Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

1859
“ကွဲပြား‌နေတဲ့ ပိုးကရင်စာကို စံတစ်ခုအဖြစ် သတ်မှတ်နိုင်ဖို့ ကြိုးပမ်းလုပ်‌ဆောင်သွားမယ်”

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းမှာ ‌နေရာ‌ဒေသအ‌ပေါ် မူတည်ပြီး ‌လေယူ‌လေသိမ်းနဲ့ အ‌ရေးအသားအပိုင်း အနည်းငယ် ကွဲပြား ‌နေတဲ့ ပိုးကရင်စာ(ဖလုံး)ကို စံတစ်ခု သတ်မှတ်နိုင်‌ရေးအတွက် ကြိုးပမ်းလုပ်‌ဆောင်သွားမယ်လို့ ထုတ်‌ဖော်‌ပြောဆိုလာသူက ‌တော့ အ‌နောက်ပိုးကရင်စာ‌ပေအကျိုးပြု ကရင်လူငယ်အဖွဲ့ကို ဦး‌ဆောင်တည်‌ထောင်ခဲ့သူတဦးလည်းဖြစ်၊ လတ်တ‌လောမှာ ၂၀၁၆ ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို အ‌ရွေးချယ်ခံကာ ရရှိခဲ့သူ စသူလှိုင်ဝင်းပဲ ဖြစ်ပါတယ်။

သူ့ကို ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံ‌ပျော်မြို့နယ်၊ ‌တောကြီးအုပ်စု၊ ပန်းမြိုင်ကုန်း‌ကျေးရွာမှာ အဖ မန်း‌စောဝင်း အမိုး ‌နော်‌ဖောမူ ဝါးတို့က ၁၉၈၁ခုနှစ်မှာ ‌မွေးဖွားခဲ့ပါတယ်။ ‌မွေးချင်း‌မောင်နှမ ၆‌ယောက်ရှိတဲ့အနက် ဒုတိယ‌မြောက်သားဖြစ်ပါတယ်။ သူ့ရဲ့မိဘ အသိုင်းအဝိုင်းဟာ အမျိုးသား‌ရေး စိတ်အားထက်သန်တဲ့သူ‌တွေဖြစ်‌ပေမဲ့ ‌ခေတ်စနစ် အ‌ခြေအ‌နေအရ ငယ်စဉ်အချိန်မှာ အမျိုး သား‌ရေးနဲ့ ဆိုင်တဲ့သမိုင်း‌တွေကို‌တော့ ‌သေ‌သေချာချာ မသိရှိခဲ့ရဘူးလို့ သူက ‌ပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့ ဘဝ‌ပေးအ‌ခြေအ‌နေအရ ပညာ‌ရေးကို ဆုံးခန်းတိုင်အထိ မသင်ယူနိုင်ဘဲ အ‌ဝေးသင်တက္ကသိုလ် ဒုတိယနှစ်၊ သမိုင်းဘာသာရပ်ကို သင်ယူရင်း ‌ကျောင်းထွက်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ ‌တောင်ကိုးရီးယားနိုင်ငံရဲ့ စိုက်ပျိုး‌ရေးလုပ်ငန်းတခုမှာ သွား ‌ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သူ့အ‌နေနဲ့ အလုပ်လုပ်‌နေရင်း မြစ်ဝကျွန်း‌ပေါ်မှာရှိတဲ့ ကရင်လူမျိုးတို့ရဲ့ စာ‌ပေ၊ စကားနဲ့ ယဉ်‌ကျေးမှု အပိုင်း အားအင်ယုတ်‌လျော့လာတာကို သတိပြုမိပြီး အ‌နောက်ပိုးကရင်စာ‌ပေ မြှင့်တင်‌ရေးလုပ်ငန်း‌တွေလုပ်‌ဆောင်ဖို့ ‌တောင်ကို ရီးယား‌ရောက် ကရင်လူမှုအဖွဲ့အစည်း‌တွေနဲ့ ‌ဆွေး‌နွေးတိုင်ပင်ပြီး စတင်လုပ်‌ဆောင်ခဲ့ပုံကို အခုလို ပြန်‌ပြောပြပါတယ်။

“စဖြစ်တဲ့ အ‌ကြောင်းအရာက‌တော့ ကိုရီးယားမှာ နှစ် ၂၀‌လောက် ‌ရောက်‌နေတဲ့ မန်းကဲနက်မိုးတို့၊ မန်းသက်နိုင်ဦးတို့၊ မန်း ‌အောင်လွင်တို့က လမ်းညွှန်တယ်။ ကိုရီးယားလူငယ်‌တွေကို စည်းရုံးလိုက်တယ်။ အဲ့ဒီက‌နေမှတဆင့် မ‌လေးရှားက စလားဖန်း၊ စရှာဖန်းတို့နဲ ့ချိတ်ဆက်မိတယ်။ ‌နောက် ပြည်တွင်းမှာ‌ရော ဒူဘိုင်း၊ ထိုင်းနဲ့ စင်ကာပူက ကရင်လူငယ်‌တွေနဲ့ အွန်လိုင်းက ချိတ် ဆက်တယ်။ အွန်လိုင်းမှာ ဂရု(group)လုပ်၊ ၂၀၁၄ ‌အောက်တိုဘာမှာ စု‌ပေါင်းပြီး အဖွဲ့နာမည်ကို ‌ရွေးတယ်။ ရံပုံ‌ငွေရှာပြီး စလုပ် ဖြစ်ခဲ့တာပါ”လို့ ‌ပြောပါတယ်။

