Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ အဆင့်တိုင်းတွင် ပိုမိုပါဝင်သွားရန် ကရင်အမျိုးသမီးအစည်းအရုံး ဆုံးဖြတ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ အဆင့်တိုင်းတွင် ပိုမိုပါဝင်သွားရန် ကရင်အမျိုးသမီးအစည်းအရုံး ဆုံးဖြတ်

1824

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသမီးအစည်းအရုံး-KWO အ‌နေဖြင့် လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ အဆင့်တိုင်းတွင် ပိုမိုပါ ဝင်လုပ်‌ဆောင်သွားရန် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်မှ ၂ဝ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ပြုလုပ်ခဲ့ သည့် KWO(ဗဟို)၏ ၇ ကြိမ်‌မြောက် ကွန်ဂရက်တွင် ဆုံးဖြတ်ခဲ့သည်။

လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၌ ကရင်အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ပါဝင်ရမှု အားနည်း‌နေ‌သော‌ကြောင့် အဆင့်တိုင်း မှာ ပိုမိုပါဝင်လာရန် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ KWO ကွန်ဂရက်တွင် ဒု-ဥက္ကဌအဖြစ် ‌ရွေး‌ကောက်တင် ‌မြှောက်ခံရသူ ‌နော်ဒါးဒါးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“နိုင်ငံ‌ရေးလှုပ်ရှားမှုအဆင့်တိုင်းမှာ မြို့နယ်၊ ခရိုင်၊ ဗဟိုအဆင့် အမျိုးသမီး‌တွေအားလုံး ဒီနိုင်ငံ‌ရေးမှာ ပါဝင်လှုပ်ရှား ဖို့ ဆုံးဖြတ်ခဲ့တာရှိတယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အမျိုးသမီး‌တွေ အင်တိုက်၊ အားတိုက်ပါဝင်မှ တည်တံ့တဲ့ ငြိမ်းချမ်း‌ရေးဖြစ် မယ်လို့ ကျမတို့ ‌မျှော်လင့်တယ်။ အဆင့်တိုင်းမှာ ပါဝင်နိုင်‌အောင်လည်း ကျမတို့ရဲ့ နိုင်ငံ‌ရေး အရည်အ‌သွေး ‌တွေကို မြှင့်တင်မှု‌တွေလည်း စွမ်း‌ဆောင်‌နေပါတယ်”ဟု သူမက ‌ပြောသည်။

ထို့အပြင် မိခင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လှုပ်ရှား‌ဆောင်ရွက်‌နေသည့် နိုင်ငံ‌ရေးလုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ပြီး အားနည်းချက် အားသာချက်များအ‌ပေါ် ပံ့ပိုးသွားရမည့် ပုံစံများကို ကွန်ဂရက်တွင် ‌ဆွေး‌နွေးဆုံးဖြတ် ထားမှုများရှိသည်ဟုလည်း ‌နော်ဒါးဒါးက ဖြည့်စွက် ‌ပြောဆိုသည်။

ယင်းဆုံးဖြတ်ချက်အ‌ပေါ် လူ့အခွင့်အ‌ရေးလှုပ်ရှားသူ ‌နော်အုန်းလှက “ငြိမ်းချမ်း‌ရေးမရှိခဲ့တဲ့အတွက် အမျိုးသမီး‌တွေပိုပြီး ‌တော့မှ ဒုက္ခ‌ရောက်ခဲ့တယ်။
လက်ရှိငြိမ်းချမ်း‌ရေးမှာ အမျိုးသမီး‌တွေရဲ့အသံပါဝင်ပြီး‌တော့မှ ပါဝင်မယ့် အပိုင်း‌တွေကို အဆင့် တိုင်း‌ပြောနိုင်မှသာလျှင် အမျိုးသမီး‌တွေရဲ့ အသံ‌ပေါ်လွင်မှာ။ ဒါမှလည်း အမျိုးသမီး‌တွေရဲ့ အခက်အခဲ‌တွေ အမျိုးသမီး‌တွေရဲ့ လိုအပ်ချက်‌တွေကို တင်ပြနိုင်မှာဖြစ်တဲ့အတွက် KWOရဲ့ ဆုံးဖြတ်ချက်က မှန်ပါတယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၈ ရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါ ကွန်ဂရက်သို့ ဗဟို၊ ခရိုင်များမှ ကရင်အမျိုးသမီး ညီလာခံ ကိုယ်စားလှယ်များ၊ ပြည်ပရှိ ကရင်အမျိုးသမီးကိုယ်စားလှယ်များနှင့် ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၁၅ဝ ဦးတက်‌ရောက်ခဲ့ပြီး ယခင်‌လေးနှစ်တာ အတွင်း ‌ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အားသာချက်၊ အားနည်းချက်နှင့် စိန်‌ခေါ်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြ သည်။

ထို့အပြင် ကရင်အမျိုးသမီးအစည်းအရုံး၏ ဖွဲ့စည်းပုံကို ဖြည့်စွက်ပြင်ဆင်ခြင်း၊ လာမည့်‌လေးနှစ်သက်တမ်း အတွက် ‌ရှေ့လုပ်ငန်းစဉ် နည်းဗျူဟာများ ချမှတ်ခြင်းနှင့် လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေများကို ‌ဝေဖန်သုံးသပ် ‌ဆွေး‌နွေးခဲ့ကြပြီး အမျိုးသမီးများအား ကာကွယ်‌စောင့်‌ရှောက်နိုင်မည့် တရားမျှတမှုနှင့် ကူညီပံ့ပိုးမှုများ ပိုမိုအား‌ကောင်းလာ‌စေရန် ဆက် လက် လုပ်‌ဆောင်သွားမည်ဟုလည်း ကွန်ဂရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။

၎င်းကွန်ဂရက်တွင် ဗဟိုအမြဲတမ်း‌ကော်မတီအဖွဲ့ဝင် ၄၅ ဦးနှင့် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီအဖွဲ့ ၁၁ ဦးကို ပြန်လည် ‌ရွေး‌ကောက်တင်‌မြှောက်ရာတွင် လူငယ်အမျိုးသမီးထက်ဝက်ခန့်ပါဝင်လာခဲ့ပြီး ဥက္ကဌအဖြစ် ပဒို‌နော်‌ဖော‌ဒေးတိုး၊ ဒု-ဥက္ကဌ ‌နော်ဒါးဒါး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖော၊ တွဲဖက်အတွင်း‌ရေးမှူး-၁ ‌နော်တာမလာ‌စောနှင့် တွဲဖက်အတွင်း‌ရေးမှူး-၂ ‌နော်‌စေး‌စေးဟဲတို့က တာဝန်ယူသွားမည်ဟု သိရသည်။

ကရင်အမျိုးသမီးအစည်းအရုံး KWOသည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်း၊ အမျိုးသမီးနှင့် က‌လေးသူငယ်များ အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှုများ ပ‌ပျောက်‌ရေးအတွက် ရည်ရွယ်၍ ၁၉၈၅ ခုနှစ်က KNU ၏ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လော တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ညီလာခံကို ‌လေးနှစ်တစ်ကြိမ် ကျင်းပလျှက်ရှိသည်။