Home သတင်း ကရင်အနုပညာရှင် ‌ကျော်လိုက်သိမ့်၏ ဈာပနအား အသိမိတ်‌ဆွေနှင့် လူပရိဿတ် ‌ထောင်‌ကျော် ပို့‌ဆောင်

ကရင်အနုပညာရှင် ‌ကျော်လိုက်သိမ့်၏ ဈာပနအား အသိမိတ်‌ဆွေနှင့် လူပရိဿတ် ‌ထောင်‌ကျော် ပို့‌ဆောင်

2127

ဧပြီ ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်ဝါရင့် အနုပညာရှင် ‌ကျော်လိုက်သိမ့်၏ ဈာပနအခမ်းအနားကို ဧပြီလ ၆ ရက်‌နေ့တွင် ဖားအံမြို့နယ်၊ အိန္ဒုစံပြ‌ကျေးရွာ၊ အိန္ဒုသုသာန်၌် ပြုလုပ်ခဲ့ရာ သူ၏လုပ်‌ဖော်ကိုင်ဖက်များ၊ အသိမိတ်‌ဆွေများနှင့် သူ့အား ချစ်ခင်မြတ်နိုးကြသည့် အလွှာ‌ပေါင်းစုံ‌သော ပရိဿတ် တစ်‌ထောင်‌ကျော်က သွား‌ရောက်ပို့‌ဆောင်ခဲ့ကြသည်။

‌ကျော်လိုက်သိမ့်၏ ဈာပန အခမ်းအနားတွင် ကရင်သုခုမ အနုပညာအသိုင်းအဝိုင်းများ၊ ကရင်လက်နက်ကိုင် အဖွဲ့များ၏ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်များ၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပါတီကိုယ်စား လှယ်များအပါအဝင် ‌ဒေသ‌ပေါင်းစုံမှ လူထုပရိဿတ်များ ပို့‌ဆောင်‌ပေးခဲ့ကြခြင်းဖြစ်သည်။

ဈာပနအား လိုက်လံပို့ခဲ့သည့် ကရင်နာမည်ကြီး ‌တေး‌ရေးဆရာ ‌စောမူလျား‌ဝေါ်မှ “ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပြုလုပ်တဲ့ ကရင်စာဆို‌တော်‌နေ့ အခမ်းအနားက‌နေ အမီပြန်လာပို့‌ဆောင်တာပါ။ သူ့ကို အရမ်းချစ်ခင်‌လေးစားတဲ့အတွက် သူ့ရဲ့ ‌နောက်ဆုံးခရီးမှာ ကျ‌နော်ရှိ‌နေချင်လို့ပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ ‌စောမူလျား‌ဝေါ်က “ဆရာ‌ကျော်လိုက်သိမ့်က ကြယ်တစ်ပွင့်လိုပါပဲ။ အခု‌တော့‌ကြွေလွှင့်သွားခဲ့ပြီ။ တို့ သီချင်းမ‌ရေးခင်ကတည်းက ဆရာက ‌ရေးခဲ့တာပါ။ ကျ‌နော်သီချင်းစ‌ရေး‌တော့ သူ့ဆီကပဲ ပညာယူခဲ့တဲ့အတွက် သင် ဆရာမဟုတ်ခဲ့တာ‌တောင် ကြားဆရာပါ။ သူမရှိတဲ့‌နောက် သူ့လိုပညာရှင်မျိုး မထွက်‌ပေါ်လာ‌တော့မှာ‌တောင် ‌တွေးပူမိပါ တယ်” ဟု ဆက်‌ပြောသည်။

‌ကျော်လိုက်သိမ့်၏ ရုပ်အ‌လောင်းအား ထို‌နေ့မွန်းလွဲပိုင်းအချိန်တွင် ကား‌ပေါ်သို့ တင်‌ဆောင်ပြီး လူပရိဿတ်‌ပေါင်းများစွာ စီ တန်းကာ အိန္ဒုသုသာန်သို့ ပို့‌ဆောင်‌ပေးခဲ့ကြပြီး ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ဓမ္မ‌တေးများဖြင့် ပူ‌ဇော်ခြင်း၊ တရား‌တော်နာကြား ခြင်းတို့အပြင် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များမှ ဆု‌တောင်းခြင်းများ ပြုလုပ်ခဲ့ပြီး‌နောက် ရုပ်အ‌လောင်းကို မီးသၤဂြိုလ်ခဲ့သည်။

လိုက်ပါပို့‌ဆောင်သူ ‌ကျော်လိုက်သိမ့်၏ ပရိဿတ်တစ်ဦးဖြစ်သည့် နန်း‌ကော်ကီကလည်း “ဆရာ‌ကျော်လိုက်သိမ့်သီချင်းဆို ငယ်ငယ် ကတည်းက အရမ်းကြိုက်ခဲ့ပါတယ်။ အရမ်းလည်း ‌လေးစားခဲ့ရတဲ့အတွက် သူ့ရဲ့ ဈာပနကို ပို့‌ဆောင်‌ပေးတာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျော်လိုက်သိမ့်အား ၁၉၅ဝ ခုနှစ်၊ မတ်လ ၁၂ ရက်‌နေ့တွင် ဖားအံမြို့နယ်၊ ‌ကော့တာရွာတွင် အဖ ‌စော‌တောင်ပူ၊ အမိ နန်း ဘီးတို့မှ ဖွားမြင်ခဲ့ပြီး အမည်ရင်းမှာ ‌စောလှ‌ရွှေဖြစ်သည်။ အနုပညာလှုပ်ရှားမှုကို အသက် ၁၂နှစ် အရွယ်ကပင် စတင်ခဲ့ပြီး အနုပညာသက်တမ်းတစ်‌လျှောက်တွင် ကရင်ဒုံးနည်းပြ၊ ဇာတ်မင်းသား၊ ပြဇာတ်မင်းသား၊ လူရွှင်‌တော်၊ ‌တေး‌ရေး၊ ‌တေးဆို၊ ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်‌ဆောင်၊ အနုပညာအကြံ‌ပေး အဖြစ် လုပ်‌ဆောင်ခဲ့သည်။

ဇာတ်အဖွဲ့(၁၀)ဖွဲ့၊ သီချင်း ‌ခွေ‌ပေါင်း(၆၀)၊ သီချင်းအပုဒ်‌ပေါင်း(၃၀၀)၊ ဗီဒီယိုဇာတ်လမ်း‌ပေါင်း(၁၀)‌ခွေတို့တွင် ကိုယ်တိုင်ပါဝင်လှုပ်ရှား၊ ‌ရေးသား၊ ထုတ်‌ဝေနိုင်ခဲ့ပြီး ကရင်အနုပညာထူးချွန်ဆု ၅ ဆုအထိ ရရှိခဲ့သည်။ သူသည် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ရက်‌နေ့၊ အသက် ၆၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ဇနီးသည် နန်းလုံးတင်၊ သားသမီးများဖြစ်သည့် ‌စောဒီလှိုင်း၊ နန်းစန္ဒာ‌အေး၊ ‌စောဝင်းထွဋ်ထွဋ်နှင့် ‌စောပြည့်စုံတို့ ကျန်ရစ်ခဲ့သည်။