Home သတင်း အစိုးရတပ်စခန်း ပြန်ရုပ်သိမ်း‌စေလိုသည့် လူထု‌တောင်းဆိုချက်ပြည့်‌အောင် ‌ကေအဲန်ယူ တိုက်တွန်းသွားမည်

အစိုးရတပ်စခန်း ပြန်ရုပ်သိမ်း‌စေလိုသည့် လူထု‌တောင်းဆိုချက်ပြည့်‌အောင် ‌ကေအဲန်ယူ တိုက်တွန်းသွားမည်

1649

‌မေလ ၃၁ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင်အတွင်းရှိ အစိုးရ စစ်တပ်စခန်းများ ရုပ်သိမ်း‌ပေးသွားရန် ပြီးခဲ့သည့် ရက် အနည်းငယ်က ပြည်တွင်းစစ်‌ဘေး‌ရှောင် ဒုက္ခသည်များ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုချက်များ ပြည့်‌မြောက်‌စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား တိုက်တွန်းနှိုး‌ဆော်‌ပေးသွားမည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင်၏ အမြဲတမ်း‌ကော်မတီမှ ‌မေလ ၂၉ရက် ‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်‌ဘေး‌ရှောင် IDP များအ‌နေဖြင့် ၎င်းတို့‌နေရပ်သို့ ‌ဘေးကင်းလုံခြုံစွာပြန်နိုင်‌ရေးဟုဆိုကာ ၎င်းတို့‌ဒေသရှိ အစိုးရ တပ်စခန်းများ ကို ရုပ်သိမ်း‌ပေး‌ရေးကို ‌မေလ ၁၅ရက်နှင့် ၂၄ရက်‌နေ့များတွင် ဖလာခို့‌ဒေသနှင့် အီတူးထာ့ ပြည်တွင်း စစ်‌ရှောင်စခန်း၌ ဆန္ဒထုတ်‌ဖော်ပွဲနှင့်အတူ ‌တောင်းဆိုချက်များမှာ အမှန်တကယ် လိုအပ်မှုဖြစ်‌သော‌ကြောင့် ခရိုင်‌ခေါင်း ‌ဆောင်များအ‌နေဖြင့် ယခုလို ‌ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဖာပွန်ခရုိုင်/ တပ်မဟာ (၅) ရုံးထိုင်မှူးဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကိုယ့်‌ဒေသနဲ့ကိုယ် အရင်ကတည်းက ‌နေလာခဲ့တဲ့ ‌ဒေသခံ‌တွေက အစိုးရတပ်စခန်း‌တွေ တိုးချဲ့လာတာ‌ကြောင့် သူတို့ ‌ဒေသ‌တွေကိုစွန့်ခွာပြီး‌တော့ ‌ရှောင်‌ပြေးခဲ့ရတယ်။ အခုက အပစ်ရပ်ကာလ‌ရောက်လာတာနဲ့အညီ သူတို့‌ဒေသကို ပြန်ပြီး ‌နေထိုင် လုပ်ကိုင်စား‌သောက်ချင်ကြတယ်။ ဒီအ‌ပေါ် သူတို့‌ဒေသမှာရှိ‌နေတဲ့ စစ်တပ်စခန်း‌တွေကို ပြန်လည်ရုပ်သိမ်းဖို့ လိုလား‌တောင်းဆို ချက်အ‌ပေါ်မှာ ကျ‌နော်တို့က အမှန်တကယ် လိုအပ်မှုဖြစ်တယ်လို့ ယူဆထားတယ်”ဟု ဗိုလ်မှူး‌စောကလယ်ဒို့က ‌ပြောသည်။

