Home ထိပ်တန်းသတင်း KNU ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နည်းဥပ‌ဒေများကို ပြန်လည် ပြင်ဆင်ဖြည့်စွက် တိုးချဲ့ပြီး အတည်ပြု

KNU ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နည်းဥပ‌ဒေများကို ပြန်လည် ပြင်ဆင်ဖြည့်စွက် တိုးချဲ့ပြီး အတည်ပြု

2322

မတ် ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ဖားအံခရိုင်၊ ‌လေးဝါး(‌လော်ခီးလာ)တွင် ယ‌နေ့ (မတ် ၃ဝရက်) ကျင်းပသည့် ၁၆ ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်၏ ၁၃ ရက်‌မြောက်‌နေ့တွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နည်းဥပ‌ဒေ များကို ထပ်မံ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ပြန်လည်ပြင်ဆင်ဖြည့်စွက်တိုးချဲ့ခြင်းများဖြင့် အတည်ပြု လိုက်ပြီဖြစ်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နည်းဥပ‌ဒေများကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်‌နေ့မှ စတင်ကာ တက်‌ရောက်လာသည့် ကိုယ်စားလှယ်များ ‌လေ့လာသူများ၏ အကြိတ်အနယ် ‌ဆွေး‌နွေးမှုများဖြင့် ယ‌နေ့ နံ နက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်‌ကြောင်း ကွန်ဂရက် ကျင်းပ‌ရေး‌ကော်မတီဥက္ကဌ ပဒို‌စော‌သောသီဘွဲက ‌ပြောသည်။

၎င်းက “ဒီ‌နေ့‌တော့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနဲ့ နည်းဥပ‌ဒေ‌တွေကို ‌ဆွေး‌နွေးချိန်သာလျှင် ကြာမြင့်ပြီး‌တော့ ပြင် ဆင်ဖြည့်စွက်မှု‌တွေက‌တော့ အလွန်နည်းပါတယ်။ မရှိသ‌လောက်လို့‌တောင် ‌ပြောလို့ရတယ်။ သို့‌သော်လည်း ပဲ တက်‌ရောက်လာတဲ့ကိုယ်စားလှယ်‌တွေရဲ့အမြင် မရှင်းတာ‌လေး‌တွေ၊ ‌ရေးသားမှုအရ ကရင်လို ၊ မြန်မာလို အဓိပ္ပာယ် အထစ်အ‌ငေါ့‌လေး‌တွေ‌ကြောင့် ကြန့်ကြာတဲ့သ‌ဘော‌တော့ရှိတာ‌ပေါ့။ ဒါ‌ပေမဲ့ လို့လည်း အဲဒါ‌တွေ ကို ယ‌နေ့မနက်ပိုင်းမှာ အတည်ပြုလို့ရသွားပါတယ်” ဟု ‌ပြောသည်။

‌ကေအဲန်ယူမှ ပြဌာန်း‌ရေးဆွဲထားသည့် အ‌ခြေခံဥပ‌ဒေတွင် အပိုဒ် ၂၄ ပိုဒ်၊ နည်းဥပ‌ဒေတွင် အပိုဒ် ၂၁ ရှိပြီး အ‌ခြေ ခံမူများ၊ အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းပုံများ၊ ဌာန ၁၄ ခုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ လုပ်ငန်း‌ကော်မ တီ ၁ဝ ခုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ ဗဟို‌ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များ ပါဝင်‌ကြောင်း သိရ သည်။

ထိုအထဲမှ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် အပိုဒ် ၁ ပိုဒ်ထပ်တိုးခြင်း၊ နည်းဥပ‌ဒေထဲတွင်ပါဝင်သည့် လုပ်ငန်း‌ကော် မတီများထဲမှ ‌မြေယာ‌ကော်မတီ၊ လူ့အခွင့်အ‌ရေး‌ကော်မတီတို့ကို ထပ်မံတိုးချဲ့ခြင်းများပြုလုပ်ခဲ့ကြပြီး KNU ၏ ဖွဲ့စည်း အုပ်ချုပ်မှုအဆင့်ဆင့်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်‌ရေးနှင့် ဗဟို‌ကော်မတီဝင် တိုးချဲ့ခြင်း ဆိုင် ရာ ကိစ္စရပ်များတွင် အကြိတ်အနယ်‌ဆွေး‌နွေးမှုများရှိခဲ့သည့်အတွက် မဲခွဲပြီးဆုံးဖြတ်ခဲ့ရသည်။

မတ်လ ၁၄ ရက်မှ စတင်ကျင်းပသည့် ‌ကေအဲန်ယူ ကွန်ဂရက်တွင် ‌လေးနှစ်တာ ကာလလုပ်ငန်း အစီရင်ခံစာ များ၊ စစ်ဖက်ဆိုင်ရာအစီရင်ခံစာများ၊ လုပ်ငန်း‌ကော်မတီအစီရင်ခံစာများကို ‌ဆွေး‌နွေးအတည်ပြုနိုင်ခဲ့ပြီး ‌နောက် ယ‌နေ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့် နည်းဥပ‌ဒေများကို‌ဆွေး‌နွေးအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့‌နောက် လာမည့်‌နေ့များတွင် ‌ကေအဲန်ယူ၏ အ‌ခြေခံလမ်းစဉ်နှင့်လုပ်ငန်းစဉ်များကို် ‌ဆွေး‌နွေးအတည်ပြုကြ မည်ဖြစ်ပြီး ‌ရှေ့လုပ်ငန်းစဉ်များ‌ဆွေး‌နွေး ချမှတ်အတည်ပြုခြင်း၊ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များအား ပြန်လည် ‌ရွေး‌ကောက်ခြင်းအစီအစဉ်များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီထံမှ သိရ သည်။