Home သတင်း ဖားအံမြို့ နိုင်ငံကူးလက်မှတ် ထုတ်‌ပေး‌ရေးရုံးတွင် နိုင်ငံကူး လက်မှတ်လာ‌ရောက်‌လျှောက်ထား သူများပြား

ဖားအံမြို့ နိုင်ငံကူးလက်မှတ် ထုတ်‌ပေး‌ရေးရုံးတွင် နိုင်ငံကူး လက်မှတ်လာ‌ရောက်‌လျှောက်ထား သူများပြား

1991

မတ် ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ် ‌ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှု‌ကြောင့် ထိုင်းနိုင်ငံတွင်းသို့ ‌ရွှေ့ ‌ပြောင်း သွား‌ရောက် အလုပ်လုပ်ကိုင်သူများပြားလာကာ နှစ်ဆန်းပိုင်းမှ ယခုလအထိ ဖားအံမြို့ နိုင်ငံကူး လက်မှတ် ထုတ်‌ပေး‌ရေးရုံးတွင် နိုင်ငံကူး လက်မှတ် လာ‌ရောက်‌လျှောက်ထားသူများပြားပြီး ‌နေ့စဉ် နိုင်ငံကူးလက်မှတ် စာအုပ် ၁၀ဝ အုပ်မှ ၃၀ဝ အုပ်ခန့်အထိ လာ‌ရောက်‌လျှောက်ထားလျှက်ရှိသည်ဟု ဌာနတာဝန်ရှိသူများက ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဆယ်စုနှစ် ၂စုကြာ ပြည်ပထွက်ပြီး တရားမဝင် အလုပ်ထွက်လုပ်ကြရာမှ ၂၀၁၅ ခုနှစ်မှ စ၍ ထိုင်း-မြန်မာနှစ်နိုင်ငံ‌ရွှေ့ ‌ပြောင်းလုပ်သား အလုပ်အကိုင်ဆိုင်ရာ-MOU သ‌ဘောတူညီမှု စာချွန်လွှာများ ‌ရေးထိုးပြီးသည့် ‌နောက်ပိုင်း MOUအစီအစဉ်ဖြင့် တရားဝင်သွား ‌ရောက်လုပ်ကိုင်သူ များပြားခြင်းနှင့် ကိုရီး ယားနိုင်ငံမှ လုပ်သား‌ခေါ်ယူမှုများ ရှိလာ‌နေခြင်းတို့‌ကြောင့် နိုင်ငံကူးလက်မှတ်‌လျှောက်ထားသူများပြား ‌နေခြင်းဖြစ်သည်ဟု ပြည်နယ်နိုင်ငံကူးလက်မှတ် ထုတ်‌ပေး‌ရေးဌာန တာဝန်ရှိသူ ရဲအုပ်သန့်ဇင်လင်းက ‌ပြောသည်။

