Home သတင်း သကင်္န်းညီ‌နောင် ဓာတ်အားခွဲရုံတည်‌ဆောက်ပြီးပါက ‌နေရာငါးခုသို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမည်

သကင်္န်းညီ‌နောင် ဓာတ်အားခွဲရုံတည်‌ဆောက်ပြီးပါက ‌နေရာငါးခုသို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမည်

3067

ဩဂုတ် ၂၁ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ သကင်္န်းညီ‌နောင် ဓါတ်အားခွဲရုံတည်‌ဆောက်ပြီးစီးပါက မြဝတီ၊ ‌ကော့ကရိတ်၊ ကျုံဒိုး၊ စုကလိ၊ ‌ဝေါလိမြိုင် ‌ဒေသများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ‌ပေးသွားမည်ဟု ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူး‌ရေးလုပ်ငန်း၊ ဒုအင်ဂျင်နီယာချုပ် ပြည်နယ်မှူး ဦးသိန်း‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “၂၃ဝ ‌ကေဗီ ‌မော်လမြိုင်ဓာတ်အားခွဲရုံက‌နေ ၉၅ ရာခိုင်နှုန်းတည်‌ဆောက်ပြီးစီး‌နေပြီးဖြစ်တဲ့ သကင်္န်းညီ‌နောင် ဓာတ်အားခွဲရုံမှတစ်ဆင့် မြဝတီ၊ ‌ကော့ကရိတ်၊ ကျုံဒိုး၊ စုကလိ၊ ‌ဝေါ‌လေမြိုင်ကို ဓာတ်အားဖြန့်ဖြူး‌ပေးနိုင်ဖို့ ‌ဆောင်ရွက်‌နေ တယ်။ ဒီနှစ်အတွင်းမှာ‌တော့ မြိုင်ကြီးငူကို ၂၄ နာရီ မီးရရှိဖို့ ‌ဆောင်ရွက်‌နေပြီး” ဟု ဩဂုတ်လ ၁၈ရက်‌နေ့တွင် ‌ပြောသည်။

