Home သတင်း ‌စောဘဦးကြီးကျဆုံးခဲ့ရာ ထို့‌ကော်ကိုးတွင် အာဇာနည်ဗိမာန်ကြီးတည်‌ဆောက်ရန် KNU/KNLA-PC လျာထား

‌စောဘဦးကြီးကျဆုံးခဲ့ရာ ထို့‌ကော်ကိုးတွင် အာဇာနည်ဗိမာန်ကြီးတည်‌ဆောက်ရန် KNU/KNLA-PC လျာထား

2903

ဩဂုတ် ၁၄ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသား‌ခေါင်း‌ဆောင် အာဇာနည် ‌စောဘဦးကြီး ကျဆုံးရာ‌နေရာဖြစ်သည့် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာ အနီးတွင် အာဇာနည်ဗိမာန်ကြီး တည်‌ဆောက်သွားရန် လျာထားချက်ရှိ‌ကြောင်း ထို‌နေရာတွင် ဩဂုတ်လ ၁၂ရက်‌နေ့က ကျင်းပ ခဲ့သည့် ၆၇နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့တွင် KNU/KNLA-ငြိမ်းချမ်း‌ရေး‌ကောင်စီက ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလ ပွင့်လင်းမြင်သာမှုများရှိလာချိန်တွင် အာဇာနည်‌ခေါင်း‌ဆောင်ကြီးများအား ကရင်အမျိုး သားများအားလုံး လာ‌ရောက်လည်ပတ်ပြီး ဂါရဝပြုနိုင်ရန် ရည်ရွယ်၍ ယင်းသို့ လျာထားရခြင်းဖြစ်‌ကြောင်း KNU/KNLA-ငြိမ်းချမ်း ‌ရေး‌ကောင်စီ(PC) ၏ တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စော‌ကျော်ညွန့်က ယခုလို ‌ပြောသည်။

“‌စောဘဦးကြီးနဲ့ ဗိုလ်ချုပ်စိုင်း‌ကေ ကျဆုံးတဲ့‌နေရာမှာ အရင်ကရှိထားတဲ့ အမှတ်အသား‌တွေကို လူထု‌တွေလာပြီး ကြည့်လို့ရ ‌အောင် အာဇာနည်ဗိမာန်လို လုပ်ဖို့ ကျ‌နော်တို့မှာ ရည်ရွယ်ချက်ရှိထားတယ်။ ‌လော‌လောဆယ်‌တော့ လုပ်လို့မနိုင်‌သေးဘူး။ လုပ် ဖြစ်မယ်ဆိုရင် တစ်မျိုးသားလုံးနဲ့ သက်ဆိုင်‌နေပြီးဖြစ်လို့ ကျ‌နော်တို့ လူထု‌တွေအပြင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အား လုံးနဲ့ တိုင်ပင်ရမယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါထို့‌ကော်ကိုး‌ကျေးရွာ၌ ‌စောဘဦးကြီး အပါအဝင် ဗိုလ်ချုပ်စိုင်း‌ကေတို့ ကျဆုံးခဲ့သည့်‌နေရာတွင် အမှတ်တရ အုတ်ဂူများ ‌ဆောက်လုပ်ထားခြင်းရှိသည့်အတွက် ပွင့်လင်းမြင်သာမှု ရှိလာသည့်‌နောက်ပိုင်းတွင် လူထုများ တစ်နှစ်ထက်တစ်နှစ် လာ ‌ရောက်လည်ပတ် ဂါရဝပြုသူ များပြားလာ‌ကြောင်းလည်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

ထို‌နေ့မနက် ၇နာရီမှ ၈နာရီ‌ကျော်အထိ ကျင်းပပြီး လူထုပရိဿတ် ၅၀၀‌ကျော် တက်‌ရောက်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်၏ သဝဏ်လွှာကိုဖတ်ကြားခြင်း၊ ‌စောဘဦးကြီးနှင့်တကွ ကျဆုံးသွားခဲ့သည့် အာဇာနည်များ၏ အထိမ်းအမှတ် အုတ်ဂူများကို အ‌လေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့‌ကော်ကိုး‌နေရာတွင် အ‌ခြေစိုက်သည့် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင် ဦးစီး‌သော KNU/KNLA-ငြိမ်းချမ်း‌ရေး‌ကောင်စီသည် ‌ကေ အဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ၂၀၀၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် ခွဲထွက်ခဲ့ပြီး ထို့‌ကော်ကိုး‌နေရာ၌ ‌နော်တယာမြို့ကို တည်‌ထောင်ခဲ့ကာ ကရင်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့သည်။

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့် ရဲ‌ဘော်ရဲဘက်တချို့ကို ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကရင်ပြည်နယ် ထို့‌ကော်ကိုး‌ကျေးရွာရှိ လယ်တဲ၌ ကျဆုံးသွားခဲ့ရသည့်‌နေ့ကို အစွဲပြုရင်း ကျန်အာဇာနည်‌ခေါင်း‌ဆောင်များကိုပါ ဂုဏ်ပြုသည့်အ ‌နေဖြင့် ဩဂုတ်လ ၁၂ရက်‌နေ့ကို ကရင်အမျိုးသား အာဇာနည်‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။