Home သတင်း ရှမ်းပြည်နယ် JMC-S အဖွဲ့ ပြဋ္ဌာန်းထားသည့်မူအတိုင်း လုပ်‌ဆောင်မှု အားနည်းဟု ဆို

ရှမ်းပြည်နယ် JMC-S အဖွဲ့ ပြဋ္ဌာန်းထားသည့်မူအတိုင်း လုပ်‌ဆောင်မှု အားနည်းဟု ဆို

1476

စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ရှမ်းပြည်နယ်တွင် ဖွဲ့စည်းထားသည့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC -S သည် ပြဋ္ဌာန်းထားသည့်မူအတိုင်း လိုက်နာ‌ဆောင်ရွက်မှု အားနည်း‌နေ‌ကြောင်း ရှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ ရှမ်းပြည်တပ်မ‌တော် RCSS/SSA ၏ ‌ကျောက်မဲမြို့နယ် လူမှုဆက်ဆံ‌ရေးရုံးတာဝန်ခံ နန်းမိုးမိုး‌စောက စက်တင်ဘာလ ၁၄ရက် ‌နေ့က ‌ပြောသည်။

သူမက “မူအရ ‌ပြောရမယ်ဆိုရင်‌ပေါ့‌နော်။ JMC-S ရှိလာတာ အရမ်း‌ကောင်းတယ်‌ပေါ့။ တကယ်တမ်းက အဲဒီမူအတိုင်း မသွား ဘူး ဖြစ်‌နေတယ်။ ပြဋ္ဌာန်းထားတဲ့အတိုင်း မလုပ်တာက မ‌ဖော်တာ‌လေ။ JMC ကို စာတိုင်မယ်ဆိုရင် တိုင်ကြားလာတဲ့ စာက‌နေ ပြီး‌တော့မှ JMC မှာ ပါတဲ့လူ‌တွေက တိုင်ပင်ပြီးမှ တစ်ဖက်အဖွဲ့အစည်းကို စာပို့ရမယ်။ တပ်အ‌နေနဲ့ စာပို့လို့မရဘူး။ ဒါ‌ပေမယ့် အဲဒီအလုပ်လုပ်တဲ့ အ‌နေအထား‌တွေက ကွာတယ်။”ဟု ‌ပြောသည်။

ရှမ်းပြည်နယ် JMC-S ကို ယခုနှစ် ဇန်နဝါရီလ ၉ရက်‌နေ့က ရှမ်းပြည်နယ် ခိုလန်တွင် တပ်မ‌တော် အ‌ရှေ့အလယ်ပိုင်းတိုင်းနှင့် RCSS တို့ကြားတွင် ဖွဲ့စည်းခဲ့ပြီး ‌ကော်မတီဥက္ကဋ္ဌအဖြစ် အ‌ရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်း‌အောင်မြ ဖြစ်သည်။ လက်ရှိတွင် JMC-S ဥက္ကဌဖြစ်သူ ‌ပေးပို့သည့်စာသည် တိုင်းမှူးက RCSS အဖွဲ့ကို တိုက် ရိုက်‌ပေးပို့သည့် စာမျိုးဖြစ်‌နေသည်ဟု နန်းမိုးမိုး‌စောက ‌ပြောသည်။

“အခုဟာက ကျမတို့ဆီကို ခပ်များများ ပို့လာတဲ့စာ‌တွေဟာ တိုင်းမှူးက RCSS ကို စာပို့တဲ့ ပုံစံမျိုးဖြစ်‌နေတယ်။ ဒါ‌ပေမယ့် သုံး ထားတဲ့ စာအသုံးအနှုန်း‌တွေက JMC-S ဥက္ကဋ္ဌ အ‌နေနဲ့ သုံးထားတယ်။ အမှန်က JMC-S ထဲက နှစ်‌ယောက်၊ သုံး‌ယောက် သိရ မယ်။ ဒုဥက္ကဋ္ဌက ကျမတို့ RCSS က ဖြစ်တယ်။ ဒါ‌ပေမယ့် ကျမတို့က တစ်ခါမှ အတိုင်ပင်ခံရတာမရှိဘဲနဲ့ စာပဲ အပို့ခံရတယ်။”ဟု နန်းမိုးမိုး‌စောက ထပ်မံ ‌ပြောဆိုသည်။

‌ကျောက်မဲမြို့နယ် RCSS/SSA လူမှုဆက်ဆံ‌ရေးရုံးတာဝန်ခံက ယင်းသို့ ‌ပြောဆိုခဲ့‌သော်လည်း JMC အစည်းအ‌ဝေးများတွင် တရားဝင် တင်ပြလာခြင်း မရှိ‌ကြောင်း ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မ တီ JMC-U ‌ပြောခွင့်ရသူ ခရစ်ယာန်ဘုန်း‌တော်ကြီး ဆရာ‌တော်မက်သရူး‌အေးက ‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ်တုန်းက RCSS အဖွဲ့နဲ့ ‌တွေ့‌သေးတယ်။ သူတို့ ဘာမှလည်း မ‌ပြောဘူး‌ကော။ အဓိကက‌တော့ RCSS အဖွဲ့ အတွက် ဖွဲ့‌ပေးတာပဲ‌လေ။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ( စက်တင်ဘာလ ၁၉ရက်)က ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) စာချုပ် ၏ အခန်း ၃ (ဂ) အရ တိုင်းပြည်ကာကွယ်‌ရေးဖြစ် ‌စေ၊ ပြည်ပရန်ကာကွယ်‌ရေးအတွက် ဖြစ်‌စေ၊ လိုအပ်ပါက အပစ်ရပ်နယ်‌မြေတွင်း ‌ဖော်ပြပါ စစ်‌ရေးပြင်ဆင်မှုများကို နှစ်ဖက်ညှိ နှိုင်း၍ ပြုလုပ်သွားရန်နှင့် အခန်း(၃ – ဈ)အရ အပစ်ရပ်နယ်‌မြေအတွင်း တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များကို ညှိနှိုင်းသွားရန် ‌ဖော်ပြထားသည်။

NCA ကို လက်မှတ်‌ရေးထိုးထား‌သော လက်နက်ကိုင်အဖွဲ့များက NCA ပါ အချက်များကို လိုက်နာရန် ပြည်‌ထောင်စုအဆင့်၊ ပြည် နယ်အဆင့်၊ ‌ဒေသန္တရအဆင့်ဟူ၍ (JMC)ကို အဆင့်ဆင့်ကိုဖွဲ့စည်းပြီး ‌စောင့်ကြည့်ထိန်း‌ကျောင်းသွားရန် လုပ်‌ဆောင်ကြမည်ဟု သိရသည်။

လက်ရှိ ရှမ်း၊ ချင်း၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးများတွင် ၂၀၁၆ခုနှစ်ဆန်းပိုင်းမှစ၍ လက်ရှိအချိန် JMC-S ကို အသီးသီး ဖွဲ့စည်းထားပြီဖြစ်‌သော်လည်း အ‌ကောင်အထည်‌ဖော်‌ဆောင်မှုအပိုင်းတွင် အားနည်းချက်ရှိ‌နေဆဲဖြစ်သည်ဟု ‌ဝေဖန်မှုများ ရှိ‌နေသည်။