လည်လုပ်ကိုင်‌တော့မှာပါ။ ခုလို အသက်‌မွေး ဝမ်း‌ကျောင်း အတတ်ပညာတစ်ခုကို သင်ယူထားတာကလည်း ကိုယ့်ရပ်ရွာမှာပဲ အ‌ခြေချပြီး ကိုယ်ပိုင်ဆိုင်‌လေး ပြန်ဖွင့်ဖို့အတွက် ယုံကြည်မှုရှိရှိနဲ့ ကြိုးစား‌နေပါတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်ရဲ့ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ် ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာက မန်းထွန်းမြိုင်၊ နန်းလှ‌သောင်းတို့ရဲ့ သားသ မီး ၅‌ယောက်အနက် သူမဟာ အကြီးဆုံးသမီး ဖြစ်ပါတယ်။ နန်း‌ဖော့ဝီရဲ့မိဘ‌တွေဟာ ဖားအံမြို့နယ်ထဲမှာရှိတဲ့ ‌ကော့ကျိုက်နဲ့ မိဇံ ‌ကျေးရွာ‌တွေကဖြစ်ကြပြီး သမီးဦးဖြစ်တဲ့ သူမကို‌တော့ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်ဘက်မှာ ‌မွေးဖွားခဲ့တယ်လို့လည်း သူမက ငယ်ဘဝ ဖြစ်စဉ်ကို ‌ပြောပြပါတယ်။

“အ‌မေနဲ့အ‌ဖေက ထိုင်းမှာအလုပ်လာလုပ်ရင်း ဆုံကြတာ‌လေ။ အ‌မေက ကျမကို ချင်းမိုင်မှာ ကိုယ်ဝန်‌ဆောင်ခဲ့ပြီး မဲ‌ဆောက်မှာ ပြန်‌မွေးတယ်။ ဒါ‌ကြောင့် ငယ်ငယ်‌လေးကတည်းက ထိုင်းစကားကို ‌ပြောတတ်ထားတာပါ။ အဲဒီတုန်းကဆို မဲ‌ဆောက်မှာက မြန်မာစာသင်‌ကျောင်း‌တွေ မရှိဘူး‌လေ။ အဲဒါ‌ကြောင့် ငါးနှစ်အရွယ်မှာ အဖိုးအဖွား‌တွေက ‌ကျောင်း‌နေဖို့ ပြန်‌ခေါ်လို့ မိဇံရွာမှာ ‌ကျောင်းပြန်တက်ဖြစ်ခဲ့တယ်။ မူလတန်းက‌နေ အခြားရွာမှာ အလယ်တန်းဆက်တက်‌တော့ မိုးတွင်းဆို စက်ဘီးစီးမရဘဲ အိမ်က ‌နေ မိနစ် ၂၀‌လောက် လမ်း‌လျှောက်သွားရတယ်။”လို့ ‌ပြောပါတယ်။

အဲဒီ‌နောက်မှာ သူမမိဘ‌တွေက ထိုင်းနိုင်ငံက‌နေ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်က ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာမှာ ပြန်‌ပြောင်း‌ရွှေ့ လာခဲ့ကြပြီး အဲဒီရွာမှာ လာ‌ထောင်ထားတဲ့ ထိုင်းလုပ်ငန်းရှင်ရဲ့သစ်စက်မှာ အလုပ်လုပ်‌နေခဲ့ပါတယ်။ အ‌ဖေက သစ်စက်မှာ လုပ် ကိုင်‌ပေမယ့် အ‌မေက‌တော့ ကျန်သားသမီးအငယ်‌တွေနဲ့ အိမ်ရှင်မအဖြစ်သာ မှီခိုရပ်တည်‌နေရတာ‌ကြောင့် ၇တန်းအထိပဲ သူမ ‌ကျောင်း‌နေခဲ့ပြီး မိဘ‌တွေရှိတဲ့ နယ်စပ်ဘက်ကို ပြန်လာခဲ့တယ်လို့လည်း သူမက ‌ပြောပါတယ်။