ပြည်နယ်အတွင်း ဖားအံမြို့တွင် ဓာတ်အား ၁၆ မဂ္ဂါဝပ်၊ လှိုင်းဘွဲ့မြို့နယ် ၂ ဒသမ ၃ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ‌ပေးလျှက်ရှိပြီး ‌ကော့လုံကျွန်းမှတစ်ဆင့် ကမ‌မောင်း၊ ဖာပွန်သို့လည်း‌ကောင်း၊ လာမည့် ၅ နှစ်စီမံကိန်းတွင် ‌ကော့ကရိတ် ‌တောင်ကြာအင်းမှ ကြာအင်းဆိပ်ကြီး၊ မုဒုံ‌ချောင်းနှစ်ခွမှ ကြာအင်းဆိပ်ကြီးသို့ ၃၃/၁၁ ဓာတ်အား ခွဲရုံ တည်‌ဆောက်ရန် လျာထားသည်ဟု ပြည်နယ်တာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသခံ ဦးနို်င်က “ အားလုံးက အစိုးရမီးကို ‌မျှော်လင့်‌နေကြတယ်။ ရွာက ကိုယ်ထူကိုယ်ထမီးက ည ၇ နာရီက‌နေ ၉ နာရီ‌လောက်ပဲ လျှပ်စစ်မီးရ‌နေတယ်။ တစ်ယူနစ် ၇ဝဝ ကျပ်ဆို‌တော့ ဝန်ထုပ်ဝန်ပိုးဖြစ်တာ‌ပေါ့။ အစိုးရ မီးရရင် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ အမှုန့်ကြိတ်စက်၊ ‌မွေးမြူ‌ရေးအစာ ကြိတ်စက် အခြားအ‌သေးစား လုပ်ငန်း‌တွေလုပ်နိုင်မယ်ဆို‌တော့ ‌ဒေသအတွင်း တစ်ဦးချင်း စီးပွား‌ရေးတိုးတက် နိုင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနနှင့် ကမာ္ဘ့ဘဏ်တို့ ပူး‌ပေါင်းပြီး တစ်မျိုးသားလုံးလျှပ်စစ်မီးလင်း‌ရေးစီမံချက်(NEP)အရ ‌ကျေးလက်‌ဒေသများတွင် လျှပ်စစ်မီးရရှိရန် ယခုနှစ် ဇူလိုင်လအတွင်း မြို့နယ်၅ခုအတွင်းရှိ အိမ်‌ထောင်စု ၁၁,၄၄၂ စုကို ဆိုလာပြားတပ်ဆင်‌ပေးခဲ့ပြီး အစိုးရမဟာ ဓာတ်အားလိုင်းမှ တစ်ယူနစ် ၃၅ ကျပ်၊ ယူနစ် ၁၀ဝ အထက် ၄ဝ ကျပ်၊ စီးပွား‌ရေးလုပ်ငန်းသုံးများအတွက် တစ်ယူနစ် ၇ဝ ကျပ် ‌ပေး‌ဆောင်ရသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက “ ပြည်နယ်အစိုးရနဲ့ လျှပ်စစ် ဖြန့်ဖြူး‌ပေးမဲ့ကုမ္ပဏီ‌တွေနဲ့ စာချုပ်ချုပ် စီမံကိန်းအ‌ကောင်ထည် ‌ဖော်‌ဆောင်ရွက်တာ‌တွေ ရှိတယ်။ တပြည်နယ် လုံးမီးရရှိ‌ရေး ကိစ္စက ဝတ်ကြီးမှာ တည်‌ဆောက်မဲ့ ‌ကျောက်မီး‌သွေးစက်ရုံစီမံကိန်း ‌အောင်မြင်သွားရင် စက်ရုံ၊ အလုပ်ရုံများစွာ မီး‌ပေးနိုင်ပြီး‌ပေါ့။ ကိုယ်ထူကိုယ်ထရွာမီးလင်း‌ရေးကိစ္စမှာ‌တော့ မီးလင်း‌ရေး‌ကော်မတီ‌တွေမှာ ပွင့်လင်းမြင်သာဖို့ လိုမယ်။ မီးလင်း‌ရေး‌ကော်မတီကိစ္စမှာ အကတိလိုက်စားမှု၊ ‌ငွေ‌ကြေးအလွှဲသုံးစွဲမှု‌တွေ ဖြစ်‌နေ လို့ လွှတ်‌တော်ရုံးမှာ ခဏခဏ‌ဖြေရှင်း‌ပေး‌နေရတယ်” ဟု ဩဂုတ် ၂ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ၂ဝ၁၄ ခုနှစ် သန်း‌ခေါင်စာရင်းအရ တစ်ပြည်နယ်လုံးအတိုင်းတာအ‌နေဖြင့် အိမ်‌ထောင်စု ၃ဝ၈,ဝ၄၁ ရှိရာ အလင်း‌ရောင်ရရှိရန် ဖ‌ယောင်းတိုင်မီး ၄၅ ဒသမ ၂ ရာခိုင်နှုန်းအများဆုံး အသုံးပြု‌နေကြပြီး လျှပ်စစ်မီးသုံးစွဲမှု ၃၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး အစိုးရမဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်မီးအသုံးပြုမှု ၂၆ ဒသမ ၉ ရာခိုင်နှုန်းသာ အသုံးပြုနိုင်‌သေး သည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ကရင်ပြည်နယ် မြို့နယ် ၇ ခုတွင် ဖားအံ၊ လှိုင်းဘွဲ၊ ဇာသပြင်၊ သံ‌တောင်ကြီး၊ သံ‌တောင်‌လေး၊ ‌ဘောကလိမြို့ အနီး ‌ကျေးရွာများတွင်သာ မဟာဓာတ်အားလိုင်း ဖြန့်ဖြူး‌ဆောင်ရွက်‌ပေးနိုင်‌သေးဟု ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေး လုပ်ငန်း၊ တာဝန်ရှိသူထံမှ သိရသည်။