Home သတင်း တက္ကသိုလ်ဝင်တန်း‌အောင်မြင်သည့် ‌ကျောင်းသား၊ ‌ကျောင်းသူ ၁၇ဦးအား အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင် ဂုဏ်ပြု

တက္ကသိုလ်ဝင်တန်း‌အောင်မြင်သည့် ‌ကျောင်းသား၊ ‌ကျောင်းသူ ၁၇ဦးအား အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင် ဂုဏ်ပြု

2666

ဇွန် ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင်တွင် လာ‌နေပြီး တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲဝင်‌ရောက်‌ဖြေဆို ‌အောင်မြင်ခဲ့သည့် ‌ကျောင်းသား၊ ‌ကျောင်းသူ အသစ်အ ‌ဟောင်း စုစု‌ပေါင်း ၁၇ ဦးအား ယင်း‌ဘော်ဒါ‌ဆောင် တည်‌ထောင်သူ ‌စော‌ကျော်နိုင်နှင့် စာသင်ကြား‌ပေး သည့် ဆရာ၊ ဆရာမများက ဇွန် ၂၅ ရက်‌နေ့၌ ဂုဏ်ပြုခဲ့သည်။

အဆိုပါ စာ‌မေးပွဲ ‌အောင်မြင်သူများသည် ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ စာသင်နှစ်အတွင်း တက္က သိုလ်ဝင်တန်း စာ‌မေးပွဲတို့တွင် ‌ဖြေဆို‌အောင်မြင်ခဲ့သူများဖြစ်ကြပြီး ၎င်းတို့၏ ကြိုးပမ်းမှုအ‌ပေါ် အသိအမှတ် ပြုသည့်အ‌နေဖြင့် ဂုဏ်ပြုလွှာအပြင် ဒိုင်းဖလား တစ်လုံးစီကို ‌ပေးအပ်ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်ဟု အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင် တည်‌ထောင်သူ ‌စော‌ကျော်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင်မှာ ဆယ်တန်း‌ဖြေသွားတဲ့ က‌လေး‌တွေဟာ ‌အောင်ချက်‌ကောင်းတာ မဟုတ်‌ပေမယ့် မ‌အောင်ဘူးနဲ့စာရင် ဒီ‌လောက်‌အောင်လာတာကိုပဲ ကျ‌နော်တို့ အသိအမှတ်ပြုရမှာပါ။ ဒီအရာ‌လေး‌တွေကို ‌ပေးခြင်းအားဖြင့် ဒီ‌ဘော်ဒါ‌ဆောင်က ‌ပေးအပ်တဲ့ အမှတ်အသားဟာ သူတို့အတွက် အမြဲအမှတ်ရ‌နေမယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ၎င်းက ‌ပြောဆိုသည်။

စင်စစ်အားဖြင့် ယင်းဂုဏ်ပြုပွဲအခမ်းအနားသည် ၂၀၁၆-၁၇ စာသင်နှစ်အတွင်း တက္ကသိုလ် စာ‌မေးပွဲ ‌အောင် မြင်သူများအတွက်ကိုသာ ပြုလုပ်‌ပေးသည်ဖြစ်‌သော်လည်း ယခင် ‌အောင်မြင်သူများကို ထိုကဲ့သို့ ဂုဏ်ပြု လွှာနှင့် ဖလားများ ‌ပေးအပ်ခဲ့ခြင်းမျိုး မရှိသည့်အတွက် ယခုလို စု‌ပေါင်းကာ ‌ပေးအပ်ဂုဏ်ပြုခဲ့ခြင်း လည်း ဖြစ်သည်။

အခမ်းအနားတွင် အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင် ‌ကျောင်းသား၊ ‌ကျောင်းသူများ အပါအဝင် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ‌ကျောင်းသားမိဘများနှင့် အလှူရှင်များ စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

၂၀၁၆-၁၇ စာသင်နှစ်၌ တက္ကသိုလ် စာ‌မေးပွဲ ‌အောင်မြင်ခဲ့သည့် အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင် ‌ကျောင်း သူ ‌နော်သင်းသင်းဝါက “ဒီအခမ်းအနား လုပ်‌ပေးတာ ဝမ်းသာတယ်။ သမီးဆယ်တန်း‌အောင်‌အောင် ပံ့ပိုး ‌ပေးတဲ့သူ အားလုံးကိုလည်း ‌ကျေးဇူးတင်တယ်။ အခု သမီးစဉ်းစားထားတာက အ‌ဝေးသင် တက္ကသိုလ် တက်ပြီး အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင်ကို တတ်နိုင်တဲ့ အပိုင်းမှာ ဝိုင်းဝန်းကူညီသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်”ဟု ‌ပြောသည်။

ပညာ‌ရေး အခွင့်အလမ်း နည်းပါးပြီး ‌ဝေးလံသည့်အရပ်‌ဒေသမှ ‌ကျောင်းတက်ရန် အခက်အခဲဖြစ်‌နေသည့် ကရင် က‌လေးများအတွက် အထူးရည်ရွယ်ပြီး အကြင်နာမီးအိမ် ‌ဘော်ဒါ‌ဆောင်ကို ပြီးခဲ့သည့် ၂၀၁၂-၁၃ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ‌ကျောင်းသား၊ ‌ကျောင်းသူ‌ပေါင်း ၁၀ဝ ‌ကျော် လက်ခံ‌ပေးလျှက်ရှိသည်။