Home သတင်း က‌လေးသူငယ်ကုန်ကူးမှု ရပ်တန့်‌ရေး ပညာ‌ပေးလှုပ်ရှားမှုတစ်ရပ် ပူး‌ပေါင်းပြုလုပ်

က‌လေးသူငယ်ကုန်ကူးမှု ရပ်တန့်‌ရေး ပညာ‌ပေးလှုပ်ရှားမှုတစ်ရပ် ပူး‌ပေါင်းပြုလုပ်

1724

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ZOE international foundation အဖွဲ့နှင့် မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းတစ်ခုဖြစ်သည့် က‌လေးများ ဖွံ့ဖြိုး‌ရေးစင်တာ-CDC အထက်တန်း‌ကျောင်းရှိ ‌ကျောင်းသူ၊‌ကျောင်းသားများ ပူး‌ပေါင်း၍ က‌လေးသူငယ်ကုန်ကူးမှုရပ်တန့်‌ရေး (Stop Child Trafficking) အသိပညာ‌ပေးလှုပ်ရှားမှုတစ်ရပ်ကို ‌ဖေ‌ဖော်ဝါရီလ၂၄ရက်(ယ‌နေ့)တွင် CDC ‌ကျောင်း၌ ပြုလုပ်ခဲ့ သည်။

မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသူ၊‌ကျောင်းသားများအ‌နေဖြင့် က‌လေးသူငယ်လူကုန်ကူးမှုနှင့်ပတ်သက်ပြီး သတိထားနိုင်ရန်နှင့် လူ ကုန်ကူးခံရသူများအား ‌တွေ့ရှိပါက ၎င်းတို့အား အသိ‌ပေးနိုင်ရန်ရည်ရွယ်၍ ပညာ‌ပေးလှုပ်ရှားမှုကို လာ‌ရောက်လုပ်‌ဆောင်ရခြင်း ဖြစ်‌ကြောင်း ဦး‌ဆောင်စီစဉ်သူ ‌စောဆို့‌ဂေက ‌ပြောသည်။

“CDC‌ကျောင်းသူ၊‌ကျောင်းသား‌တွေက များ‌သောအားဖြင့် မြန်မာပြည်ဘက်ခြမ်းက ဖြစ်တယ်။ သူတို့က ဖြား‌ယောင်း‌သွေး‌ဆောင် ပြီး လိမ်လည်ခံရဖို့ လွယ်တယ်။ ဒါ‌ကြောင့် က‌လေး‌တွေကို သတိထားနိုင်ဖို့ အသိပညာလာ‌ပေးတာ‌ပေါ့။ တကယ်လို့ သူတို့မိသား စု ညီအစ်ကို‌မောင်နှမ‌တွေကို ပြန်‌ပြောပြမယ်ဆိုရင် ဒီ‌ဘေးရန်‌တွေက‌နေ လွတ်‌မြောက်ကြလိမ့်မယ်”ဟု ZOE ၏ က‌လေးကယ် ဆယ်‌ရေးမန်‌နေဂျာ ‌စောဆို့‌ဂေက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ပညာ‌ပေးမှုတွင် CDC ‌ကျောင်းမှ ‌ကျောင်းသူ၊‌ကျောင်းသား ၈၀၀‌ကျော်ကို လူကုန်ကူးမှုနှင့် ပတ်သက်သည့် အ‌မေးအ‌ဖြေစကားဝိုင်းများ၊ အားကစား ၁၄မျိုးနှင့် အဖွဲ့အလိုက် သီချင်းဆိုပြိုင်ပွဲများကို ပညာ‌ပေးလှုပ်ရှားသူ ZOE အဖွဲ့ဝင် ၆ဝဦး က ဦး‌ဆောင်၍ လှုပ်ရှားမှုပြုလုပ်‌ပေးခဲ့သည်။