ဒီလိုနဲ့ ၂၀၁၅ခုနှစ်မှာ အလုပ်က ခွင့်ရတဲ့အချိန် ပြည်တွင်းကိုပြန်လာပြီး ‌နွေရာသီ ကရင်စာ‌ပေသင်ကြား‌ရေးကို စသူလှိုင်ဝင်း ကိုယ်တိုင် စတင် အ‌ကောင်အထည်‌ဖော်ခဲ့ပါတယ်။ ‌ရေကြည်၊ ကျုံ‌ပျော်၊ ‌ကျောင်းကုန်း စတဲ့မြို့နယ်‌တွေမှာ နှစ်‌ပေါင်း ၄ဝခန့် ကရင်စာ‌ပေ သင်ကြားခြင်းမရှိတဲ့ ‌ကျေးရွာ ၈ရွာကို သွား‌ရောက်စည်းရုံးပြီး ‌နွေရာသီကရင်စာ‌ပေသင်တန်း‌တွေကို ဖွင့်လှစ်ခဲ့ပါ တယ်။ လိုအပ်တဲ့ သင်ရိုးစာအုပ်၊ ဗလာစာအုပ်နဲ့ ခဲတံ၊ စာ‌ပေသင်ကြား‌ပေးတဲ့ ဆရာ၊ ဆရာမ‌တွေကိုလည်း သူတို့အဖွဲ့က ပံ့ပိုး ‌ပေးခဲ့ပါတယ်။

သူတို့ အဖွဲ့အ‌နေနဲ့ ပြည်ပ‌ရောက် ကရင်လူမှုအဖွဲ့အစည်း‌တွေရဲ့ အကူအညီနဲ့ ၂၀၁၆ခုနှစ်၊ ‌နွေရာသီ ကရင်စာသင်တန်း‌တွေကို အာဇာနည်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့ဇာတိရွာ ဟသင်္ာတမြို့နယ်၊ ယုံတလင်း‌ကျေးရွာ အပါအဝင် ဧရာဝတီတိုင်း၊ မြို့နယ် ၁၃မြို့နယ်က ရွာ‌ပေါင်း ၅ဝခန့်၊ စာသင်ဝိုင်း ၆၀‌ကျော်မှ ကရင်က‌လေးငယ် ၃၀၀၀‌ကျော်ကို သင်ကြား‌ပေးနိုင်ခဲ့ပါတယ်။

အဖွဲ့ရဲ့ ‌ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စသူလှိုင်ဝင်းက “လူငယ်တာဝန်ခံအားလုံး တိုင်ပင်ပြီး‌တော့ ‌ရှေ့ဆက်ပြီး‌တော့ လုပ်မဲ့ပုံစံ က ကျ‌နော်တို့ မြစ်ဝကျွန်း‌ပေါ်မှာ ပိုးကရင်စာ‌ပေါ့‌နော်။ ‌နေရာ‌ဒေသလိုက်ပြီး ‌လေယူ‌လေသိမ်း ကွဲပြားတဲ့အ‌ပေါ်မှာ အ‌ရေးအသား ကွဲပြားမှု၊ ဒါ‌တွေကို လူကြီး‌တွေအ‌နေနဲ့ ပိုးကရင်စာ(ဖလုံး)ကို စံစာ‌ပေတခုအဖြစ် သတ်မှတ်‌ပေးဖို့အတွက် လူငယ်‌တွေအ‌နေနဲ့ တိုက်တွန်းမယ်။ ‌နွေရာသီ ကရင်စာသင်ကြား‌ရေးကိုလည်း ဆက် လုပ်သွားမယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ အ‌နောက်ပိုးစာ‌ပေ အကျိုးပြုလူငယ်အဖွဲ့ ‌တောင်ကိုးရီးယားဌာနခွဲ တာဝန်ခံအဖြစ်လည်း‌ကောင်း၊ ကိုရီးယားကရင်အ ဖွဲ့အစည်း (Korea Karen Organization-KKO) စာ‌ပေယဉ်‌ကျေးမှုတာဝန်ခံအဖြစ် တာဝန်ယူထားတဲ့ စသူလှိုင်ဝင်းက လူငယ် ‌တွေအ‌နေနဲ့ ကိုယ့်လူမျိုးအတွက် ကိုယ်တတ်မှ၊ ဘွဲ့ရပညာတတ်ဖြစ်မှ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ရှိတဲ့ အင်အား‌လေးနဲ့ ရှိတဲ့‌နေရာ၊ ‌ရောက်‌နေတဲ့ ‌ဒေသမ‌ရွေး ကိုယ်နိုင်သ‌လောက် စလုပ်ပါလို့ ကရင်သတင်းစဉ်ကတဆင့် တိုက်တွန်း‌ပြောဆိုလိုက်ပါတယ်။

‌ဖေ‌ဖော်ဝါရီ ၂၄၊ ၂၀၁၇