Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ လွတ်လပ်စွာ သွားလာခွင့်ရမည့် CI လက်မှတ်ကို မတ်လ ၃ ရက်‌နေ့တွင် စတင်ပြုလုပ် နိုင်

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ လွတ်လပ်စွာ သွားလာခွင့်ရမည့် CI လက်မှတ်ကို မတ်လ ၃ ရက်‌နေ့တွင် စတင်ပြုလုပ် နိုင်

1362

‌ဖေ‌ဖော်ဝါရီ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံအစိုးရမှ ၎င်းတို့နိုင်ငံအတွင်း အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ရည်ရွယ်ပြီး ပြုလုပ်‌ပေးမည့် မည်သူမည်ဝါဖြစ်‌ကြောင်း သက်‌သေခံလက်မှတ် Certificate of Identity -CI ထုတ်‌ပေး‌ရေးလုပ်ငန်းစဉ် ကို လာမည့် မတ်လ ၃ ရက်‌နေ့မှ စတင်ကာ ပြုလုပ်နိုင်ပြီဖြစ်‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရတို့၏ ပူး‌ပေါင်းစီစဉ်မှုဖြင့် အဆိုပါ လုပ်ငန်းစဉ်ကို စတင်အ‌ကောင် အထည်‌ဖော်ခြင်းဖြစ်ပြီး မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ၎င်းသက်‌သေခံလက်မှတ်ထုတ်‌ပေးရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦး‌အောင်ကိုသန်းက ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့အ‌နေနဲ့လည်း ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ အဓိက က‌တော့ကိုယ့်နိုင်ငံသား‌တွေအ‌ထောက် အထား မှန်မှန်ကန်ကန်ရဖို့နဲ့ လွတ်လွတ်လပ်လပ်သွားလာခွင့်ရနိုင်ဖို့ အတွက်ပါ။ အဲဒီလက်မှတ်လုပ်ထားရင် ထိုင်းနိုင်ငံ အတွင်းမှာ လွတ်လွတ်လပ်လပ်သွားလာလို့ရပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် CI သက်‌သေခံလက်မှတ်ကို ထိုင်းနိုင်ငံရှိ စမုစခွန်(မဟာချိုင်)တွင် ၂ ‌နေရာ၊ စမုပရာကန်မြို့၊ မယ်ဆိုင်မြို့၊ မဲ‌ဆောက်မြို့နှင့် ရ‌နောင်းစသည့်မြို့များတွင် ထုတ်‌ပေးသွားမည်ဖြစ်ပြီး 7 Eleven စတိုးဆိုင်များ နှင့် Counter Service စသည့် ဝန်‌ဆောင်မှု‌ပေးသည့် ‌နေရာများတွင် CI စာအုပ်‌ကြေးကို မတ်လ ၁ ရက်‌နေ့မှ စတင်ကာ ‌ငွေ‌ပေးသွင်းနိုင်‌ကြောင်း သိရသည်။

အဆိုပါ CI သက်‌သေခံလက်မှတ်ပြုလုပ်ရာတွင် ဘတ်‌ငွေ ၁,၀၅ဝ ကုန်ကျမည်ဖြစ်ကာ သက်တမ်းမကုန်‌သေးသည့် ယာယီ‌နေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ပန်း‌ရောင်ကဒ်)ကိုင်‌ဆောင်သူများအပြင် နိုင်ငံသားစိစစ်‌ရေးကဒ်နှင့် အိမ်‌ထောင်စုစာရင်းမရှိသူများပါ ပြုလုပ်နိုင်‌ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအ‌နေဖြင့် ‌ဖော်ပြပါ အချက်များထဲမှ နိုင်ငံသားဖြစ်‌ကြောင်း အ‌ထောက်အထားပြနိုင်သူများမှာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ်ပြုလုပ်‌ရေးဌာနစိပ်တွင် တိုက်ရိုက်သွား ‌ရောက်ပြု လုပ်နိုင်ပြီး ပြုလုပ်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးမှ အ‌သေးစိတ် ထုတ်ပြန်ထားသည်။

မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ဦး‌အေး‌မောင်က “အဲဒီလက်မှတ်ကိစ္စက‌တော့ ကြားမိတယ်။ ဒါ‌ပေမဲ့ ဘာမှ‌သေချာမသိရ‌သေးဘူး။ တကယ်လို့ သူတို့‌ပြောတဲ့အတိုင်း လွတ်လွတ်လပ်လပ်နဲ့သွားလို့ရတယ်ဆို ကျ‌နော် တို့အတွက် အဆင်‌ပြေတယ်။ စာအုပ်‌ကြေးက‌တော့ ဒီနှုန်းထားအတိုင်းပဲ ‌ပြောထား‌ပေမယ့် လက်‌တွေ့မှာက ‌စောင့်ကြည့်ရအုံးမယ်” ဟု ‌ပြောသည်။

၎င်းသက်‌သေခံလက်မှတ်ကို ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများမှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ပြုလုပ်‌ပေးရန် သ‌ဘောတူညီမှုများရှိခဲ့‌သော်လည်း အ‌ကောင်အထည် ‌ဖော်နိုင်ခြင်းမရှိတဲ့အတွက် ယခုမှသာ ပြန်လည်အ ‌ကောင်အထည်‌ဖော်လိုက်ခြင်းဖြစ်သည်ဟု အလုပ်သမား အ‌ရေး‌ဆောင် ရွက်‌နေသည့် အဖွဲ့အစည်းများက ‌ပြောဆိုသည်။