‌ဒေသခံ လူထုများ၏ လိုလား‌တောင်းဆိုချက်များ ပြည့်‌မြောက်‌အောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ‌ထောက်ခံ‌ပြောဆိုသွားရန် ဖာပွန်ခရိုင် အမြဲတမ်း‌ကော်မတီအ‌နေဖြင့် သက်ဆိုင်ရာ ‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင်များ၊ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ အပြင် သက်ဆိုင်ရာ အခြားအဖွဲ့အစည်းများကိုလည်း အသိ‌ပေးရင်း တိုက်တွန်း‌ပြောဆိုသွားမည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြော သည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့်အတူ ပြည်တွင်းစစ်‌ရှောင် IDP များအ‌ပေါ် စားနပ်ရိက္ခာများ ဖြတ်‌တောက်ခြင်းနှင့် ၎င်းတို့၏ ‌နေရပ်သို့ ပြန်လည်‌နေထိုင်ရန် ဖိအား‌ပေးမှုများရှိလာသည့်အ‌ပေါ် ‌ဘေးကင်းလုံခြုံစွာ ‌နေရပ်ပြန်နိုင်‌ရေးအတွက် အီတူး ထာ့ပြည်တွင်းပုန်း ‌ရှောင်ဒုက္ခသည်များက အိမ်ပြန်လမ်းတစ်‌လျှောက်ရှိ မြန်မာ့တပ်မ‌တော်၏ စခန်း ၁၇ခုကို ရုပ်သိမ်း‌ပေးရန်၊ ‌မြေမြုပ်မိုင်းများ ဖယ်ရှား‌ပေးရန်၊ လိင်ပိုင်းဆိုင်ရာအခွင့်အ‌ရေး ‌စော်ကားချိုး‌ဖောက်မှု၊ အတင်းအဓမ္မခိုင်း‌စေမှု၊ အတင်းအဓမ္မ ပစ္စည်း‌တောင်းယူမှု၊ သတ်ဖြတ်မှု၊ လယ်ယာ‌မြေနှင့် ဥယျာဉ်ခြံ‌မြေ ဖျက်ဆီးမှု သို့မဟုတ် သိမ်းယူမှု ကဲ့သို့‌သော လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို အဆုံးသတ် ရပ်တန့်‌ပေးရန် အပါအဝင် အချက် (၆)ချက်ဖြင့် ‌မေလ ၂၄ရက်‌နေ့က ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အီတူးထာ့ပြည်တွင်းပုန်း‌ရှောင်ဒုက္ခသည်စခန်း၏ ဥက္ကဌ ‌စောညာထယ်က “လက်ရှိ ကျ‌နော်တို့‌ဒေသ‌တွေမှာ စစ်စခန်း‌တွေ ရှိ ‌သေးတယ်။ ဒါ့အပြင် ‌မြေမြုပ်မိုင်း‌တွေလည်း ရှိ‌နေ‌သေးတယ်။ ရှိ‌နေတဲ့ စစ်စခန်း‌တွေကလည်း ကျ‌နော်တို့‌ဒေသနဲ့နီးတယ်။ ဒီအ ‌ပေါ်မှာ ကျ‌နော်တို့ပြန်ဖို့ အခက်အခဲ‌တွေ၊ စိုးရိမ်‌ကြောက်ရွံ့မှု‌တွေ ရှိ‌နေ‌သေးတယ်။ ဒီအတွက် ကျ‌နော်တို့ ‌ခေါင်း‌ဆောင် ‌တွေ ‌တွေ့ ဆုံ‌ဆွေး‌နွေးကြပြီး အဲ့ဒီအခက်အခဲ‌တွေအကုန်လုံးကို ‌ဖြေရှင်းပြီးမှ ကျ‌နော်တို့ပြည်သူ‌တွေ ပြန်လို့ရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အလားတူ ‌ကေအဲန်ယူနယ်‌မြေ လူ‌သောမြို့နယ်အတွင်းရှိ ဖလာခို့၊ ယယ်မူပ‌လော၊ ‌ကျော်မူပ‌လော စသည့်‌ကျေးနယ် ၃ခုမှ ‌ဒေသ ခံ တစ်‌ထောင်နီးပါးက ‌မေလ ၁၅ရက်‌နေ့တွင် ပြုလုပ်သည့် ဆန္ဒထုတ်‌ဖော်မှုတွင်လည်း လွတ်လပ်စွာ ပြန်လည် အ‌ခြေချ ‌နေထိုင် နိုင်ရန်အတွက် ယင်း‌ဒေသရှိ အစိုးရတပ်မ‌တော် စစ်စခန်းများကို ရုပ်သိမ်း‌ပေးရန် ‌တောင်းဆိုခဲ့ကြသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင်၏ ထုတ်ပြန်ချက်အရ ပြည်သူလူထု၏ လိုလား‌တောင်းဆိုချက်များအ‌ပေါ် ဖာပွန်ခရိုင် ‌ခေါင်း‌ဆောင်များ အ‌နေဖြင့် ‌ဒေသခံလူထုနှင့် အတူတကွ ပူး‌ပေါင်းပြီး အ‌ကောင်းဆုံး လုပ်‌ဆောင်‌ပေးသွားမည်ဖြစ်သလို ပြည်သူများ၏ လိုလား ချက်ပြည့်‌မြောက်‌အောင် ‌ထောက်ခံအား‌ပေး ဖြည့်ဆည်း‌ပေးလိုသူများကိုလည်း ၎င်းတို့နှင့် ပူး‌ပေါင်းပါဝင် လုပ်‌ဆောင်သွားရန် လည်း တိုက်တွန်းထားသည်။

ယင်းကိစ္စအ‌ပေါ် ‌ကေအဲန်ယူတွဲဘက်အတွင်း‌ရေးမှူး ၂ဖြစ် သူ ပဒို‌စောလှထွန်းက “ဒီကိစ္စ ကျ‌နော်တို့ ‌ခေါင်း‌ဆောင် ‌တွေပြန်ပြီးတိုင်ပင်သွားမယ်။ ဖြစ်စဉ်တစ်ခုလုံးကိုပြန်ပြီး သုံးသပ်တဲ့အခါ အဲဒါ‌တွေလည်း ပါလာမယ်။ ဒီကိစ္စ တပ်ဘက်ပိုင်း ဆိုင်ရာနဲ့ဆက်စပ်တဲ့အတွက် တပ်ဘက်က ပြန်ပြီး‌တော့ ‌ရှေ့‌ဆောင်‌ပေးဖို့ လိုမယ်‌လေ။ တပ်ပြန်ချ‌ရေး၊ ပြန်ရုပ်သိမ်းကိစ္စက အ‌ကောင်အထည်လုပ်‌ဆောင်ဖို့အဆင့်ဆင့် ရှိတဲ့အ‌ပေါ်မှာ ပြန်ပြီး‌တော့ ‌ရှေ့‌ဆောင်နိုင်ဖို့အတွက် တပ်အစည်းအ‌ဝေးကျရင် ပြန်‌ဆွေး‌နွေးဖို့လိုတယ်‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ဖာပွန်ခရိုင်/တပ်မဟာ (၅) နယ်‌မြေတစ်ခုတည်းအတွင်း၌ ‌ကေအဲန်ယူနှင့် ဦးသိန်းစိန် ဦး‌ဆောင်သည့် မြန်မာအစိုးရ တို့ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးသည့် ၂ဝ၁၂ခုနှစ်မှစတင်ပြီး ယခုအချိန်အထိ မြန်မာစစ်တပ်၏ စစ်စခန်းများ ၆၅‌နေရာမှ ၈၁‌နေရာအထိ တိုးမြှင့်လာခဲ့သည်ဟု အီတူးထာ့စခန်း‌နေ ဒုက္ခသည်ပြည်သူများ၏ ထုတ်ပြန်ချက်အရ သိရသည်။