Home သတင်း KWO သထုံခရိုင် အမျိုးသမီး‌ခေါင်း‌ဆောင်များအား အသစ်ထပ်မံ‌ရွေး‌ကောက်

KWO သထုံခရိုင် အမျိုးသမီး‌ခေါင်း‌ဆောင်များအား အသစ်ထပ်မံ‌ရွေး‌ကောက်

2746

‌အောက်တိုဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

KWO-ကရင်အမျိုးသမီးအစည်းအရုံး၊ သထုံခရိုင်၏ ၅ကြိမ်‌မြောက်ကွန်ဂရက်ကို ‌အောက်တိုဘာလ ၁၇ရက်နှင့် ‌အောက်တိုဘာ လ ၁၈ရက်(ယ‌နေ့)အထိ ကျင်းပခဲ့ပြီး ယင်းကွန်ဂရက်၏ ‌ရွေး‌ကောက်ပွဲမှ ခရိုင်အမြဲတမ်း‌ကော်မတီဝင် အမျိုးသမီး‌ခေါင်း‌ဆောင် ၂၅ဦးကို အသစ် ထပ်မံ‌ရွေး‌ကောက်ခဲ့ကြသည်။

အဆိုပါ KWO သထုံခရိုင်ကွန်ဂရက်ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံမြို့နယ်၊ လါးတဘဲ‌ကော် (‌ကေအဲန်ယူ၊ သထုံမြို့နယ်ရုံး)တွင် ကျင်းပခဲ့ကြပြီး မဲ‌ပေးပိုင်ခွင့်ရှိသူ အဆိုတင်သွင်းသည့် ကိုယ်စားလှယ်‌လောင်း ၃၅ဦးထဲမှ ၂၅ဦးကို လျှို့ ဝှက်မဲစနစ်ဖြင့် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့‌ရွေး‌ကောက်ရာတွင် ‌ရှေးဦးစွာ အဆိုတင်သွင်း‌ထောက်ခံမှုဖြင့် အ‌ရွေး‌ကောက်ခံမည့် အမျိုးသမီး‌ခေါင်း‌ဆောင်ကိုယ်စား လှယ်‌လောင်း (၃၅)ဦးထဲမှ ခရိုင်အမျိုးသမီးအမြဲတမ်း‌ကော်မတီ (၂၅)ဦးကို လျှို့ဝှက်မဲစနစ်ဖြင့် ‌ရွေးချယ်ခဲ့ကြပြီး ၎င်းတို့အထဲမှ ခရိုင်အလုပ်အမှု‌ဆောင်‌ကော်မတီဝင် (၉)ဦးကို လျှို့ဝှက်မဲဖြင့် ထပ်မံ ‌ရွေး‌ကောက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ‌ရွေး‌ကောက်ခံ KWO ခရိုင်အလုပ်အမှု‌ဆောင်‌ကော်မတီဝင် (၉)ဦးမှာ ‌နော်အယ်ကမလယ်‌တော(ဥက္ကဌ)၊ ‌နော်အယ်မူးဒါး (ဒု-ဥက္ကဌ)၊ ‌နော်လူးလူ (အတွင်း‌ရေးမှူး)၊ ‌နော်မုမယ်(တွဲဖက်အတွင်း‌ရေးမှူး)၊ ‌နော်မိပျို(စည်းရုံး‌ရေးနှင့် အသိပညာ‌ပေးတာဝန်ခံ)၊ ‌နော်အဲ့ဒိုးဒို့ (ပညာ‌ရေးနှင့် ကျန်းမာ‌ရေးတာဝန်ခံ)၊ ‌နော်အုန်းကျင်(လူမှု‌ရေးတာဝန်ခံ)၊ ‌နော်အယ်ကမလယ်ရှီး(ဘဏ္ဍာ‌ရေးမှူး)၊ ‌နော်အဲ့ပ‌စော်‌ဖော(စာရင်းစစ်)တို့ ဖြစ်ကြသည်။