“အဲဒီတုန်းက ကျမ ငယ်‌သေး‌တော့ ဘာမှ မစဉ်းစားတတ်ဘူး။ အဖိုးအဖွား‌တွေက‌တော့ ပညာဆက်သင်ဖို့ တိုက်တွန်းတယ်။ ကျမ က စာမသင်ချင်‌တော့ဘူး။ ဘန်‌ကောက်ပဲ တက်မယ်။ မိဘ‌တွေကလည်း သားသမီး‌တွေကို ‌ကျောင်းထားဖို့ ‌ငွေ‌ကြေးလည်း မတတ်နိုင်ကြဘူး‌လေ။ ‌အောက်မှာလည်း ‌မောင်‌လေး ညီမ‌လေး‌တွေရှိတာကိုး။”

‌ရွှေကုက္ကိုရွာက သစ်စက်ရုံမှာ သူ‌ဌေးက ‌ဆောက်‌ပေးထားတဲ့ အခန်း‌လေးမှာပဲ မိသားစု‌တွေ စု‌နေကြပြီး သူမက‌တော့ လုပ်အား ‌ပေးဆရာမလုပ်ရင်း ချဲထီလည်း လိုက်‌ရောင်းခဲ့ပါတယ်။ ဒါ့အပြင် ‌ပြောင်းခင်းမှာ ‌ပြောင်းခူးတာ‌တွေလုပ်ရင်း ခြံရှင်သူ‌ဌေးက မခူး ‌တော့ဘဲ ကျန်‌နေ‌သေးတဲ့ အခင်းထဲက လက်ကျန်‌ပြောင်းဖူး‌တွေကို ထပ်ရှာခူးပြီး တစ်ပုံးကို ဘတ် ၂၀၀၊ ၃၀ဝ သွား‌ရောင်းပြီး မိသားစုဝင်‌ငွေ ကူရှာခဲ့ရပါ‌သေးတယ်။ “‌ပြောင်းခင်းထဲမှာက ကင်းမြီး‌ကောက်များ‌တော့ ကျမ အကိုက်ခံရ‌သေးတယ်”လို့လည်း သူမက ရယ်‌မော‌ပြောဆိုပါတယ်။

‌ကျောင်းကထွက်ပြီး မိဘ‌တွေဆီကို ပြန်‌ရောက်လာချိန်မှာ သူမအသက်က ၁၄နှစ်နီးပါးရှိပါပြီ။ သူမဟာ ဘန်‌ကောက်မသွားခင် မဲ‌ဆောက်မြို့ထဲက အိမ်အလုပ်လုပ်‌နေတဲ့ အသိတ‌ယောက်ဆီမှာ ၃လ‌လောက် ကူညီလုပ်ကိုင်‌ပေးရင်း လုပ်ငန်းအ‌တွေ့အကြုံ ယူခဲ့ပြီးမှ တရားမဝင်လမ်း‌ကြောင်းက‌နေ ဘန်‌ကောက်‌ရောက်ရှိသွားခဲ့တာလို့လည်း အခုလို ‌ပြောပါတယ်။
“စလာတုန်းဆို အ‌မေ့ရဲ့တစ်ဝမ်းကွဲနဲ့ ဘန်‌ကောက်ကိုတက်လာတာ ကား‌နောက်ခန်းက‌နေ ပုန်းလျှိုးကွယ်လျှိုး လိုက်လာရ တယ်။”လို့ ‌ပြောပါတယ်။

ဘန်‌ကောက်‌ရောက်တဲ့ ၈နှစ်အ‌တောအတွင်းမှာ နန်း‌ဖော့ဝီအ‌နေနဲ့ အိမ်အလုပ်၊ ခ‌လေးထိန်း၊ စား‌သောက်ဆိုင်၊ ‌ဈေး‌ရောင်း စတဲ့ အလုပ်‌တွေလုပ်ခဲ့ပါတယ်။ ၂၀၁၇၊ ‌မေလအထိ သူမ ‌နောက်ဆုံးလုပ်ခဲ့တာက ကုန်တိုက်တစ်ခုမှာ ‌ရေခဲမှုန့်‌ရောင်း‌ပေးတဲ့ အလုပ် ပါပဲ။ ကိုယ့်ကိုယ်ကိုထိန်းသိမ်းပြီး ‌အေး‌အေး‌ဆေး‌ဆေး‌နေချင်တဲ့ သူမရဲ့စရိုက်‌ကြောင့် သီးသန့်အခန်း‌လေးနဲ့‌နေထိုင်‌နေသူလည်း ဖြစ်ပါတယ်။

