Home သတင်း ကရင်ပြည်နယ် လိုင်စင်မဲ့ယာဉ် အ‌ရေးယူနိုင်‌ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြမည်

ကရင်ပြည်နယ် လိုင်စင်မဲ့ယာဉ် အ‌ရေးယူနိုင်‌ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြမည်

2163

ဇွန် ၂၃ ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်ရှိ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးအ‌ရေးယူနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လာမည့် ဇူလိုင်လ အတွင်း စီမံချက်များ‌ရေးဆွဲတင်ပြပြီး လမ်းညွန်ချက်များအတိုင်း ခံယူကာ အ‌ရေးယူမှုများ ပြုလုပ်သွားမည်ဟု ကရင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး/သစ်‌တော/သတ္တုနှင့် လမ်းပန်းဆက်သွယ်‌ရေးဌာန ဝန်ကြီး ဦး‌စောပြည်သာက ဇွန် ၂၁ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နေပြည်‌တော် ပို့‌ဆောင်‌ရေးဝန်ကြီးရုံးမှ ပြည်နယ်နှင့် တိုင်း‌ဒေသကြီများရှိ လိုင်စင်မဲ့ယာဉ်များကို အ‌ရေးယူ ‌ဆောင်ရွက်ရန် ၂၀၁၆ ဇွန် ၉ရက်‌နေ့က ညွှန်ကြားချက်စာ ထွက်ရှိလာပြီး‌နောက် ပြည်နယ်ဝန်ကြီး ဦး‌စောပြည်သာသည် ဝန်ကြီးချုပ်ထံသို့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသွားမည့် စီမံချက်နှင့်ပတ်သက်၍ တင်ပြသွားမည့်အ‌ကြောင်းကို ယခုလို ‌ပြောဆိုလာခြင်းဖြစ်သည်။

“ကျ‌နော်တို့အ‌နေနဲ့ ကညန(ကုန်းလမ်းပို့‌ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန)တို့၊ အခြားဌာနဆိုင်ရာတို့နဲ့ ညှိနှိုင်း မယ်။ ပြီးရင် စီမံချက်‌တွေ ‌ရေးဆွဲပြီး ပြည်နယ်ဝန်ကြီးချုပ်ဆီ တင်ပြမယ်။ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်များ အတိုင်း ဆက်လုပ်သွားမယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ် အသုံးပြုခြင်းအ‌ပေါ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုများကို အသိပညာ‌ပေးပြီးမှသာ ဖမ်းဆီးအ‌ရေးယူများကို ဆက်လုပ်ပြီး ပြည်‌ထောင်စုအစိုးရမှ ယခုကိစ္စကို ဆု‌ပေးဒဏ်‌ပေးစနစ်ဖြင့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်‌ဆောင်သွားမည်ဖြစ်ဟုလည်း ကရင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး/သစ်‌တော/သတ္တုနှင့် လမ်းပန်းဆက်သွယ်‌ရေးဌာနက ဆိုသည်။

‌နေပြည်‌တော် ပို့‌ဆောင်‌ရေးဝန်ကြီးရုံးမှ ပြည်နယ်နှင့် တိုင်း‌ဒေသကြီများရှိ လိုင်စင်မဲ့ယာဉ်များကို အ‌ရေးယူ ‌ဆောင်ရွက်ရန် ညွှန်ကြားချက်စာ ထွက်ရှိလာပြီး‌နောက် လိုင်စင်မဲ့ယာဉ် ဖမ်းဆီး‌ဆောင်ရွက်‌နေမှုများကို ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တ‌လေးတိုင်း၊ ပဲခူးတိုင်းတို့တွင် ဖမ်းဆီးအ‌ရေးယူမှုများ ရှိ‌ကြောင်း သိရသည်။

ဖားအံမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦး‌ကျော်ကြီးက “လိုင်စင်မဲ့ယာဉ်‌တွေ ဖမ်းတာ နိုင်ငံ‌တော်က ဥပ‌ဒေအတိုင်း ‌ဆောင်ရွက်တာပဲ‌လေ။ လိုင်စင်မဲ့‌တွေ တန်ဖိုးနည်း အခွန်အခ ‌ဆောင်ခိုင်းပြီး စီးနှင်ခွင့်‌ပေးမယ်ဆိုရင် ပြည်သူ လူထုက‌တော့ အဆင်‌ပြေကြမှာ‌ပေါ့။ အခု လူထုကားကျ‌တော့ ဖမ်းတယ်။ လက်နက်ကိုင်အဖွဲ့‌တွေ၊ ဌာနဆိုင်ရာ ‌တွေနဲ့ ပတ်သက်သူ‌တွေကျ‌တော့ လွတ်လပ်စွာ စီး‌နေတယ်။ ဥပ‌ဒေက တန်းတူမဖြစ်ဘူး။ လူထုအ‌နေနဲ့ ကြားက ‌မြေဇာပင်ပဲ ဖြစ်ဖြစ်‌နေ‌တော့ ‌ထောက်ပြစရာ‌တွေ ဖြစ်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ အမျိုးသားလွှတ်‌တော် အမှတ် ၅ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ကရင် ပြည်နယ်အတွင်း တရားမဝင်‌မော်‌တော်ယာဉ်များကို သင့်‌တော်သည့် နည်းလမ်းဖြင့် တရားဝင်လိုင်စင်ရရှိ‌အောင် ‌ဆောင်ရွက်‌ပေးရန် ရှိမရှိနှင့်ပတ်သက်၍ ‌မေလ ၂၇ရက်‌နေ့၌ အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေးတွင် တင်ပြခဲ့သည်။ ယင်း‌နောက် ‌နေပြည်‌တော် ပို့‌ဆောင်‌ရေးဝန်ကြီးရုံးမှ ပြည်နယ်နှင့် တိုင်း‌ဒေသကြီများရှိ လိုင်စင်မဲ့ယာဉ်များကို အ‌ရေးယူ ‌ဆောင်ရွက်ရန် ယခုလို ညွှန်ကြားချက်စာ ထွက်‌ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခင် အစိုးရ‌ဟောင်းလက်ထက် ၂၀၁၆ ဇန်နဝါရီလကတည်းက ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်များ စစ်‌ဆေးဖမ်းဆီးသည့် အမိန့်ထုတ်ပြန်ခဲ့သည်မှာ ယခုထိ ပြန်လည်ရုပ်သိမ်းခြင်းမရှိ‌သေးသလို ဖမ်းဆီးမှု ကာလအတွင်း ယာဉ်အစီး‌ရေ ၁၀ဝ ‌ကျော် အ‌ရေးယူခံရမူများ ရှိခဲ့‌ကြောင်း သိရသည်။