Home သတင်း KNLA ၂၀၁ တပ်ရင်း ‌ထောက်လှမ်း‌ရေးမှူး ကင်ဆာ‌ရောဂါဖြင့် ကွယ်လွန်

KNLA ၂၀၁ တပ်ရင်း ‌ထောက်လှမ်း‌ရေးမှူး ကင်ဆာ‌ရောဂါဖြင့် ကွယ်လွန်

2497

မတ် ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ လက်‌အောက် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၆)၊ တပ်ရင်း ၂၀၁ ၏ ‌ထောက်လှမ်း‌ရေးမှူး ဗိုလ်‌စော‌ကျော်မိုး အသက်(၅၉)နှစ်သည် မတ် ၂၉ ရက် ‌နေ့တွင် အသည်းကင်ဆာ‌ရောဂါဖြင့် ကွယ်လွန်သွားသည်ဟု ၎င်းတပ်ရင်း တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြော သည်။

တပ်ရင်း၂၀၁ ဒုရင်းမှူး၊ ဗိုလ်မှူး‌စောကြည်‌အောင်က “သူ့အသည်းနဲ့အဆုတ်မ‌ကောင်း‌တော့ ‌ဆေးရုံတင်တယ်။ ‌ဆေးရုံတက်‌တော့ သက်သာလာတယ်။ ‌ဆေးရုံကဆင်းပြီး အုန်းဖျန်ကို တစ်ပတ်‌လောက်ပြန်နားတယ်။ တစ်ပတ် ‌ကျော်‌တော့ ‌ရောဂါကပြန်ဖြစ်ပြီး ‌ဆေးရုံပြန်တင်ရတယ်။ အဲ့မှာ နှစ်ညနဲ့တစ်ရက်‌လောက်မှာပဲ အသက်ဆုံး သွားတာပါ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တပ်ရင်းအတွင်း အားထားရသူ တစ်ဦး ကွယ်လွန်သွားသည့်အတွက် များစွာ နစ်နာမှုရှိသလို ၎င်း၏ ‌ထောက်လှမ်း‌ရေးမှူး တာဝန် ဆက်လက်ထမ်း‌ဆောင်မည့်သူကို လက်ရှိကျင်းပ‌နေသည့် ‌ကေအဲန်ယူ ကွန်ဂရက် ပြီးမှသာ အသစ်ပြန်လည် တာဝန်‌ပေးခန့်အပ်သွားမည်ဟု ဗိုလ်မှူး‌စောကြည်‌အောင်က ဆက်‌ပြောသည်။

ကွယ်လွန်သူ ဗိုလ်‌စော‌ကျော်မိုးသည် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်တွင် ‌မွေးဖွားခဲ့သူတစ်ဦးဖြစ် ကာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်သို့ ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီတွင် စတင်ဝင်‌ရောက်လာခဲ့ပြီး ယခင် ‌ကေအဲန်ယူဌာနချုပ်‌ဟောင်း မာနယ်ပ‌လော၌ ဗဟို‌ထောက်လှမ်း‌ရေးဌာနတွင် တပ်သားအဖြစ်စတင် တာဝန် ထမ်း‌ဆောင်ခဲ့သူ ဖြစ်သည်။

ထို့‌နောက် ၁၉၉၄ ခုနှစ် ‌မေလတွင် ဒုဗိုလ်ရာထူးဖြင့် ၁၀၃ တပ်ရင်း၌ တာဝန်ထမ်း‌ဆောင်ပြီး‌နောက် ‌ကေအဲန်ယူ ဘိတ်-ထားဝယ် ခရိုင် KNLA တပ်မဟာ(၄)၊ တပ်ရင်း၂၀၃ ၌ ဆက်လက်တာဝန်ထမ်း‌ဆောင်ကာ ၂၀၀၇ ခုနှစ် တွင် ၂၀၁ တပ်ရင်း၌ တပ်ရင်း‌ထောက်လှမ်း‌ရေးမှူးအဖြစ် တာဝန်ထမ်း‌ဆောင်ရင်း ထိုင်းနိုင်ငံ၊ အုန်းဖန်‌ဆေးရုံ၌ ယခုကဲ့သို့ ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဗိုလ်‌စော‌ကျော်မိုးသည် တစ်ဦးတည်း‌သော သားဖြစ်ပြီး ၎င်းကွယ်လွန်သွားပြီး‌နောက် ဇနီးသည် ‌နော်ထူး‌ဖော၊ သမီးကြီး ‌နော်စူးဆဲ၊ သားလတ်‌စောဟဲနရီနှင့် သား‌ထွေး ‌စောဂျူလိုင်ထူးတို့ ကျန်ရစ်ခဲ့သည်။