Home သတင်း ငါးရစ်တက်ချိန် ဖမ်းဆီးခြင်းမပြုရန် ဝင်း‌ရေးမြို့နယ် KNU ထုတ်ပြန်ထား

ငါးရစ်တက်ချိန် ဖမ်းဆီးခြင်းမပြုရန် ဝင်း‌ရေးမြို့နယ် KNU ထုတ်ပြန်ထား

2639

‌မေ ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

မိုးဦးကျရာသီ မြစ်၊ ‌ချောင်းများ၌ ငါးရစ်တက် ငါးသား ‌ပေါက်ချိန်တွင် ငါးမျိုးတုံးမှုမှ ကာကွယ်ရန် ‌မေ ၁၅ ရက်မှ ဩဂုတ် ၁၅ ရက်အတွင်း ငါး၊ ပုဇွန် ရှာ‌ဖွေဖမ်းဆီးခြင်းမပြုရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်၊ ‌မွေးမြူ‌ရေးနှင့် ‌ရေလုပ်ငန်းဌာနမှ စည်းကမ်းချက် ထုတ်ပြန်ထားသည်ဟု မြို့နယ်၊ ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ‌မေ ၂၉ ရက်‌နေ ့တွင် ‌ကေ အိုင်စီသို့ ‌ပြောသည်။

ပဒို‌စော‌မောင်‌ရွှေက “ကိရိယာမျိုးစုံနဲ့ ငါး၊ ပုဇွန်‌တွေ ဖမ်းဆီး‌နေ‌တော့ မျိုးတုံးလာတယ်။ ‌နောင်လာ‌နောက်သား‌တွေ အလွယ်တကူရှာ‌ဖွေ စားသုံးနိုင်ဖို့ ငါး၊ ပုဇွန်‌တွေ ဥချ‌နေတဲ့အချိန်မှာ မျိုးတုံးမသွားရ‌အောင် ရှာ‌ဖွေဖမ်းဆီးခြင်း မပြုဖို့ စည်းကမ်းချက်ထုတ်ပြန်ရတာပါ” ဟု ‌ပြောသည်။

လက်ရှိ ဝင်း‌ရေးမြို့နယ်အတွင်း၊ နည်းမျိုးစုံသုံး ငါးရှာ‌ဖွေဖမ်းဆီးခြင်း‌ကြောင့် ငါး၊ ပုဇွန် ရှားပါးလာပြီး စည်းကမ်း တကျ ထိန်း သိမ်းခြင်း မပြုလုပ်ပါက မျိုးတုံးလာနိုင်သလို ထုတ်ပြန်ထားသည့် စည်းကမ်းချက်ကို လိုက်နာခြင်း မရှိပါက အ‌ရေး ယူသွား မည်ဟုလည်း ပဒို‌စော‌မောင်‌ရွှေက ဆက်‌ပြောသည်။

အဆိုပါ စည်းကမ်းချက်များကို ‌မေလဆန်းပိုင်းကတည်းက ထုတ်ပြန်ထားပြီး ဝင်း‌ရေးမြို့နယ်အတွင်းရှိ ‌ချောင်း ကြီး၊ ‌ချောင်း ငယ်များနှင့် ‌ကျေးရွာအသီးသီးရှိ အင်း၊ အိုင်၊ ‌ချောင်း၊ ‌မြောင်းများ၌ သစ်ပင်ခြုံနွယ်များချပြီး ရှာ‌ဖွေ ဖမ်းဆီးခြင်း၊ ဓာတု‌ဗေဒ‌ဆေးဝါးမျိုးစုံ အသုံးပြုခြင်းနှင့် လျှပ်စစ်‌ရှော့ခ်ရိုက်နည်းဖြင့် ငါး၊ ပုဇွန်များ ရှာ‌ဖွေ ဖမ်းဆီးခြင်း ခွင့်မပြုဟု အချက် ၁ဝ ချက် ပါဝင် ‌ဖော်ပြထားသည်။

ဝင်း‌ရော်‌ဒေသခံ ‌စောရှား‌ဖောင်က “ မြစ်၊ ‌ချောင်း‌တွေမှာ ငါး၊ ပုဇွန်‌တွေ ဥချ‌နေတဲ့ရာသီအချိန် ရှာ‌ဖွေဖမ်းဆီးခြင်း မပြုဖို့ တားမြစ်တာကို‌တော့ လက်ခံပါတယ်။ ဥ‌နေတဲ့ ငါး‌တွေ ဖမ်းဆီးစား‌သောက်လိုက်ရင် ဒီနှစ်‌တော့ ငါးရှားသွားမယ်။ နည်းမျိုးစုံနဲ့ ဖမ်းဆီးလာတဲ့‌နောက်ပိုင်း မနှစ်ကဆို ငါးပတို့၊ ငါးရံ့တို့‌တောင် သိပ်မ‌တွေ့ရ‌တော့ဘူး။” ဟု ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်အတွင်း ဇမိမြစ်၊ ‌ရေးမြစ်၊ ဝင်း‌ရော်မြစ်များနှင့် ဆက်စပ်‌ချောင်းများ၌ ‌မေဒုတိယအပတ်တွင် ငါး၊ ပုဇွန်များ သား‌ပေါက်ဖွားမှုများရှိပြီး ‌ဒေသခံတို့၏ စားဝတ်‌နေ‌ရေးအတွက် မှီခိုအားထား‌နေရသည့် အဓိက မြစ်များဖြစ်ကာ ငါးရစ် တက်ရာသီအတွင်း ဖမ်းဆီးခြင်းမပြုရန် KNUမှ စည်းကမ်းချက်များကို နှစ်စဉ် ထုတ်ပြန်‌လေ့ရှိ‌ကြောင်း သိရသည်။