Home သတင်း ဆိုလာပြား အမြန်တပ်ဆင်‌ပေးရန် ‌ကျေးရွာများစု‌ပေါင်းပြီး ဝန်ကြီးချုပ်ထံ ‌တောင်းဆိုမည်

ဆိုလာပြား အမြန်တပ်ဆင်‌ပေးရန် ‌ကျေးရွာများစု‌ပေါင်းပြီး ဝန်ကြီးချုပ်ထံ ‌တောင်းဆိုမည်

1546

‌မေ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးရွာများတွင် ကမ္ဘာ့ဘဏ်နှင့် ‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေးဦးစီးဌာနတို့ ပူး ‌ပေါင်းပြီး တစ်မျိုးသားလုံး လျှပ်စစ်မီးလင်း‌ရေးစီမံချက်(NEP)အရ တစ်နှစ်‌ကျော်လာသည်အထိ ဆိုလာပြားလာ‌ရောက် တပ်ဆင်ခြင်း မရှိသည့်အ‌ပေါ် ‌ကျေးရွာများစု‌ပေါင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ထံ စာ‌ရေးသား ‌တောင်းဆိုသွားမည်ဟု ဒိုင်လွတ်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး မန်းထွန်းညွန့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ တစ်မျိုးသားလုံးလျှပ်စစ်မီးလင်း‌ရေစီမံချက်အရ ကြားအင်ဆိပ်ကြီးမြို့နယ်တွင် ‌ကျေးရွာ ၂၉ ရွာမှ အိမ်‌ထောင်စု ၁,၈၀ဝ ‌ကျော်တို့က ဆိုလားပြားချပ်များရယူရန် မြန်မာ့စီးပွား‌ရေးဘဏ်သို့ ၂၀၁၆ ခုနှစ် ‌မေလမှ ဩဂုတ်လအထိ အရစ်ကျ‌ငွေနှစ်ခါ ‌ပေးသွင်းပြီး ဖြစ်သည်ဟု ‌ဒေသခံများနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ က ‌ပြောသည်။

ဒိုင်လွတ်‌ကျေးရွာ၊ အုပ်ချုပ်‌ရေးမှူး မန်းထွန်းညွန့်က “ ၂၀၁၆ ခုနှစ် ‌မေလက‌နေ ဩဂုတ်လထိ ရွာသား‌တွေ အရစ်ကျ‌ငွေနှစ်ခါသွင်းထားပြီးပြီ။ ပြီးခဲ့တဲ့နှစ် ၃လပိုင်းမှာ တပ်မယ် ၅ လပိုင်းပြီးမယ် ‌ပြောတယ်။ အခုထိ ဘာ အသံမှမကြားဘူး။ ‌ကျေးရွာ ၅ ရွာစုပြီး ဝန်ကြီးချုပ်ဆီ စာတင်ပြသွားမယ်” ဟု ‌မေ ၂ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

ထိုသို့ ယခုချိန်ထိ ဆိုလာပြား လာ‌ရောက်တပ်ဆင်ခြင်းမရှိ‌သေးသည့်အ‌ပေါ် ‌နေ့စဉ်နီးပါး ရွာသားများလာ ‌ရောက် ‌မေးမြန်း‌ဝေဖန် ခံ‌နေရသည့်အပြင် အချို့ဆိုလျှင် အထင်အမြင်လွှဲမှားမှုများရှိ‌နေပြီး မ‌စောင့်ဆိုင်းနိုင်သည့် သူများအ‌နေဖြင့် မိမိဘာသာ ဝယ်ယူသုံးစွဲ ‌နေသူများလည်း ရှိသည်ဟု မန်းထွန်းညွန့်က ဆက်‌ပြော သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုက်တက်‌ရေးဦးစီးဌာန၊ ဦးစီးမှူး ‌စောဆား‌ဒေါက်‌ဖော့က “ တင်ဒါ‌ခေါ်တဲ့စနစ်မှာ ကုမ္ပဏီ‌တွေကို စိစစ်ပြီး ကြာသွားတာပါ။ တင်ဒါ ‌အောင်တဲ့ ICTS ကုမ္ပဏီက ‌မေဒုတိယပတ်မှာ ပြည်နယ်ကို ဆိုလာပြား ပစ္စည်း‌ရောက်မယ်။ ‌မေလအတွင်း ‌ကျေးရွာ‌တွေကို လာ‌ရောက် တပ်ဆင်‌ပေးမယ်လို့ ရုံးစာ‌ရောက်လာတယ်။ အာမခံပါတယ်၊ ပိုက်ဆံ မဆုံးရှုံး ‌စေရဘူး”ဟု ‌မေ ၂ ရက်‌နေ့က ‌ကေအိုင်စီ သို့ ‌ပြောသည်။

ICTS ကုမ္ပဏီအ‌နေဖြင့် မွန်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးတို့တွင် ဆိုလာပြားတပ်ဆင်‌ပေးရန် တင်ဒါ‌အောင်မြင်ထားခြင်းဖြစ်ပြီး လက်ရှိ ဖားအံမြို့နယ်တွင် နမူနာတပ်ဆင်မှု ပြုလုပ်‌နေပြီးဖြစ်သလို ကြာ အင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လအပြီး တပ်ဆင်‌ပေးရမည်ဟု ဦးစီးမှူး‌စောဆား‌ဒေါက်‌ဖော့က ဆက်‌ပြောသည်။

NEP စီမံချက်အရ ကျပ်သုံးသိန်းတန် ဆိုလာပြားကို ကျပ် ၃၀,၀၀ဝ နှုန်း၊ ကျပ် ၄၈၀,၀၀ဝ တန်ဆိုလာပြား ကို ကျပ် ၅၀,၀၀ဝ နှုန်း၊ ၅၂၀,၀၀ဝ ကျပ်တန်ဆိုလာပြားကို ကျပ် ၈၀,၀၀ဝ နှုန်းဖြင့် တပ်ဆင်လိုသည့် ‌ဒေသခံများထံ စုစု‌ပေါင်း တန်းဖိုး၏ ဆယ်ရာခိုင်နှုန်းခန့် ‌ကောက်ခံသွားမည်ဖြစ်ကာ ကျန်‌ငွေများကို စီမံ ချက်မှ အကုန် အကျခံသွားမည်ဖြစ် ‌ကြောင်း ဆိုင်ရာတာဝန်ရှိသူများက ‌ပြောသည်။

တစ်မျိုးသားလုံးလျှပ်စစ်မီးလင်း‌ရေး(NEP) စီမံချက်အ‌နေဖြင့် မဟာဓာတ်အားလိုင်းနှင့် ၅ မိုင်‌ကျော် ကွာ‌ဝေးသည့် ‌ကျေးရွာများကို ဆိုလားပြားစနစ်ဖြင့် လျှပ်စစ်မီးရရှိရန် ကမာ္ဘ့ဘဏ်‌ထောက်ပံ့မှုဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် စတင်အ‌ကောင်အထည် ‌ဖော်ခဲ့ခြင်းဖြစ်သည်။