Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်‌ကျေးရွာတွင် မူးယစ်‌ဆေး‌ရောင်းဝယ်သူ (၈)ဦး ဖမ်းဆီးရမိ

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်‌ကျေးရွာတွင် မူးယစ်‌ဆေး‌ရောင်းဝယ်သူ (၈)ဦး ဖမ်းဆီးရမိ

2254

စက်တင်ဘာ ၂၄ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောမြတ်ဦးသာ

မြို့နယ်အဆင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဦးစီး၍ အမှတ်(၁၀၂၁)နယ်ခြား‌စောင့်တပ်နှင့် ‌ကျေးရွာအုပ်ချုပ်‌ရေးအဖွဲ့များနှင့်ပူး‌ပေါင်းကာ (WY)စိတ်ကြွ‌ဆေးပြား ‌ရောင်းဝယ်သူ(၈)ဦးကို ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်‌ကျေးရွာ၌ စက်တင်ဘာ ၂၄ ရက်‌နေ့၊ နံနက်တွင် ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

‌ဒေသခံများ၏ သတင်း‌ပေးချက်အရ မူးယစ်‌ဆေး‌ရောင်းဝယ်သည့် နန်းလှလှ‌အေး (၅၈)နှစ်၊ ‌စော‌မောင်ဝင်း ‌ရွှေ (၅၈)နှစ်၊ ‌စောမူလူ (၄၀)နှစ်၊ ‌စောညို‌ချော (၃၅)နှစ်၊ ‌မောင်စဉ်ဦး (၃၂)နှစ်၊ ‌စော‌ကျော်လှဟန် (၄၈)နှစ်၊ ‌စောအကျူ (၄၁)နှစ်နှင့် ‌စော‌ကောက်ရ (၄၀)နှစ်တို့ကို ၎င်းတို့‌နေထိုင်ရာ ‌နေအိမ်အသီးသီးတွင် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု KNU လက်‌အောက်ခံ KNLA ဒုခွဲမှူး ဗိုလ်‌စောရဲ‌လေးက ‌ပြောသည်။

“ဖမ်းဆီးထားတဲ့ ဒီလူ‌တွေကို ကရင်အမျိုးသားအစည်းရုံးက ပြဋ္ဌာန်းထားတဲ့ ‌ကော်သူး‌လေ(၁/၂၀၁၄) မူးယစ် အထူးဥပ‌ဒေအရ ဆက်လက်‌ဆောင်ရွက်သွားမယ်။ မူးယစ်‌ဆေး‌ရောင်းဝယ်မှုနဲ့ပတ်သက်ပြီး ဘယ်လို ဆက်စပ်မှု‌တွေ ရှိ‌နေကြလဲဆိုတာ သူတို့ကို ‌မေးမြန်း‌ဖော်ထုတ် အ‌ရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်‌စောရဲ‌လေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

စိတ်ကြွ‌ဆေးပြားသည် တစ်နိုင်ငံလုံး ပျံ့နှံ့လျှက်ရှိပြီး ယခုလို မူးယစ်‌ဆေးဝါး‌ကြောင့် မြို့နှင့် ‌ကျေးရွာရှိ မိမိတို့ လူမျိုးများသည် ‌နေ့စဉ်နှင့်အမျှ ဘဝဖျက်ဆီး‌နေရသည့်အတွက် အစိုးရအပြင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးမှာ တာဝန်ရှိ‌ကြောင်းနှင့် ပူး‌ပေါင်း‌ဆောင်ရွက်လုပ်‌ဆောင်ပါက ပိုမို ထိ‌ရောက်မည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ဖမ်းဆီးရမိသည့် မူးယစ်‌ဆေး‌ရောင်းဝယ်သူများကို ၎င်း‌ဒေသရှိ ဖားပြ‌ကျေးရွာ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)၏ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဖမ်းဆီးခဲ့စဉ်က စုစု‌ပေါင်း စိတ်ကြွ‌ဆေးပြား (၁၀၀၀)‌ကျော်နှင့် ကျပ်‌ငွေ ၂သိန်း‌ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုကိစ္စအ‌ပေါ် ခလယ်‌ကျေးရွာ ‌ဒေသခံ ‌စောမြဝင်းက “ဒီကိစ္စ လုပ်သင့်တာ ကြာပါပြီ။ လူထု‌တွေကလည်း မူးယစ်‌ဆေးဝါးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ‌တွေနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ လိုတယ်။ ထုတ်ပြန်ထားတဲ့ မူးယစ် ဥပ‌ဒေအရ အဆင့်အတန်း၊ လူမျိုးမခွဲခြားဘဲ မူးယစ်‌ဆေးဝါး‌ရောင်းဝယ် သုံးစွဲသူမည်သူမဆို သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေအားလုံး ထိထိ‌ရောက်‌ရောက် အ‌ရေးယူ‌ဆောင်ရွက်‌ပေးဖို့ တိုက်တွန်းချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ဇွန်လမှစ၍ အဆိုပါ‌ဒေသရှိ KNU သည် မူးယစ်‌ဆေးဝါးကို အရှိန်အဟုန်မြင့် တိုက်ဖျက်ရာတွင် မူးယစ်‌ဆေး‌ရောင်းဝယ် သုံးစွဲသူ‌ပေါင်း (၂၀၀)‌ကျော်ဖမ်းဆီးအ‌ရေးယူနိုင်ခဲ့ပြီး အလားတူ ဆက်လက်ပြီး လုပ်‌ဆောင်သွားမည်ဟု KNU တာဝန်ရှိသူများထံမှ သိရသည်။