Home သတင်း ကရင်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ စာတမ်းများအား ပြန်စိစစ် အ‌ချောသတ် အတည်ပြု

ကရင်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ စာတမ်းများအား ပြန်စိစစ် အ‌ချောသတ် အတည်ပြု

2197

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

ကရင်အမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီမှ ဦး‌ဆောင်ကာ ကရင့်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများမှ ထွက်‌ပေါ်လာသည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝ သယံဇာတ၊ ကာကွယ်‌ရေးနှင့် လုံခြုံ‌ရေးကဏ္ဍ ဆိုင်ရာစာတမ်း ၅ ခု အ‌ပေါ် ပြန်လည်စိစစ် အ‌ချောသတ်အတည်ပြုမှု အစည်းအ‌ဝေးကို ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်‌နေ့ အထိ ဖားအံမြို့ ၊ ရဲသာရွာသစ်ရှိ အာဂွါ‌ဗေခရစ်ယာန်ဘုရား‌ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

၎င်းအစည်းအ‌ဝေးတွင် ဇန်နဝါရီလက ဖားအံမြို့ ၊ သီရိဖားအံဟိုတယ်၌ ပြုလုပ်ခဲ့သည့် ကရင်လူမျိုးစုအလိုက် နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲနှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်‌မြေ ‌လော်ခီးလာ၌ ပြု လုပ်ခဲ့သည့် ကရင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတို့မှ စာတမ်းများအား ပြန်လည်စိစစ်ပြီး အ‌ချောသတ်ခြင်းနှင့် လုပ်ငန်းစဉ်များသုံးသပ်ခြင်းဖြစ်ပြီး ‌ရှေ့ဆက်လက် လုပ်‌ဆောင် မည့်လုပ်ငန်းအစီအစဉ်များ နှင့်ပတ်သက်၍ KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ယခုလို ‌ပြောသည်။

၎င်းက “အခုနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မှာ ကရင့်တစ်မျိုးသားလုံးရဲ့ အမြင်သ‌ဘောထား ရရှိဖို့ စုစုစည်းစည်း ‌ဆောင်ရွက်ဖို့ သ‌ဘောထားရယူပြီး‌ဆောင်ရွက်သွားမယ်။ အ‌ချောသတ်‌ရေးဆွဲပြုစုထားတဲ့စာတမ်း ‌တွေကို UPDJC (ပြည်‌ထောင်စု ငြိမ်း ချမ်း‌ရေးပူးတွဲ‌ဆွေး‌နွေးမှု ‌ကော်မတီ) တင်မယ်။ အဲဒီက‌နေ ငြိမ်း ချမ်း‌ရေး‌ဆွေး‌နွေးပွဲမှာ တင်သွင်းမယ်။ ငြိမ်းချမ်း‌ရေး ညီလာခံ ကျင်းပ‌ရေး‌ကော်မတီက သတ်မှတ်‌ပေး တဲ့ လူဦး‌ရေအချိုးအစားအတိုင်း လက်နက်ကိုင် အဖွဲ့‌တွေနဲ့ လူပုဂ္ဂိုလ်‌တွေ တက်‌ရောက်‌ဆွေး‌နွေးကြ မယ်”ဟု ‌ပြောဆိုသည်။

နှစ်ရက်တာ အစည်းအ‌ဝေးပွဲတွင် အဆိုပါ စာတမ်းများမှ စာသား၊ သတ်ပုံသတ်ညွှန်း၊ ဝါကျ၊ စကားလုံး အထားအသိုများကို အ‌ချောသတ်‌ရေးဆွဲပြုပြင်မှုများအပြင် နည်းပညာ အ‌ထောက်အကူပြု အဖွဲ့များဖွဲ့ စည်း‌ဆောင်ရွက်ခြင်းကိစ္စ၊ မှတ်တမ်း ဆိုင်ရာနှင့် အ‌ထွေ‌ထွေကိစ္စနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီရှိ ကဏ္ဍအသီးသီးမှ ကိုယ်စားပြုသူ ၄ဝ ‌ကျော်ဖြင့် သုံးသပ်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ကရင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် အ‌ထောက်အကူပြုအဖွဲ့တွင် ပါဝင်‌ဆောင်ရွက်‌ပေး‌နေသူ နန်းမြ သီတာက
“အခုလို ပြန်လည်း ‌ဆွေး‌နွေးသုံးသပ်ပွဲ‌လေးကျင်းပတာ ‌ကောင်းပါတယ်။ ဒါက ‌ရှေ့ ဆက် သွားရမယ့် အဆင့်တစ်ခုအ‌နေနဲ့ပဲ ရှိပါ‌သေးတယ်။ စုဖွဲ့မှုနဲ့အ‌ထောက်အကူပြုမှု အပိုင်းမှာ‌တော့ အား နည်းတာ‌တွေ ရှိ‌နေ‌သေးတယ်။ ‌ဒေသအလိုက် ကျင်းပတဲ့ပွဲ‌တွေမှာလည်း ဒီလိုပဲ အ‌ထောက်အကူပြုမှု‌တွေ ဝိုင်းလုပ်ရင်းနဲ့ ဖြည့်တင်း‌ဆောင်ရွက်သွားမှာပါ။” ဟု ‌ပြော သည်။

ယင်း ‌ဆွေး‌နွေးပွဲမှ အ‌ထောက်အကူပြုအဖွဲ့များအား စုစည်းခိုင်မာ‌အောင် ဖွဲ့စည်းလုပ်‌ဆောင်ရန်၊ ငြိမ်းချမ်း‌ရေးလုပ် ငန်း စဉ်နှင့် ကရင့်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများအ‌ကြောင်း မှတ်တမ်းစာအုပ်၊ ရုပ်သံ မှတ်တမ်းများကို ထုတ်လုပ်သွားရန် စသည့် အ‌ခြေခံအချက် ၁၅ ကို ချမှတ်ပြီး ‌ဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း သိရှိရသည်။