Home သတင်း သတ္တုတူး‌ဖော်မှုများ စနစ်တကျကြပ်မတ်သွားရန် KNU သတ္တုနှင့်မိုင်းဌာနတာဝန်ခံ တိုက်တွန်း

သတ္တုတူး‌ဖော်မှုများ စနစ်တကျကြပ်မတ်သွားရန် KNU သတ္တုနှင့်မိုင်းဌာနတာဝန်ခံ တိုက်တွန်း

1755

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်‌မြေများအတွင်းရှိ သတ္တုနှင့်မိုင်းတူး‌ဖော်လုပ်‌ဆောင်‌နေမှုများကို စနစ်တကျ ထိန်းသိမ်း ကြပ်မတ်သွားရန် လှိုင်းဘွဲမြို့နယ်၊ ‌လေး‌ကေ‌ကော်မြို့သစ်တွင် စက်တင်ဘာလ ၂ဝရက်နှင့်၂၁ရက်‌နေ့တို့တွင် ပြုလုပ်ခဲ့သည့် KNU ဗဟို သတ္တုနှင့် မိုင်းဌာန၏ နှစ်ပတ်လည် ပုံမှန်အစည်းအ‌ဝေးတွင် ယင်းဌာန၏ တာဝန်ခံ ပဒို‌စောကယ်လဲက တိုက်တွန်း ‌ပြောကြားခဲ့သည်။

၎င်းက “သတ္တု၊ မိုင်းကိစ္စ‌တွေနဲ့ပတ်သက်လို့ ကျ‌နော်တို့‌တွေ လူထု‌တွေနဲ့ NGO ‌တွေနဲ့‌ရော ခဏခဏ ပြဿနာတက်တဲ့အ‌ပေါ် ဒီချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း‌တွေကို လိုက်နာပြီး စနစ်တကျနဲ့ လုပ်‌ဆောင်သွားကြဖို့ ‌ဆွေး‌နွေးပြီး နည်းနည်းသတိ‌ပေး လိုက်တဲ့ သ‌ဘောပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နှစ်လျှင်တစ်ကြိမ် ပုံမှန်‌ခေါ်ယူပြုလုပ်သည့် ယင်းသတ္တုနှင့် မိုင်းဌာနအစည်းအ‌ဝေးသို့ KNU ၏ ဖာပွန်နှင့် ဒူးပလာယာခရိုင် မှလွဲ၍ ကျန်ရှိသည့် ခရိုင် ၅ခုမှ တာဝန်ခံများ တက်‌ရောက်ခဲ့ကြပြီး ခရိုင်အဆင့်ဌာနများ၏ တစ်နှစ်တာ အစီရင်ခံစာများ တင် သွင်းကာ ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့‌ကြောင်းလည်း သိရသည်။

KNU နယ်‌မြေများအတွင်း KNU ၏ ခွင့်ပြုချက်ဖြင့်‌သော်လည်း‌ကောင်း၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့်‌သော်လည်း‌ကောင်း၊ ကုမ္ပဏီအ ချို့က ‌ရွှေတူး‌ဖော်ခြင်း၊ ခ‌နောက်စိမ်းနှင့် ‌ကျောက်မီး‌သွေး တူး‌ဖော်မှုများရှိရာတွင် ‌နောက်ဆက်တွဲ ဆိုးကျိုးဖြစ်‌ပေါ်မှုများလည်းရှိ ‌နေ‌ကြောင်း ကရင်လူမှုအဖွဲ့များဘက်မှ ‌ပြောဆိုမှုများရှိသည်။

ဆက်လက်၍ ပဒို‌စောကယ့်လဲက “စည်းမျဉ်းစည်းကမ်း‌တွေ‌တော့ရှိတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ တာဝန်ခံ‌တွေကိုယ်တိုင်က လည်း အားနည်းတာ‌တွေ ရှိတယ်။ ပညာရှင်‌ရော အသိပညာ‌တွေအတွက် သင်တန်း‌ပေးတာလည်း အားနည်းတယ်။ ကျ‌နော်တို့ အဖက်ဖက်မှာ အားနည်း‌နေတယ်။ ဒီဟာ‌တွေကို တတ်သိပညာရှင်‌တွေနဲ့ ‌သေချာတိုင်ပင်ပြီး ဆက်လုပ်သွားရမှာပဲ ဖြစ်ပါတယ်” ဟု ‌ပြောသည်။
12188468_10206950671037903_748269956_n
KNU နှင့် အစိုးရတို့ ၂၀၁၂ခုနှစ် အပစ်ခတ်ရပ်စဲပြီး‌နောက်ပိုင်း လက်ရှိ KNU ခရိုင်များဖြစ်သည့် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင် နှင့် ဖာပွန်တို့တွင် ‌ရွှေတူး‌ဖော်မှုအများဆုံးဖြစ်ပြီး ခ‌နောက်စိမ်းသတ္တုကို ဒူးပလာယာခရိုင်တို့အပြင် ဘိတ်-ထားဝယ်ခရိုင်တို့၌ လည်း ‌ကျောက်မီး‌သွေးတူး‌ဖော်မှုများ ရှိ‌နေ‌ကြောင်း သိရသည်။

အဆိုပါ သတ္တုတူး‌ဖော်မှုများ‌ကြောင့် ‌ဒေသခံများ၏ လယ်ယာ‌မြေဆုံးရှုံးမှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် မြစ်‌ချောင်းထိခိုက်မှုများ ‌ဒေသခံများ၏ ကန့်ကွက်မှုများ‌ကြောင့် KNU ဘက်မှ ‌ညောင်‌လေးပင်ခရိုင်၊ ဒူးပလာယာခရိုင်၊ ဖာပွန်ခရိုင်များရှိ ကုမ္ပဏီများ၏ စည်းကမ်းမဲ့သတ္တုတူး‌ဖော်မှုအချို့ကို ကန့်ကွက်မှု၊ ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့ဖူးသည်။

မြစ်‌ချောင်းနှင့် သဘာဝပတ်ဝန်းကျင်အ‌ရေးများတွင် လှုပ်ရှား‌ဆောင်ရွက်‌နေသူ ‌စောသာဘိုးက “ပွင့်လင်း မြင်သာမှု ရှိရမယ်။ မိခင်အဖွဲ့အစည်းအ‌နေနဲ့လည်း ‌ငွေစီးဆင်းမှုကို ‌သေချာလုပ်ဖို့ လိုမယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ အချို့‌ကျောက်မီး‌သွေး ‌တွေဆို အန္တရာယ်များတဲ့အတွက် မလုပ်သင့်ဘူး။ ‌ဒေသခံ‌တွေကို ‌သေချာ‌မေးရမယ်။ သူတို့ ခွင့်မပြုရင် မလုပ်သင့်ဘူး”ဟု ‌ထောက်ပြ‌ပြောဆိုသည်။

သတ္တုတူး‌ဖော်မှုကိစ္စနှင့်ပတ်သက်ပြီး လူထုနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်‌စေဘဲ လူထုအား ပြန်လည်အကျိုးပြုရမည့် အ‌ခြေခံမူများဖြင့် စည်းကမ်းချက်များ၊ ဥပ‌ဒေများ ထုတ်ပြန်ထားရှိပြီးသားဖြစ်‌ကြောင်း KNU ဘက်ကလည်း ‌ပြောဆိုထားသည်။