CDC အထက်တန်း‌ကျောင်းသူ ‌နော်မုအဲက “ဒီလိုအစီအစဉ်မျိုးလုပ်‌ပေးခြင်းက ကျမတို့လို က‌လေး‌တွေအတွက် အများကြီး အကျိုးရှိပါတယ်။ မူလတန်းက‌လေးငယ်‌လေး‌တွေဆိုလည်း လူကုန်ကူးမှုအ‌ကြောင်းသိရပြီး ဒါကို‌ကြောက်ရွံ့တတ်လာမယ်။ ကျမ တို့လိုကျ‌တော့လည်း အသိပညာ‌တွေ ပိုရလာတာ‌ပေါ့။ ဒီလိုလူကုန်ကူးမှုကို ကျမအ‌နေနဲ့ လုံးဝ ပ‌ပျောက်သွား‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာ‌ရောက်အလုပ်လုပ်ကိုင်‌နေကြသူများ၊ က‌လေးသူငယ်များသည် လူကုန်ကူးခံရရန် အဓိကသား ‌ကောင်များဖြစ်‌နေပြီး ထိုသို့ အလုပ်အကိုင်ရှာ‌ဖွေရန် ‌ရောက်ရှိလာကြသူများထဲတွင် အသက်မပြည့်‌သေးသည့် က‌လေးငယ်များ ပါဝင်လျှက်ရှိရာ ၎င်းတို့ကို နယ်စပ်မှတဆင့် နည်းလမ်းအမျိုးမျိုးဖြင့် လူကုန်ကူး‌နေသည်ဟု က‌လေးအခွင့်အ‌ရေးလှုပ်ရှားသူများ က ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ‌မွေးကင်းစအရွယ်မှ အသက် ၁၈နှစ်အရွယ်က‌လေးသူငယ်များကို အခ‌ကြေး‌ငွေဖြင့် ‌ရောင်းစား‌နေကြ သည့် ဖြစ်ရပ်များရှိ‌နေပြီး ဆယ်‌ကျော်သက်အရွယ်အများစုမှာ လုပ်ငန်းခွင်နှင့် ငါးဖမ်း‌လှေများတွင် က‌လေးလုပ်သားများအဖြစ် ‌ရောင်းစားခံကြရ‌သော‌ကြောင့် က‌လေးကူးသန်း‌ရောင်းဝယ်‌ရေးပ‌ပျောက်မှုများကို နယ်စပ်‌ဒေသများတွင် လူကုန်ကူးမှုပ‌ပျောက် ‌ရေးလှုပ်ရှားသူများက ကျယ်ပြန့်စွာ လှုပ်ရှား‌ဆောင်ရွက်လာခြင်းဖြစ်သည်။

CDC ဒု-‌ကျောင်းအုပ် ‌စောမျိုးညွန့်က “အရင်တုန်းက ဒီလိုအလားတူ ပူး‌ပေါင်းလှုပ်ရှားမှုမျိုး‌တွေရှိပါတယ်။ ဒါ‌ပေမဲ့ ဒီ‌နေ့အစီအစဉ် မျိုးလို ‌ကျောင်းသားအားလုံး ပူး‌ပေါင်းပါဝင်ခဲ့ရတာမျိုး မဟုတ်ဘူး။ အသက်အရွယ်အပိုင်းအခြား အ‌ရေအတွက်အရပဲ ပါဝင်ကြရ တာ။ အခုကျ‌တော့ အားလုံးပါဝင်ကြရတယ်ဆို‌တော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိလာကြတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ZOE international foundation အဖွဲ့သည် ၂၀၀၇ခုနှစ်တွင် ထိုင်းနိုင်ငံ၌ တရားဝင် အဖွဲ့အစည်းဖြစ်လာပြီး လူကုန်ကူးမှု၊ က‌လေးကူးသန်း‌ရောင်းဝယ်မှု ရပ်တန့်‌ရေးလှုပ်ရှားမှုများနှင့် အခမဲ့ ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများကို လိုက်လံ‌ဆောင်ရွက်‌ပေး ‌နေသည့်အဖွဲ့ဖြစ်သည်။