ဘန်‌ကောက်မှာ အလုပ်လုပ်လို့ စုမိတဲ့ လုပ်အားခ‌ငွေနဲ့ မိဘစု‌ငွေ‌တွေ ‌ပေါင်းစပ်ပြီး ‌ရွှေကုကိ္ကုရွာအပြင်နားမှာ ဘတ် ၈‌သောင်းနဲ့ စိုက်ပျိုး‌မြေ‌လေးတစ်ကွက် ဝယ်နိုင်ခဲ့ပါတယ်။ ဒီ‌မြေကွက်‌လေးမှာ ပဲ‌တွေ၊ ‌ပြောင်း‌တွေစိုက်ပြီး ခူး‌ရောင်းတဲ့ အလုပ်ကို မိဘ‌တွေက ပြန်လုပ်ကိုင်‌နေ‌ပေမယ့် အရင်လို‌တော့ အဆင်မ‌ပြေ‌တော့ဘဲ ပဲ‌ဈေး၊ ‌ပြောင်း‌ဈေး‌တွေ ကျဆင်းသလို အလုပ်သမားခ‌တွေနဲ့ မကိုက်ဘူးဖြစ်လာတယ်လို့လည်း နန်း‌ဖော့ဝီက ‌ပြောပါတယ်။ ဒါ့အပြင် ကျန်‌မောင်နှမ‌တွေကလည်း ပညာ‌ရေးကို တပိုင်းတစနဲ့ ‌ကျောင်းထွက်လိုက်တဲ့အ‌ပေါ် ခံစားချက်ကို အခုလို‌ပြောပါတယ်။

“အခုဆို ကျမ‌အောက်က ညီမ‌လေးလည်း ဘန်‌ကောက်‌ရောက်‌နေပြီ။ ကျန်သူ့‌အောက်က ‌မောင်‌လေးနဲ့ ညီမ‌လေးလည်း ‌ကျောင်း ‌နေမ‌ပျော်‌တော့ဘူးဆိုပြီး ‌ကျောင်းထွက်။ ဘာမှလည်း မလုပ်ဘဲ အိမ်မှာပဲ လက်ဖြန့်‌တောင်း‌နေတယ်။ အငယ်ဆုံးတ‌ယောက်က ‌တော့ အရမ်းငယ်‌သေးတယ်။ ကျမငယ်တုန်းကဆို မိဘ‌တွေအခက်အခဲကို မြင်‌တော့ နိုင်သ‌လောက် ဝိုင်းကူခဲ့တာပဲ။ ‌မောင်‌လေး ညီမ‌လေး‌တွေကျ‌တော့ မိဘ‌တွေကို နားမလည်‌ပေးဘူး။ ကျမက ဆူရင်လည်း စကားများလို့ဆိုပြီး အနားမှာ ဘယ်သူမှ မ‌နေကြ ‌တော့ဘူး။”

နန်း‌ဖော့ဝီဟာ တရားမဝင် အလုပ်သမားအဖြစ်နဲ့ ဘန်‌ကောက်မှာလုပ်ကိုင်‌နေထိုင်ခဲ့ရာက ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေအတွက် အလုပ်သမားပတ်စ်ပို့‌တွေ လုပ်ခွင့်ရှိတဲ့အခါကျ‌တော့ စိတ်ထား‌ကောင်းတဲ့ သူမရဲ့သူ‌ဌေးက ကြိုတင် ‌ငွေစိုက်ထုတ်‌ပေးထားပြီး သူမတို့ ပြန်ဆပ်နိုင်တဲ့ ပမာဏအတိုင်း လစာထဲက‌နေ ပြန်နှုတ်ယူတယ်လို့ ‌ပြောပါတယ်။ သို့‌သော် ပတ်စ်ပို့အတွက် ‌ငွေပြန်ဆပ် ‌နေရချိန်က မိဘ‌တွေဆီ ‌ငွေပို့မ‌ပေးနိုင်ခဲ့တာမျိုး‌တော့ ရှိခဲ့ပါတယ်။

