Home သတင်း ကမ္ဘာ့‌ဆေးလိပ်မ‌သောက်‌ရေး‌နေ့ အခမ်းအနားသို့ အရပ်သား၊‌ကျောင်းသားများပါ တက်‌ရောက်ခဲ့

ကမ္ဘာ့‌ဆေးလိပ်မ‌သောက်‌ရေး‌နေ့ အခမ်းအနားသို့ အရပ်သား၊‌ကျောင်းသားများပါ တက်‌ရောက်ခဲ့

1937
ဇွန် ၂ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

‌မေလ ၃၁ရက်‌နေ့က ကျ‌ရောက်သည့် ကမ္ဘာ့‌ဆေးလိပ်မ‌သောက်‌ရေး‌နေ ့အခမ်းအနားကို ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန က ဦး‌ဆောင်၍ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်‌တော် ဒုဥက္က ဋ္ဌနှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့်အတူ အရပ်သား၊ ‌ကျောင်းသားပါ တက်‌ရောက်ခဲ့ကြသည်။

လူပရိဿတ်‌ပေါင်း ၄၅ဝဦးခန် ့တက်‌ရောက်သည့် အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က “‌ဆေးလိပ် နဲ့ ‌ဆေးရွက်ကြီးရဲ့ ဆိုးကျိုး‌တွေကိုသိလျက်နဲ့ ကိုယ့်ပတ်ဝန်းကျင်က ဒီဆိုးကျိုး‌တွေ မသိတဲ့သူ‌တွေကို သိ‌အောင်‌ပြောမပြခြင်းက တစ်ကိုယ်‌ကောင်းဆန်ရာ ‌ရောက်ပါတယ်။ ဒါ‌ကြောင့် ပြည်နယ်တွင်းမှာရှိတဲ့ ဌာနဆိုင်ရာနဲ့ အရပ်ဖက်အဖွဲ့အစည်း‌တွေ၊ ‌ဆေးလိပ် နှင့် ‌ဆေးရွက်ကြီး အန္တရာယ်မှကင်း‌ဝေး‌အောင် နိုင်ငံ‌တော်က ပြဋ္ဌာန်းထားတဲ့ ဥပ‌ဒေ၊ အမိန့်‌ကြော်ငြာစာ‌တွေ အ‌လေးအနက်ထား လိုက်နာကြပါ။ အထူးသဖြင့် ပြည်သူများက ‌ဆေးလိပ်နဲ့ ‌ဆေးရွက်ကြီး အန္တရာယ် ကင်းစင်‌အောင် ကူညီ‌ဆောင်ရွက်‌ပေး‌စေလိုပါ တယ်”ဟု အမှာစကား ‌ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ် စစ်တမ်းများအရ ကမ္ဘာ‌ပေါ်တွင် အသက် ၂၅နှစ်မှ ၆၄နှစ်အတွင်း အမျိုးသား ၇၉.၈ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၉.၁ ရာခိုင်နှုန်းခန့်မှာ ‌ဆေးလိပ်နှင့် ‌ဆေးရွက်ကြီး သုံးစွဲသူများဖြစ်‌ကြောင်း ‌တွေ့ရှိရပြီး နှစ်စဉ် ကမာ္ဘ‌ပေါ်တွင် ‌ဆေးလိပ်‌ကြောင့် လူဦး ‌ရေ ၆သန်းခန့် ‌သေဆုံးလျက်ရှိရာ ၎င်းတို့အနက် လူဦး‌ရေ ၆သိန်း‌ကျော်မှာ ‌ဆေးလိပ်‌ငွေ့ကိုရှုရှိုက်မိပြီး ‌ရောဂါဖြစ်ပွားကာ ‌သေဆုံး သည်ကို ‌တွေ့ရ‌ကြောင်း ပြည်နယ်၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ‌ဒေါက်တာထွန်းမင်းက ‌ပြောသည်။

ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်မှ မြို့ခံ ‌စော‌မောင်‌အေးက “ကျ‌နော် ငယ်ငယ်ကတည်းက ‌ဆေးလိပ်နဲ ့ကွမ်းစားလာတာ။ ‌တောမှာ တုန်းက‌တော့ ဘာမှမသိဘူး။ အခု မြို့‌ပြောင်းလာ‌တော့ နိုင်ငံခြားက ‌ဆေးရွက်ကြီး‌တွေ ‌ဆေး‌မွှေးလို့‌ခေါ်တဲ့ ဓာတုပစ္စည်း‌တွေနဲ့ လုပ်ထားတဲ့ ကွမ်းစား‌ဆေး‌တွေနဲ့ စားကြပြီး ကင်ဆာ‌ရောဂါဖြစ်၊ လူ‌တွေ‌သေတာ ‌တွေ့ရသိရ‌တော့ ကွမ်းကို ဆက်မစားရဲ‌တော့ ဘူး။ ‌ဆေးလိပ်လည်း မ‌သောက်ရဲ‌တော့ဘူး”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့က ‌ဆေးလိပ်နှင့် ‌ဆေးရွက်ကြီးထွက် ပစ္စည်းများ ‌သောက်သုံးမှု ထိန်းချုပ်‌ရေး အပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်း(WHO- FCTC) ကို ၂၀၀၃ခုနှစ်၊ ‌မေလတွင်ကျင်းပသည့် ကမာ္ဘ့ကျန်းမာ‌ရေးအဖွဲ့(WHO)ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများ အားလုံး အတည်ပြုခဲ့ကြသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည်လည်း WHO ၏ အဖွဲ့ဝင်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံ‌ပေါင်း ၁၈ဝဖြင့် ပါဝင်လှုပ်ရှား‌ဆောင်ရွက်‌နေ‌ကြောင်း သိရသည်။