နှစ်ရက်တာကျင်းပသည့် ကွန်ဂရက်တွင် အတွင်း‌ရေးမှူး၏ အစီရင်ခံစာတင်ပြခြင်း၊ မြို့နယ်အသီးသီးမှ တင်ပြသည့် အစီရင်ခံစာ များကို ‌ဆွေး‌နွေးသုံးသပ်ခဲ့ကြပြီး အတည်ပြုခြင်းများအပြင် ၂၀၁၈မှ ၂၀၂ဝခုနှစ်အတွင်း အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွား မည့် ‌ရှေ့လုပ်ငန်းစဉ်အချက် ၂ဝကို ချမှတ်ခဲ့‌ကြောင်းလည်း သိရသည်။

‌ရှေ့လုပ်ငန်းစဉ်များတွင် ခရိုင်အမျိုးသမီးအစည်းအရုံးမှ မြို့နယ်များအတွင်းသို့ တစ်နှစ်လျှင် နှစ်ကြိမ် စည်းရုံး‌ရေးဆင်းရန်၊ အမျိုး သမီးအစည်းအရုံးဝင် အ‌ရေအတွက်ကို ပြန်လည်အတည်ပြုရန်၊ ကရင်အမျိုးသမီးအစည်းအရုံး အဖွဲ့ဝင်ကတ် ပြုလုပ်သွားရန်၊ ခရိုင်အတွင်းရှိ ကရင်အမျိုးသမီး စီမံကိန်းများအား ပြန်လည်သုံးသပ်ရန် စသည်တို့ ပါဝင်သည်။

ထို့အပြင် KWO ၏ သထုံခရိုင်အ‌နေဖြင့် အမျိုးသမီးအစည်းအရုံး စီမံကိန်းနှင့် လှုပ်ရှားမှုများဖြစ်သည့် ပညာ‌ရေးကဏ္ဍ၊ အမျိုး သမီး‌ခေါင်း‌ဆောင်မှုသင်တန်းများ၊ ကျန်းမာ‌ရေးပညာ‌ပေးခြင်း၊ မိခင်နှင့်က‌လေး ကူညီ‌စောင့်‌ရှောက်‌ရေး၊ မသန်စွမ်းများအတွက် ‌ဖေးမကူညီ‌ရေးနှင့် အမျိုးသမီးကယ်ဆယ်‌စောင့်‌ရှောက်‌ရေး‌ဂေဟာ ထားရှိခြင်း၊ အမျိုးသမီး‌ရေးရာကို နှစ် (၂၀)ပြည့် လုပ်‌ဆောင် ခဲ့သူများအား စာရင်း‌ကောက်ယူခြင်း၊ ယက်ကန်းပညာသင်‌ပေးခြင်းများကို လုပ်‌ဆောင်လျှက်ရှိ‌ကြောင်းလည်း သိရသည်။

KWO-ကရင်အမျိုးသမီးအစည်းအရုံး၊ ခရိုင်အဆင့် ကွန်ဂရက်ကို ယခင်က ၂နှစ် တစ်ကြိမ်ပြုလုပ်ခဲ့‌သော်လည်း ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလက ကျင်းပခဲ့‌သော (၇)ကြိမ်‌မြောက် KWO ဗဟိုကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ဗဟိုအဆင့် ကွန်ဂရက်ကို (၄)နှစ် တစ်ကြိမ်နှင့် ခရိုင်အဆင့် ကွန်ဂရက်ကို (၃)နှစ်တစ်ကြိမ်အဖြစ် ‌ပြောင်းလဲသတ်မှတ်ခဲ့သည်။
ယ‌နေ့ ကျင်းပပြီးစီးခဲ့သည့် KWO သထုံခရိုင်အဆင့်ကွန်ဂရက်တွင် KNU သထုံခရိုင်တာဝန်ရှိသူများ၊ KWO ဗဟို အမျိုးသမီး ‌ခေါင်း‌ဆောင်များ၊ KNU သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနှင့် ဖားအံမြို့နယ်တို့မှ အမျိုးသမီးကိုယ်စားလှယ်များ စုစု‌ပေါင်း ၉၄ဦးတက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။