Home သတင်း ‌ကေအဲန်ယူနယ်‌မြေတွင် အာဇာနည်‌နေ့ကို စစ်‌ရေးပြအခမ်းအနားဖြင့် ကျင်းပရမည်သာဖြစ်‌ကြောင်း KNLA စစ်ဦးစီးချုပ်‌ပြောဆို

‌ကေအဲန်ယူနယ်‌မြေတွင် အာဇာနည်‌နေ့ကို စစ်‌ရေးပြအခမ်းအနားဖြင့် ကျင်းပရမည်သာဖြစ်‌ကြောင်း KNLA စစ်ဦးစီးချုပ်‌ပြောဆို

2545

ဩဂုတ် ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

နှစ်စဉ် ဩဂုတ်လ ၁၂ရက်‌နေ့တိုင်း ကျ‌ရောက်သည့် ကရင့်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူနယ်‌မြေအတွင်း ကျင်းပရာတွင် စစ်‌ရေးပြအခမ်းအနားဖြင့် ကျင်းပရမည်သာဖြစ်‌ကြောင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေဖြစ်သည့် မြဝတီမြို့နယ်၊ နို့ဖိုးရွာ (‌ခေါ်) အတွင်းကွင်းက‌လေး‌ကျေးရွာတွင် ဩဂုတ်လ ၁၂ရက်‌နေ့ က ပြုလုပ်ကျင်းပခဲ့သည့် (၆၇)နှစ်‌မြောက် ကရင်အာဇာနည်‌နေ့အခမ်းအနားတွင် စစ်‌ရေးပြအခမ်းအနားဖြင့် မပြုလုပ်ရန် မြန်မာ့ တပ်မ‌တော်က လက်နက်အပြည့်အစုံဖြင့် လာ‌ရောက်တားမြစ်မှု ဖြစ်ပွားခဲ့သည့်အ‌ပေါ် ‌ကေအိုင်စီ၏ ‌မေးမြန်းမှုအ‌ပေါ် ယခုလို ‌ပြောဆိုခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ကိုယ့်နယ်‌မြေထဲမှာလုပ်တဲ့ပွဲဆို စစ်‌ရေးပြက ပါကိုပါရမှာပဲ‌လေ။ အစဉ်အလာအရ နှစ်တိုင်း လုပ်‌နေ ကျမို့ ဘယ်သူကမှ လာ‌ပြောလို့လည်း မရဘူး‌လေ။ ရန်ကုန်တို့၊ မြစ်ဝကျွန်း‌ပေါ်တို့မှာ သွားလုပ်တာမှ မဟုတ်တာ။ အဲဒီမှာက ‌ဟော‌ပြောပွဲ‌တွေ‌လောက်ပဲ လုပ်ကြတယ်‌လေ။ ကျ‌နော်တို့ခရိုင်၊ မြို့နယ်‌တွေလုပ်တဲ့‌နေရာမှာလည်း စစ်တပ်က လာတာ‌တွေရှိပါ တယ်။ တစ်ဖက်နဲ့တစ်ဖက် အဆက်သွယ်လုပ်၊ ဝင်ထွက်သွားလာကြတယ်ဆိုရင်‌တော့ ရပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တားမြစ်မှုဖြစ်ပွားခဲ့သည့် အတွင်းကွင်းက‌လေး‌ကျေးရွာသည် ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၏ အထူးစစ် ‌ကြောင်း နယ်‌မြေအတွင်း၌ တည်ရှိပြီး ကရင်အာဇာနည်‌နေ့ကို စစ်‌ရေးပြအခမ်းအနားဖြင့် နှစ်စဉ် ကျင်းပ‌နေကျအတိုင်း ပြုလုပ်ခဲ့ သည့်အပြင် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးလည်း ကိုယ်တိုင်တက်‌ရောက်ခဲ့ခြင်း ဖြစ်သည်။

ထို‌နေ့(ဩဂုတ်လ ၁၂ရက်) အခမ်းအနားသို့ မြဝတီခရိုင်၊ သကင်္န်းညီ‌နောင် အ‌ခြေစိုက်သည့် မြန်မာ့တပ်မ‌တော်၊ စစ်ကွပ်ကဲ‌ရေး ဌာနချုပ်(၈)မှူး၊ ဗိုလ်မှူးချုပ်သန်းထိုက်နှင့် အင်အား ၃၀‌ကျော်ရှိ ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် လက်နက်အပြည့်အစုံဖြင့် ‌ခြေလျင် ခရီး လာ‌ရောက်ခဲ့ခြင်းဖြစ်‌ကြောင်း အခမ်းအနားသို့ ပါဝင်တက်‌ရောက်ခဲ့သူ မျက်မြင်သက်‌သေများက ဆိုသည်။

အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက “စစ်‌ကြောင်းတစ်‌ကြောင်း အင်အား ၃၀‌လောက်ရှိမယ်။ လုံခြုံ‌ရေးချထားတဲ့‌နေရာကို ‌ရောက်ခါနီးမှာပဲ ရွာသား‌တွေက လာ‌ပြောတယ်။ သူတို့လာတာ လက်နက်အပြည့်အစုံနဲ့ လာ‌နေတယ်လို့ ရွာသား‌တွေက‌ပြော ‌တော့ လုံခြုံ‌ရေး‌တွေက ‌ကြေးနန်းပို့လိုက်တယ်။ ဘယ်လိုလုပ်ရမလဲ။ ခွင့်ပြုချက်မယူဘဲ လာ‌နေတယ်‌ပေါ့။ လုံခြုံ‌ရေးကို ပစ်ခိုင်းရ မလားဆိုပြီး အဲ့မှာ ဥက္ကဌကြီးက ရှိ‌နေ‌တော့ ဥက္ကဌကြီးက အဲ့လိုလုပ်စရာ မလိုဘူး။ အစီအစဉ်‌တွေပျက်သွားမယ်ဆိုပြီး လုံခြုံ‌ရေး ‌တွေကို ဖယ်ခိုင်းလိုက်ပြီး လာခိုင်းလိုက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောပြသည်။

