Home သတင်း ၂၁ ရာစုု ညီလာခံ မှရရှိလာသည့် သ‌ဘောတူညီချက်များကို ပါဝင်လက်မှတ်‌ရေးနိုင်‌သေးမည် မဟုတ်‌ကြောင်း RCSS ‌ပြော

၂၁ ရာစုု ညီလာခံ မှရရှိလာသည့် သ‌ဘောတူညီချက်များကို ပါဝင်လက်မှတ်‌ရေးနိုင်‌သေးမည် မဟုတ်‌ကြောင်း RCSS ‌ပြော

2205

‌မေ၂၂ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS အ‌နေဖြင့် ‌မေလ ၂၄ ရက်‌နေ့တွင် ကျင်းပမည့် ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေးသို့ တက်‌ရောက်‌ရောက်သွားမည်ဖြစ်ဖြစ်‌သော်လည်း မည်သည့် အဆိုပြုချက်မှ တင်ပြသွားနိုင်မည်မဟုတ်သည့်အတွက် ညီလာခံမှရရှိလာသည့် သ‌ဘောတူညီချက်များကို သ ‌ဘောတူစာချုပ်များချုပ်ဆိုရာတွင် ပါဝင်လက်မှတ်‌ရေးထိုးနိုင်‌သေးမည် မဟုတ်‌ကြောင်း ယမန်‌နေ့ ‌မေလ ၂၁ရက်‌နေ့က သ‌ဘောထား ထုတ်ပြန်‌ပြောဆိုလိုက်သည်။

RCSS၏ ‌ပြောခွင့်ရ အတွင်း‌ရေးမှူး (၃) ဒုဗိုလ်မှူးကြီးစိုင်းငင်းက “NCA ဖြစ်စဉ်အရဆိုရင် ၂၁ရာစုပင်လုံညီလာခံ ဒုတိယ အ စည်းအ‌ဝေးကို ‌ဆွေး‌နွေးမဲ့ အ‌ကြောင်းအရာ‌တွေက အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေက တင်လာတဲ့ စာတမ်း‌တွေ အ‌ပေါ် အ‌ခြေခံ ပြီး‌ဆွေး‌နွေးကြမှာဖြစ်တဲ့အတွက် ညီလာခံမှာတင်ပြတဲ့စာတမ်း‌တွေကို ပြည်‌ထောင်စုစာချုပ်ရဲ့ အစိတ်အပိုင်း တစ်ခုအ‌နေနဲ့သူတို့က သ‌ဘောတူလက်မှတ်‌ရေးထိုးရမှာကိုး။ အမျိုးသား အဆင့်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကို ရခိုင်လည်းမလုပ်ရ ‌သေးဘူး၊ သျှမ်းလည်းမလုပ်ရ‌သေးဘူး။ အခြား NCA မထိုးရ‌သေးတဲ့ တိုင်းရင်းသား‌တွေရဲ့ဆန္ဒ‌တွေ၊ သ‌ဘောထား‌တွေ လည်းမပါ‌သေး‌တော့ သျှမ်းလူထုရဲ့ဆန္ဒမပါပဲ ကျ‌နော်တို့ လက်မှတ်သွားထိုး ရမယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှမဖြစ်နိုင်ဘူး ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

RCSS အ‌နေဖြင့် သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို သျှမ်းပြည်နယ်မြို့‌တော် ‌တောင်ကြီးမြို့တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားမှုအ‌ပေါ် အစိုးရမှခွင့်ပြုချက်မ‌ပေးဘဲ ၎င်းတို့ ထိန်းချုပ်နယ်‌မြေရှိရာ ‌ဒေသများတွင်သာ လုပ် ‌ဆောင်ရန် ‌ပြောဆိုခဲ့မှုအတွက် ကျင်းပမည့်‌နေရာအခက်အခဲများ‌ကြောင့် လက်ရှိအချိန်ထိ မကျင်းပနိုင်‌သေး‌ကြောင်းလည်း ဒုဗိုလ်မှူးကြီးစိုင်းငင်းက ဆက်‌ပြောသည်။

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး ဆိုင်ရာ သ‌ဘောတူစာချုပ်-NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား ‌တော်လှန်‌ရေးလက်နက်ကိုင် ၈ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး-KNU ဦး‌ဆောင်သည့် ကရင်လက်နက် ကိုင်အဖွဲ့(၃)ဖွဲ့၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PNLOနှင့် ဗမာပြည်လုံးဆိုင်ရာ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တို့သာ ပြုလုပ်နိုင်ခဲ့ပြီး ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALPနှင့် RCSSတို့မှမှာ ပြုလုပ်နိုင်ခြင်းမရှိ‌သေး‌ပေ။

အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မကျင်းပနိုင်‌သေးသည့် ALP ၏ ဒု-ဥက္ကဌ ခိုင်စိုးနိုင်‌အောင်က “ကျ‌နော်တို့က အမျိုး သားအဆင့်‌ဆွေး‌နွေးပွဲ ကျင်းပခွင့်မရလို့ရှိရင် ဒုတိယအကြိမ် (၂၁)ရာစု ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံမှာ ဘာတင်ပြ မလဲ။ တင်ပြစရာမရှိဘူး။ တင်ပြစရာမရှိရင် မတက်‌ရောက်လည်းဖြစ်တယ်။ ဒါ‌ပေမဲ့ တိုင်းရင်းသားတစ်ချို့ ကရင်၊ ပအိုဝ်း၊ ချင်းနဲ့ ABSDF အဖွဲ့‌တွေက အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲကို လုပ်ပြီးပြီးဖြစ်တဲ့အတွက် သူ့မှာတင်ပြစရာ ရှိတယ်။ ကျ‌နော်တို့က အကျိုးသ‌ဘောကို ‌ရှေးရှု့ ပြီး‌တော့ တိုင်းရင်းသား‌တွေကို အကျိုးပြုတဲ့ပုံစံမျိုး၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံကို အကျိုးပြုတဲ့ပုံစံမျိုး ယူဆတဲ့အ‌ပေါ်မှာ (၂၁)ရာစုပင်လုံညီလာခံကို တက်‌ရောက်မှာ ဖြစ်တယ် ”ဟု ‌ပြောသည်။

PNLO ကမူ ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်းထား ပြီးဖြစ်‌သော ပထမအကြိမ် ပအိုဝ်း-လူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကြီးမှ ထွက်‌ပေါ်ရရှိထားသည့် ‌ဆွေး‌နွေးပွဲရလဒ်များကို အ‌ခြေခံ ‌ဆွေး‌နွေး၍ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ၂၁ ရာစုပင်လုံ ဒုတိယအစည်းအ‌ဝေးကြီးတွင် ပြည်‌ထောင်စု သ‌ဘောတူ ညီချက်များ ရရှိအတည်ပြုနိုင်‌ရေးကို ဆက်လက် ‌ဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း ‌မေလ၂ဝ ရက် စွဲဖြင့် ၎င်းတို့၏ ပထမ အကြိမ် ညီလာခံသက်တမ်း ၁၃ကြိမ်‌မြောက ်ဗဟို‌ကော်မတီ မျက်နှာစုံညီ အစည်းအ‌ဝေး အပြီးထုတ်ပြန်‌ကြေညာထားသည်။

ယခု‌မေလ ၂၄ရက်‌နေ့မှ ၂၈ရက်‌နေ့အထိကျင်းပမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယ အစည်းအ‌ဝေးသို့ အဆိုပြုချက် တစ်စုံတစ်ရာတင် ပြမှုမရှိဘဲ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထား သည့်အဖွဲ့အ‌နေဖြင့်သာ တက်‌ရောက်နိုင် မည်ဖြစ်သည့်အတွက် အများပြည်သူဆန္ဒများ မပါဝင်နိုင်သလို အခြားညှိနှိုင်းဆဲအဖွဲ့အစည်းများသည်လည်း သက်ဆိုင်ရာအမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများ မကျင်းပနိုင်ခြင်း‌ကြောင့် အများပြည်သူဆန္ဒအားလုံးမဝင်နိုင်‌သေးသည့် ၎င်းညီလာခံ အ‌ပေါ် စိုးရိမ်မှုများရှိ‌နေသည်ဟု RCSSက ဆိုသည်။

RCSS အဖွဲ့သည် နိုင်ငံ‌တော်သမ္မတဦးသိန်းစိန်လက်ထက် ‌အောက်တိုဘာ ၁၅ ရက်‌နေ့၊ ၂၀၁၅ ခုနှစ်တွင် အစိုးရ နှင့် NCA စာချုပ် ချုပ်ဆိုထားသည့် အဖွဲ့ ၈ဖွဲမှ တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ လာမည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအ‌ဝေးသို့ RCSS အ‌နေဖြင့် ကိုယ်စားလှယ် ၂၇ ဦး တက်‌ရောက်မည်ဖြစ်သလို NCA လက်မှတ်ထိုးထားသည့် အခြားတိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းကလည်း ညီလာခံ တက်‌ရောက်ရန် ကိုယ်စားလှယ် အသီးသီး ‌ရွေးချယ်ထားပြီဖြစ်သည်။

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်း‌ဝေး တက်‌ရောက်ရန် ကိုယ်စားလှယ် ၉၀ဝ ခန့် ဖိတ်ကြားမည်ဖြစ်ပြီး NCA လက်မှတ် မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများကို အထူး ဖိတ်ကြားခံရသူများအဖြစ် ဖိတ်‌ခေါ်မည်ဟု အစိုးရဘက်က ‌ပြောဆိုထား‌သော်လည်း အဲန်စီ‌အေ လက်မှတ်မထိုးနိုင်‌သေး သည့် တအာင်းအမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-TNLA၊ ရက္ခိုင့်တပ်မ‌တော် -AA၊ ကိုးကန့်အဖွဲ့-MNDAA တို့ ဖိတ်ကြားခြင်း မရှိ‌ကြောင်း သတင်းထွက်‌ပေါ်လျက်ရှိသည်။

တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်‌သော တိုင်းရင်းသား လူမျုိုး များ ဖက်ဒ ရယ်‌ကောင်စီ-UNFC အ‌နေဖြင့်လည်း ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအ‌ဝေးသို့ တက်‌ရောက်မည်၊ မတက်‌ရောက်မည် ဆိုသည့်ကိစ္စကို ယ‌နေ့ (‌မေလ ၂၂ ရက်)တွင် ထိုင်းနုိုင်ငံ ၊ချင်းမြိုင်မြို့၌ ပြုလုပ်သည့် အ‌ရေးအ‌ပေါ်အစည်းအ‌ဝေးမှာ ဆုံးဖြတ်သွားမည်ဟု သိရသည်။