“ခု‌ခေတ်က ပညာဟာ အဓိကပဲ‌လေ။ ကျမက ကိုယ့်ဒူးကိုယ်ချွန် လုပ်အားကိုပဲ အားကိုး‌နေရတယ်။ အခွင့်အ‌ရေး‌ပေးရင်‌တော့ ဆက်သင်ချင်တဲ့ဆန္ဒ‌တော့ ရှိပါတယ်။ သို့‌သော် ဗမာပြည်က ပညာ‌ရေးကို ဆက်သင်သွားဖို့ အလုပ်တဖက်နဲ့ ဖြစ်ပါ့မလား မသိ ဘူး။ သူများနိုင်ငံမှာလည်း လုပ်ရတာ ‌ငွေ‌ကြေးအရမို့ ပြန်ချင်တာ‌တော့ကြာ‌နေပါပြီ။ တကယ် ရည်ရွယ်ထားတာက ကိုယ်ပိုင်လုပ် ငန်းနဲ့ ပြန်အ‌ခြေစိုက်လုပ်ချင်‌တော့ ‌နောက်ထပ် ၂နှစ်‌လောက် ဆက်‌နေအုံးမယ်‌ပေါ့။”

အဲဒီအချိန်က ကုန်တိုက်မှာ ကျမ ‌ရေခဲမှုန့်‌ရောင်းတဲ့ ဆိုင်မှာ အလုပ်လုပ်တာ တစ်လကို လစာအဖြစ် ဘတ်‌ငွေ ၁၅၀၀ဝရသလို အပို‌ငွေနဲ့ဆို ၁၈၀၀၀‌လောက် သူမ ရရှိခဲ့ပါတယ်။ ဒါ‌ပေမယ့် နန်း‌ဖော့ဝီတို့ ‌ရွှေကုက္ကိုရွာကို တည်‌ထောင်ထားတဲ့ ဗိုလ်မှူးကြီး‌စော ချစ်သူက သူ့သားသမီး‌တွေနဲ့ ခင်မင်တဲ့ တစ်ရွာတည်းသူဖြစ်တဲ့ သူမကို ‌ကော်ဖီဆိုင်လုပ်ငန်းတစ်ခု ဦးစီးနိုင်ဖို့ ကမ်းလှမ်း‌ဆွေး‌နွေး မှုအ‌ပေါ် လက်ခံခဲ့ပြီး ‌ကော်ဖီ‌ဖျော်နည်းပညာကို သင်ကြားလာခဲ့ရတာ ဖြစ်ပါတယ်။

“‌ကော်ဖီဆိုင်မှာသင်တန်းသား‌တွေကို ခွဲထားတယ်။ သင်‌ပေးတာ ၄ရက်ပဲ ဘယ်လိုသွားတတ်မလဲ။ အလုပ်လုပ်တဲ့ ‌ဖျော်တတ်သူ ‌တွေကို ‌မေးရင်း သင်ရင်း လုပ်ရတာ‌ပေါ့။ သင်တန်း‌ကြေးက ဘတ် ၃၆၀၀၀။ စုစု‌ပေါင်း ၆မျိုးဆိုရင် ၆၇၀၀ဝဘတ်။ ကျမ သင်ရတာ ‌ကော်ဖီပူ၊ ‌ကော်ဖီ‌အေး‌ဖျော်နည်း၊ သစ်ရွက်ပုံ၊ အသည်းပုံ‌တွေ သင်ရတယ်။ အရသာလည်း ခံကြည့်ရတယ်။ ခက်တာက ကျမ ‌ကော်ဖီ‌သောက်‌လေ့မရှိတာပဲ။”လို့ သူမက ‌ပြောပါတယ်။

နန်း‌ဖော့ဝီဟာ ခုဆို သင်တန်းရက်လည်းပြီးဆုံးပြီမို့ နန်း‌ဖော့ဝီအ‌နေနဲ့ ကရင်ပြည်နယ်ကိုပြန်ပြီး သူမကို သင်‌ပေးထားတဲ့ အတတ် ပညာနဲ့ ချစ်သူမြိုင်ဥယျာဉ်မှာ ပြန်လည် ဦးစီးလုပ်‌ဆောင်သွားမှာဖြစ်‌ပေမယ့် တချိန်မှာ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဆိုင်‌လေးနဲ့ ‌အေး‌အေး‌ဆေး‌ဆေး၊ အိ‌န္ဒြေရရ လုပ်ကိုင်‌နေထိုင်သွားချင်တယ်လို့ သူမရဲ့အနာဂတ်ဘဝအိပ်မက်ကို ‌ပြောပြပါတယ်။

