Home သတင်း OKRSOမှ ဘန်‌ကောက်‌ရောက် ကရင်လူငယ်များကို ‌ခေါင်း‌ဆောင်မှု သင်တန်းပြုလုပ်‌ပေး

OKRSOမှ ဘန်‌ကောက်‌ရောက် ကရင်လူငယ်များကို ‌ခေါင်း‌ဆောင်မှု သင်တန်းပြုလုပ်‌ပေး

1916

မတ် ၂၃ ရက်၊ ၂၀၁၇ ခုနှစ် ။ ‌စောချာလု

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့အ‌ခြေစိုက် ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ -OKRSO က ဦး‌ဆောင်ပြီး မတ်လ ၁၉ ရက်မှ ဧပြီ ၉ ရက်‌နေ့အထိ ကြာမြင့်မည့် ‌ခေါင်း‌ဆောင်မှုသင်တန်းတစ်ခုကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ ရှိ OKRSO ရုံးတွင် ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိသည်။

ကရင်လူငယ်များအ‌နေဖြင့် ‌ခေါင်း‌ဆောင်မှု ကဏ္ဍဆိုင်ရာ အသိပညာများတိုးပွားလာရန်နှင့် မိမိအဖွဲ့အစည်းကို စီမံအုပ်ချုပ် နိုင်ရန် ရည်ရွယ်ပြီး ဘန်‌ကောက်‌ရောက် ကရင်လူငယ်‌ရွှေ့‌ပြောင်းအလုပ်သမား စုစု‌ပေါင်း ၃၇ ဦး အား လက်ခံ သင်တန်း‌ပေးရခြင်း ဖြစ်သည်ဟု OKRSOအဖွဲ့၏ ဥက္ကဌ ‌စောအလှက ယခုလို ‌ပြောသည်။

၎င်းက “ ‌ခေါင်း‌ဆောင်တစ်‌ယောက်အ‌နေနဲ့ ဘယ်လို‌နေထိုင် ရပ်တည်မလဲ။ ကျ‌နော်တို့ရဲ့ အဖွဲ့အစည်းကို ဘယ်လို စီမံအုပ်ချုပ်မလဲ။ ‌ခေါင်း‌ဆောင်တစ်‌ယောက်ရဲ့ ရှိရမယ့် အရည်အချင်း၊ ‌နောက်ပြီး ကျ‌နော်တို့ ကရင်လူငယ်အတွက် အကျိုး‌ကျေးဇူးရှိ‌စေဖို့အတွက် ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်လတာ ကြာမြင့်မည့် ၎င်းသင်တန်းကို အပတ်စဉ် တနဂင်္‌နွေ‌နေ့တစ်ရက်တည်းသာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းတွင် ‌ခေါင်း‌ဆောင်‌ကောင်းတစ်‌ယောက်၏ ရှိရမည့်အရည်အချင်းများ၊ ‌ခေါင်း‌ဆောင်အမျိုးအစား၊ ပဋိပက္ခ ‌ဖြေရှင်းခြင်းများကို သင်ကြား‌ပေးမည်ဖြစ်‌ကြောင်း OKRSO အဖွဲ့က ‌ပြောသည်။

သင်တန်းသူ နန်းဒါးဘူက “ ဒီသင်တန်းက‌နေ ကျမအများကြီး သင်ယူနိုင်မှာပါ။ ဘန်‌ကောက်မှာလည်း အဖွဲ့အစည်း‌တွေ ‌တော်‌တော်များများရှိပါတယ်။ ဒီသင်တန်းပြီးရင် တစ်ခြားအဖွဲ့အစည်း‌တွေ ကျမတို့ကို လိုအပ်မယ်၊ ကျမတို့ဘက်ကလည်း လုပ်တတ်မယ်ဆိုရင် အချိန်မ‌ရွေးကူညီ‌ပေးနိုင်မှာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ -OKRSO ကို ထိုင်းနိုင်ငံ‌ရောက် ကရင်ဒုက္ခသည်များကို ကူညီရန်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု၊ ဘာသာစကားများကို ထုတ်‌ဖော်ရန်နှင့် လူငယ်‌ခေါင်း ‌ဆောင်တို့၏ အရည်အချင်းများကို မြှင့်တင်ရန် ရည်ရွယ်၍ ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

OKRSO အဖွဲ့မှ ဦး‌ဆောင်ပြီး ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ ကရင်လူငယ်များအတွက် ကရင်စာ၊ ထိုင်းစာ သင်တန်းနှင့် ကွန် ပျူတာသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိ‌သော်လည်း ယခု ‌ခေါင်း‌ဆောင်မှု သင်တန်းမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်‌ပေးခြင်းဖြစ်သည်။