ရဲအုပ်သန့်ဇင်လင်းက “အခုချိန်က MOU အစီအစဉ်အရ လုပ်သားများလာ‌ရောက် ‌လျှောက်တာကလည်း များလာတယ်။ ကိုရီးယားနိုင်ငံ သွားအလုပ်လုပ်မယ့်လူ‌တွေ လာ‌လျှောက်တာလည်း ရှိတယ်။ ‌နောက်တစ်ခု က ထိုင်းနိုင်ငံတွင်းမှာ တရားမဝင်လုပ်သား‌တွေကို ၂၀၁၅ ခုနှစ်‌လောက်က ယာယီနိုင်ငံကူးလက်မှတ်‌ပေး ထုတ်‌ပေးထားတာက သက်တမ်းပြည့်လို့ နိုင်ငံကူးလက်မှတ်လာပြန်‌လျှောက်တာ‌တွေနဲ့ ကိစ္စ ၃ ခု သွားဆုံ သလိုဖြစ်‌နေတာ‌ကြောင့် ဒီရုံးမှာ လာ‌လျှောက်ကြသူများ‌နေတာပါ။ တစ်‌နေ့ကို စာအုပ် ၁၀ဝ က‌နေ ၂၀၀/ ၂၅ဝ ‌လောက်အထိ ရုံးချိန်ပြည့် ထုတ်‌ပေး‌နေပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ယခင်က နယ်စပ်မြို့များဖြစ်ကြသည့် ‌ကော့‌သောင်း၊ တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူမြို့များတွင် နိုင်ငံကူးလက်မှတ်များ ထုတ်‌ပေးမှုရှိခဲ့‌သော်လည်း လက်ရှိ ပြည်နယ်အ‌နေဖြင့် ဖားအံမြို့တစ်ခုတည်းသာ ထုတ်‌ပေးခြင်းနှင့် အခြားနိုင်ငံများသို့ ပညာသင်ခြင်း၊ လုပ်ငန်းကိစ္စသွား‌ရောက်လိုခြင်းများ‌ကြောင့် ပြည်နယ် နိုင်ငံကူးလက်မှတ် ထုတ်‌ပေး‌ရေးရုံးတွင် လာ‌ရောက်‌လျှောက်ထားသူများပြား‌နေခြင်းဖြစ်သည်ဟုလည်း ရဲအုပ် သန့်ဇင်လင်းက ဖြည့်စွက် ‌ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ ဘန်‌ကောက် စက်မှုဇုန်တွင် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေသူ ‌စောအယ်‌စေးက“ကျ‌နော်အခု ပတ်စပို့စ် လာပြန်လုပ်တာ ထိုင်းသူ‌ဌေး‌တွေက ထိုင်းနိုင်ငံအလုပ်သမား ဥပ‌ဒေအရ တရားဝင်လုပ်ကိုင်ခွင့်ကို အတိအကျခန့်အပ်ထားမှ အလုပ်သမားအခွင့်အ‌ရေးနဲ့ လုပ်ခလစာ ခံစားခွင့်‌တွေ အပြည့်အဝရမှာပါမို့ပါ။ အ ရင်က တရားမဝင်သွားလုပ်ခဲ့တုန်းက ဘာမှအဖတ်မတင်ဘူး။ ပန်း‌ရောင်ကဒ်လုပ်ရ၊ ဘတ်ကဒ်လုပ်ရ၊ ပုလိပ်‌ကြေး‌ပေးရ၊ အိမ်ခန်းငှားပြီးခိုး‌နေရဆို‌တော့ အဆင်မ‌ပြေဘူး။ အခုက ထိုင်းသူ‌ဌေးက အားလုံး စီစဉ်‌ပေး ရမှာဆို‌တော့ စိတ်မပူထိ‌တော့ဘူး။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်တွင် စက်ရုံအလုပ်ရုံမရှိခြင်း၊ စိုက်ပျိုးစားရန် ကိုယ်ပိုင်‌မြေယာမရှိသည့်အ‌ပေါ် မယ်မယ်ရရ အလုပ်အကိုင်မရှိ‌သော‌ကြောင့် ယခုလို ထိုင်းနိုင်ငံသို့ သွား‌ရောက် အလုပ်လုပ်ကိုင်ရခြင်းဖြစ်‌ကြောင်း လည်း ‌စောအယ်‌စေးက ဆက်‌ပြောသည်။

ကရင်ပြည်နယ် နိုင်ငံကူးလက်မှတ်ထုတ်‌ပေး‌ရေးဌာန၏ စာရင်းအချက်အလက်များအရ ၂၀၁၆ ခုနှစ်တွင် နိုင်ငံကူးလက်မှတ် စာအုပ်‌ပေါင်း ၂၁,၀၀ဝ ‌ကျော် ထုတ်‌ပေးခဲ့ပြီး ယခု ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ မတ်လ ဒုတိယပတ်အထိ ၃ လနီးပါးကာလအတွင်း နိုင်ငံကူးလက်မှတ် စာအုပ်‌ပေါင်း ၁၆,၀၀၀‌ကျော် စိစစ်ထုတ် ‌ဝေ‌ပေးပြီးဖြစ်သည်။

ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ခလစာ အခွင့်အ‌ရေး နည်းပါးမှု‌ကြောင့် ‌ဒေသတွင်း ‌နေထိုင်သူများနှင့် မြန်မာပြည်တွင်းမှ ‌ရွှေ့‌ပြောင်းထွက်ခွာအလုပ်လုပ်ကိုင်လိုသူများသည် ရန်ကုန်၊ ဖားအံ ၊ မြဝတီမှ တစ်ဆင့် ထိုင်းနိုင်ငံ၊ မ‌လေးရှားနိုင်ငံများသို့ သွား‌ရောက် အလုပ်လုပ်ကိုင်‌နေကြခြင်းဖြစ်‌ကြောင်း နိုင်ငံကူးလက်မှတ်လာ‌ရောက်‌လျှောက်ထားသူများထံမှ သိရှိရသည်။