Home သတင်း မြိတ်တွင် ဘာသာ‌ပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ်တားဆီး‌ရေးကွန်ရက် ဖွဲ့စည်းမည်

မြိတ်တွင် ဘာသာ‌ပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ်တားဆီး‌ရေးကွန်ရက် ဖွဲ့စည်းမည်

2592

‌မေ ၁၆ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

တနသင်္ာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့ Grand Jade ဟိုတယ်၌ ‌မေလ ၁၅ရက်မှ ၁၉ရက်‌နေ့အထိ ပြုလုပ်လျှက်ရှိသည့် ဘာသာ ‌ပေါင်းစုံ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ ပါဝင်‌သော ငြိမ်းချမ်း‌ရေးနှင့် ချစ်ကြည်‌ရေးဖိုရမ်တွင် ‌ဒေသအတွင်း ပဋိပက္ခ ကာကွယ်တား ဆီး‌ရေးကွန်ရက်တစ်ခု ဖွဲ့စည်းသွားမည်ဟု ယင်းဖိုရမ်ဖြစ်‌မြောက်‌ရေး တာဝန်ရှိသူထံမှ သိရသည်။

ဖိုရမ်ဖြစ်‌မြောက်‌ရေး‌ကော်မတီ ဦး‌ဆောင်သူ ကိုအာကာဦးက “မတူညီတဲ့ ယုံကြည်မှု‌တွေ၊ ဓ‌လေ့စရိုက် အယူဝါဒ‌တွေကြားထဲမှာ တစ်ဦးနဲ့တစ်ဦး သဟဇာတရှိရှိနဲ့ ‌နေထိုင်နိုင်တဲ့ နည်းစနစ် အသိပညာ‌တွေ သိလာ‌အောင် ပြုလုပ်တာ ဖြစ်တယ်‌ပေါ့‌နော်။ ဘာသာ‌ရေးပဋိပက္ခနှင့် ငြိမ်းချမ်း‌ရေးကိစ္စ ထိခိုက်လာနိုင်မယ့် ကိစ္စ‌တွေကို နယ်ပယ်အသီးသီးက မတူညီတဲ့ ဘာသာခြား‌တွေစုပြီး ကွန်ရက်တစ်ခု ဖွဲ့စည်းသွားမယ်”ဟု ယ‌နေ့ (‌မေ ၁၆ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မိမိတို့‌ဒေသအ‌နေဖြင့် ၂၀၁၂-၂၀၁၃ခုနှစ်တွင် ဘာသာ‌ရေး ပဋိပက္ခ အသွင်‌ဆောင်သည့် လုပ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး အရပ်ဖက် အဖွဲ့အစည်းများက အချိန်မီ ထိန်းသိမ်းခဲ့ရ‌ကြောင်း၊ ၅နှစ်တစ်ကြိမ် ကျင်းပသည့် ပရိယာယ်များ‌သော နိုင်ငံ‌ရေး (အ‌ထွေ‌ထွေ ‌ရွေး ‌ကောက်ပွဲ)အတွင်း ဘာသာ‌ရေးကို ခုတုံးလုပ် အသုံးချသွားမည်ကို စိုးရိမ်သည့်အတွက် ကြိုတင်ပြီး ကာကွယ်ပြုလုပ်ရခြင်းဖြစ် သည်ဟု ကိုအာကာဦးက ဆက်‌ပြောသည်။

ငါးရက်တာ ပြုလုပ်မည့် အဆိုပါဖိုရမ်အတွင်း မတူညီသည့် ဘာသာခြားအချင်းချင်း ယုံကြည်မှု၊ အယူဝါဒ၊ ဓ‌လေ့စရိုက် အပြန်အ လှန် ‌ဆွေး‌နွေးခြင်း၊ ဘာသာ‌ပေါင်းစုံအသီးသီးမှ အ‌ဆောက်အဦးများ သွား‌ရောက်‌လေ့လာခြင်း၊ နိုင်ငံ‌ရေး၊ ဘာသာ‌ရေး၊ လူ့အခွင့် အ‌ရေး၊ အသိပညာ‌ပေးမှုများ လုပ်‌ဆောင်ပြီး‌နောက် နယ်ပယ်အသီးသီးမှ မတူညီသည့် ဘာသာအချင်းချင်းကြား စုစည်းပြီး ပဋိ ပက္ခ ကာကွယ်တားဆီး‌ရေးကွန်ရက်တစ်ခုကို ဖွဲ့စည်းတည်‌ဆောက်သွားမည်ဟု တာဝန်ရှိများထံမှ သိရသည်။

၎င်းဖိုရမ်သို့ တက်‌ရောက်လာသူ မြိတ်မြို့နယ်ရှိ ‌မောင်ငံရွာသား ကိုချစ်‌ထွေးက “ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလမ်ဘာသာခြား ‌တွေနဲ့ ရင်းနှီးမှု‌တွေ ပိုရ‌အောင် လာပြီးတက်တာပါ။ မတူကွဲပြားတဲ့ ဘာသာခြား သူငယ်ချင်း‌တွေနဲ့ သူတို့ ယုံကြည်မှု၊ ခံယူချက်၊ ‌ဆောင်ရွက်မှု‌တွေ သိလာရတယ်။ အချင်းချင်းကြားမှာ ရင်းနှီးမှု တည်‌ဆောက်လာနိုင်‌အောင် ဒီလိုပွဲမျိုး မကြာမကြာ ပြုလုပ်‌ပေး ‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဖိုရမ်သို့ ဘာသာ‌ပေါင်းစုံမှ ‌ခေါင်း‌ဆောင်ကြီးများ၊ တနသင်္ာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ‌ဒေါက်တာလဲ့လဲ့‌မော်၊ အစိုးရ ဌာန ဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တနသင်္ာရီ၊ ကျွန်းစု၊ မြိတ်နှင့် ပု‌လောမြို့နယ်မှ ‌ဒေသခံ ကိုယ်စားလှယ် ၁၅ဝနီးပါး တက်‌ရောက်သည်ဟု သိရသည်။