တပ်မ‌တော်မှ ထိုသို့ လာ‌ရောက်တားမြစ်မှုဖြစ်ပွားခြင်း‌ကြောင့် ကျင်းပ‌နေဆဲ ကရင့်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားကို ပြီးဆုံးသည့်အထိ ကျင်းပခွင့်မရရှိဘဲ ကရင်အမျိုးသားအလံ‌တော်ကို ဖြုတ်သိမ်းလိုက်ရသလို ‌ကျွေး‌မွေး‌ရေးအစီအစဉ်လည်း စုစည်းမှုမရှိ‌တော့ဘဲ ပျက်ပြယ်သွားခဲ့ရသည်ဟု ၎င်းရွာသားက ဆက်‌ပြောသည်။

၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ကို ‌ကေအဲန်ယူ လက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက်ပိုင်း ‌ကေအဲန်ယူ ကျင်းပပြုလုပ်ခဲ့သည့် အထိမ်းအမှတ် အခမ်းအနားကို လာ‌ရောက်တားမြစ်မှုမှာ ယခုတစ်ကြိမ်သည် ပထမဦးဆုံးဖြစ်သည်။

NCA သ‌ဘောတူစာချုပ်၏ နှစ်ဖက်‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ် ဘက်ဆိုင်ရာကျင့်ဝတ်၏ အပိုဒ် ၁၀၊ အခန်း (၃)ပါ တပ်ဖွဲ့ဝင်များ လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ သ‌ဘောတူညီချက် အပိုဒ်ခွဲ (က)နှင့် (ခ)တွင် လုံခြုံ‌ရေးအရ ကန့်သတ်ထား‌သော‌နေရာများအပ မည်သည့်‌နေရာကိုမဆို လက်နက်ကိုင်‌ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထား‌သောနယ်‌မြေအတွင်း လက်နက်ဖြင့်သွား လာရန် လိုအပ်ပါက နှစ်ဖက် ညှိနှိုင်းသ‌ဘောတူညီချက်ဖြင့် သွားလာရန် ဟူ၍ပါရှိသည်။

အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကပ္ပလီ‌ကျေးရွာတွင် ‌ကေအဲန်ယူ၊ လှိုင်းဘွဲမြို့နယ် တာဝန်ရှိသူများ ဦး‌ဆောင်ကျင်းပ ခဲ့သည့် ၆၇နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ အခမ်းအနားတွင် စစ်‌ရေးပြ အစီအစဉ် မပါဝင်ခဲ့‌သော်လည်း စစ်ယူနီ‌ဖောင်းများဖြင့် အာဇာနည်များကို ဂုဏ်ပြု၊ အ‌လေးပြုသည့် အစီအစဉ် ‌ဆောင်ရွက်ခဲ့သည့်အ‌ပေါ် မြန်မာ့တပ်မ‌တော်၊ တပ်မ (၂၂)က စစ်အသုံး အ‌ဆောင်များဖြင့် အခမ်းအနား မပြုလုပ်ရန် ဖုန်းဆက်ဟန့်တားခဲ့ပြီး စစ်လက်နက်အပြည့်အစုံဖြင့် အခမ်းအနားကျင်းပရာ အနီး ဝန်းကျင်အထိ စစ်‌ကြောင်းများ ‌ရောက်ရှိလာ‌ကြောင်းလည်း အခမ်းအနား ကျင်းပ‌ရေးအဖွဲ့ဝင်များက ‌ပြောသည်။

တပ်မဟာ(၆)နယ်‌မြေ ၊KNLA တပ်ရင်း(၁၈)တွင် ပြုလုပ်သည့် အာဇာနည်‌နေ့အခမ်းအနားသို့လည်း ၎င်းနယ်‌မြေရှိ မြန်မာ့တပ်မ ‌တော်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်အချို့တို့က ၎င်းတို့လာ‌ရောက်မည့်အ‌ကြောင်း ကြိုတင်အသိ‌ပေးခဲ့ပြီး အခမ်းအနားကျင်းပရာသို့ လက်နက်များ ကိုင်‌ဆောင်ခြင်း မရှိဘဲ သွား‌ရောက်ခဲ့‌ကြောင်း နယ်‌မြေခံသတင်းများအရ သိရသည်။

ယခုနှစ် ကရင်အမျိုးသားအာဇာနည်‌နေ့ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း‌ဒေသများနှင့် ဩစ‌တြေးလျား၊ ဗြိတိန်၊ က‌နေဒါ၊ ‌နော်‌ဝေ စသည့်နိုင်ငံများတွင် ‌ဟော‌ပြောပွဲ အခမ်းအနားများဖြင့် အသီးသီး ကျင်းပပြုလုပ်ခဲ့ကြ သလို ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း၊ တပ်မဟာများ၊ ခရိုင်များ၌လည်း စစ်‌ရေးပြ အခမ်းအနား၊ ဂုဏ်ပြုအစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်ဟု ‌ကေအဲန်ယူ အသိုင်းအဝိုင်းက ‌ပြောဆိုသည်။