Home လူငယ့်အသံ လူငယ့်အမြင် “လူငယ်‌တွေအ‌နေနဲ ့ အင်တာနက်သုံးချိန်‌လျှော့ပြီး စာများများဖတ်ပါ”

“လူငယ်‌တွေအ‌နေနဲ ့ အင်တာနက်သုံးချိန်‌လျှော့ပြီး စာများများဖတ်ပါ”

1633

(လူငယ့်အသံ)

ဇွန် ၂၃ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ
ကရင်လူငယ်များအ‌နေနဲ့ အင်တာနက်သုံးချိန်ကို ‌လျှော့ပြီး စာများများဖတ်ပါ။ ပရဟိတ လုပ်ငန်း‌တွေမှာလည်း တက်ကြွစွာ ပါဝင်ပါလို့ တိုက်တွန်း‌ပြောဆိုလာသူက‌တော့ ရန်ကုန်တိုင်း‌ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ရွာ မန်းကလိပ် ပညာဒါန‌ကျောင်းမှာ ကိုးတန်း၊ ဆယ်တန်း‌ကျောင်းသူ‌ကျောင်းသား‌တွေကို စာသင်‌ပေး‌နေတဲ့ အသက် ၂၃ နှစ်အရွယ် ဆရာ စ‌အောင်မျိုးခန့် ဖြစ်ပါတယ်။

သူဟာ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ရွာ ဇာတိဖြစ်ပြီး မိဘများက‌တော့ မန်း‌ကျော်လွင်နဲ့ ဂါ့တင်ဝင်းတို့ရဲ့ ဒုတိယ‌မြောက်သားတဦး ဖြစ်ပါတယ်။ ပညာ‌ရေးနဲ့ ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှာ ဆယ်တန်း‌အောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ‌တော့ မြန်မာစာနဲ့ သူ ဘွဲ့ရရှိခဲ့ပါတယ်။

သူ့ရဲ့ မိဘ‌တွေက ‌ငွေ‌ကြေးမပြည့်စုံတဲ့အတွက် သူဟာ ကွမ်းခြံကုန်းမြို့‌ပေါ်မှာရှိတဲ့ ‌ဇေယျသိန်းဘုန်းကြီး ‌ကျောင်းမှာ ဘုန်းကြီး‌ကျောင်းသားအဖြစ် ‌နေထိုင်ရင်း ကွမ်းခြံကုန်း အထက(၁)တွင် ပညာသင်ယူခဲ့ပြီး တဖက် တလမ်းက သီရိ‌ဇေယျာ‌ကျောင်းတိုက်က ဖွင့်လှစ်တဲ့ သစ်ကုန်းပညာဒါန‌ကျောင်းမှာ ညအချိန် ကျူရှင်သ‌ဘော တက်ခဲ့ရပါတယ်။ အဲလို ‌ကျောင်းပညာကို ကြိုးစားရုန်းကန်ရင်း ဆယ်တန်းကို နှစ်ချင်း‌ပေါက် ‌အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဆယ်တန်း‌အောင်စဉ်က ပညာ‌ရေး‌ကောလိပ် တက်‌ရောက်ဖို့ အရည်အချင်းပြည့်မှီ‌ပေမဲ့ အဆက်အသွယ်နည်း ခဲ့လို့ မတက်ခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါ‌ကြောင့် သူဆယ်တန်း‌အောင်တဲ့ ၂၀၀၉ ခုနှစ်မှာပဲ သူဇာတိရွာမှာရှိတဲ့ မိန်းကလိပ် ပညာဒါန‌ကျောင်းမှာ ပရဟိတလုပ်ငန်းကို ဝိုင်းကူခဲ့ပါတယ်။ လက်ရှိမှာ‌တော့ သချင်္ာ၊ ‌ဘောဂ‌ဗေဒနဲ့ မြန်မာစာ‌တွေကို ဝိုင်းကူသင်ရင်း တဖက်ကလည်း ‌ကျောင်းအုပ်ချုပ်‌ရေးလုပ်ငန်း‌တွေကို လုပ်ကိုင်‌ပေး‌နေပါ‌သေးတယ်။ စားဝတ်‌နေ‌ရေးအတွက် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးမှာလည်း စာ‌ရေးအဖြစ် ဝင်လုပ်‌နေတယ်လို့ သူက ‌ပြောပါတယ်။

လတ်တ‌လော သူလုပ်‌နေတဲ့ ‌ကျောင်းအုပ်ချုပ်‌ရေးအပိုင်းမှာ ကြုံ‌တွေ့‌နေရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး သူရှင်းပြတာက “ကျ‌နော်တို့ ကြုံရတဲ့ အခက်အခဲက‌တော့ ‌ကျောင်းသားမိဘ‌တွေက တခါတခါ နားလည်မှု လွဲတာ‌တွေ ရှိတယ်။ ကျ‌နော်တို့‌ကျောင်းက ပညာဒါန‌ကျောင်း ဖြစ်တဲ့အတွက် ပညာ‌ရေးကိုပဲ ဒါနအဖြစ် လုပ်တာ။ ကျန်တဲ့ ‌ကျောင်းမီးစက်ဆီဖိုးတို့ အ‌ဝေးက လာသင်တဲ့ ဆရာ‌တွေအတွက် ခရီးစရိတ်တို့အတွက် ‌ကျောင်းသား‌တွေကို တစ်လ ၁၅,၀၀ဝ ကျပ်‌ကောက်တာကို မိဘ‌တွေနားမလည်တာ‌တွေရှိလို့ ရှင်းပြရပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ‌ကျေးလက်‌ဒေသ‌တွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်‌တွေသုံးလို့ ရလာ‌တော့ လူငယ်‌တွေအ‌နေနဲ့ အင်တာနက်သုံးစွဲတဲ့အခါ ‌ကောင်းကျိုးဆိုးကျိုး‌တွေကို မိဘ‌တွေကလည်း ‌သေ‌သေချာချာ မ‌ပြောပြနိုင်လို့ အများစုက အဆိုးဘက်က‌နေ သုံး‌နေတာများတာကို ‌တွေ့‌နေရတယ်။ အဲလို ဖုန်းအင်တာနက်သုံးကြလို့ စာမရတာ‌တွေ၊ ဦးတည်လွဲတာ‌တွေ များလာတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကိုးတန်း၊ ဆယ်တန်း‌တွေကို ဖုန်းအင်တာနက် သုံးတာကို အားမ‌ပေးဘူးလို့ သူက ‌ပြောပါတယ်။

လူငယ်‌တွေအ‌နေနဲ့ အင်တာနက်သုံးကြမယ်ဆိုရင် အ‌ကောင်းဘက်ကို ဦးတည်သုံးဖို့၊ သုံးတဲ့ ‌နေရာမှာလည်း မလိုအပ်ဘဲ အချိန်အ‌တော်ကြာသုံးတာ‌တွေ ‌လျှော့ပြီး စာများများဖတ်‌စေချင်တယ်။ တဆက်တည်းမှာပဲ လူမှုပရဟိတလုပ်ငန်း‌တွေမှာ ပိုအချိန်‌ပေးဖို့ လူငယ်‌တွေကို သူအ‌နေနဲ့ တိုက်တွန်းတယ်လို့ ‌ပြောဆိုသွားခဲ့ပါတယ်။