ဘာသာစကား‌တွေထဲမှာ ပိုးကရင်၊ ထိုင်း၊ ဗမာစကား‌တွေ ‌ပြောတတ်ပြီး ထိုင်းစာကို‌တော့ အဖတ်နဲ့ ကရင်စာက‌တော့ အ‌ဖေ့ရွာ ‌ကော့ကျိုက်ရွာမှာ အ‌ခြေခံအဆင့် သူမ သင်ကြားခဲ့ဖူးပါတယ်။ ကရင်ရိုးရာသင်တိုင်း‌တွေကိုလည်း အမြတ်တနိုး ဝတ်ဆင်‌လေ့ရှိ တဲ့ သူမဟာ လူမှု‌ရေးလုပ်ငန်း၊ အမျိုးသား‌ရေးလုပ်ငန်း‌တွေကိုလည်း စိတ်အားထက်သန်ပါတယ်။ ဘန်‌ကောက်မှာအလုပ်လုပ်ရင်း ပြည်ပ‌ရောက် ကရင်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့(Oversea Karen Culture Group-OKCG)ရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရာက အဖွဲ့ ဥက္ကဌက ကရင်နာမည် ‌ဖော့ဝီ(ဖဝ့်ဝီ.)ကို မှည့်‌ခေါ်‌ပေးခဲ့တာ ဖြစ်ပါတယ်။

ဘန်‌ကောက်မှာ ကျင်းပသမျှ ကရင်နှစ်သစ်ကူး၊ ကရင်ရိုးရာလက်ချည်ပွဲ စတဲ့ ပွဲ‌တော်‌တွေမှာလည်း ကရင်ဒုံးအက၊ ကရင်အမျိုး သား‌ရေးသီချင်း‌တွေကို OKCG အဖွဲ့သူအဖွဲ့သား‌တွေနဲ့အတူ သီဆို‌ဖျော်‌ဖြေခဲ့တယ်။ ကိုယ့်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုကို ‌ရောက်‌နေ‌ပေမယ့် ကိုယ့်ရဲ့ရိုးရာယဉ်‌ကျေးမှုကို တတ်နိုင်သ‌လောက် ထုတ်‌ဖော်ပြသချင်တယ်လို့ သူမက ‌ပြောပါတယ်။

“ကျမရဲ့ ဝါသနာက ကိုယ့်အမျိုးသား‌ရေးအတွက် ‌ပေးဆပ်ချင်‌ပေမယ့် တခါတ‌လေ ကိုယ်က သူများနဲ့လာပြီး အလုပ်လုပ်ရတာဆို ‌တော့ အားတဲ့အချိန်လည်းရှိသလို၊ မအားတဲ့အချိန်လည်း မလုပ်ဖြစ်ဘူး။ သူများနိုင်ငံမှာလာပြီး အလုပ်လာလုပ်ကြတာဆို‌တော့ ဝတ်စားတာပဲဖြစ်ဖြစ်၊ အ‌ပြောအဆိုပဲဖြစ်ဖြစ် သူများနိုင်ငံမှာ ယဉ်ယဉ်‌ကျေး‌ကျေး‌နေကြဖို့နဲ့ ကိုယ့်ရဲ့ရိုးရာယဉ်‌ကျေးမှုကို မ‌ပျောက် ကွယ်သွား‌အောင် ထိန်းသိမ်းမြှင့်တင်ကြပါ။ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု‌တွေ မလုပ်ကြဘဲ တစ်‌ယောက်နဲ့တစ်‌ယောက် ‌ဖေးမကူ ညီကြပါ။”လို့ နန်း‌ဖော့ဝီက ရွယ်တူ ကရင်လူငယ်‌တွေကို တိုက်တွန်း‌ပြောလိုက်ပါတယ်။